Main menu

Background

ဟိုပုံးဈေးကွက် ယခုတစ်ပတ် ချင်းအဝင်နည်း

Sun, 09/09/2012 - 05:58 -- Anonymous (not verified)

ဟိုပုံးဈေးကွက်မှာတော့ ချင်း(ဥမ)တွေ ဒီတစ်ပတ်မှာ အဝင်မရှိသလောက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကဝင်တဲ့ ချင်းတွေကိုသာ ရောင်းနေရ တယ်လို့ လည်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ ချင်း(ဥမ) တွေကို ပွဲရုံတွေက အရည်အသွေးပေါ်လိုက်ပြီး၊ ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၇၀ ကျပ်မှ ၁၃၀ ကျပ်ထိပေးပြီး လိုက်ဝယ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ချင်း(ဥမ)အကြီး (အလှ)တွေကို တစ်ပိဿာ ၁၇၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ ကုန်သလောက်ဖြစ်နေပြီး၊ တစ်ပိဿာ ကို ၁၄၀၀ ကျပ်ဈေးပေါက်ပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ ချင်း(ဥမ)က ပုံမှန်အဝင်ရှိနေတယ်။ ရာသီ ဥတုကြောင့် ခပ်မှန်မှန်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ချင်း(ဥမ)က တစ်ပိဿာ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၄၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်