Main menu

Background

စားနပ်ရိက္ခာ ဖူလုံမှုနှင့် ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှု

Sun, 09/09/2012 - 07:16 -- Anonymous (not verified)

မေခရိုပေါ်လစီ၏ မိုက်ခရိုသက်ရောက်မှု
ယနေ့ကာလကုန်သွယ်မှုဆိုင်ရာအပြောင်းအလဲများသည် လွတ် လပ်မှုကို အခြေခံသော အနေအထား တစ် ရပ်ဆီသို့သာ ဦးတည် လျက်ရှိသည်။ ပြည်တွင်းကုန်သွယ်ရေး ပေါ်လစီများ ပြုပြင်ရေးဆွဲရာ တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့်ကို ရရှိရေးအတွက် အခြေခံ လျက် ရေးဆွဲကြရသကဲ့သို့ နိုင်ငံတကာ ကုန်သွယ်ရေး ပေါ်လစီများ တွင် လည်း ကုန်သွယ်ဖက်နိုင်ငံများ၏ မည်မျှအထိ ပြင်ပကမ္ဘာသို့ တံခါး ဖွင့်လှစ် လွတ်လပ်ခွင့်ပေးထားသည် ကို လေ့လာချိန်ဆ ရေးဆွဲကြရ သည်။ ဒေသတွင်းတွင်လည်း ဖွဲ့စည်းထားပြီးဖြစ်သည့် လွတ်လပ် သော ကုန်သွယ်မှုအုပ်စုများတွင် ဝင်ရောက်ခြင်း၊ သဘောတူညီမှုများ ရယူကာစီစဉ် ဆောင်ရွက်ခြင်းများ လည်း ရှိကြသည်။ မူလအနေ အထားမှ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည့် အခြေအနေ တစ်ရပ် ရရှိရေး၊ ကုန်သွယ်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အထောက်အကူများ ရရှိလာစေရေး တို့အတွက် အားထုတ်နေကြ ခြင်းဖြစ်သည်။ ရလဒ်ကောင်းများမျှော်လင့်၍ ထိုသို့အားထုတ်နေစဉ် မှာပင် လွတ်လပ်သော ကုန်သွယ်မှု၏ ကောင်းကျိုးဆိုးကျိုးများကို အသေးစိတ် လေ့လာကြရ၏။ ကုန်သွယ်ရေးလွတ်လပ် မှုကြောင့် ဖြစ် ပေါ်လာသော အကျိုးဆက်များစွာရှိသည့်အနက် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ အခြေခံ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံမှုအပေါ် မည်သို့မည်ပုံ သက်ရောက်လာနိုင်သည်ကို လည်း သတိပြုလာကြရသည်။ နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှု ပေါ်လစီတစ်ရပ်သည် ပြည်တွင်း စားနပ် ရိက္ခာရရှိနိုင်မှုသာမက ကုန်သွယ်ဖက်နိုင်ငံများ၏ စားနပ် ရိက္ခာရရှိနိုင်မှုအပေါ်တွင်ပါ  လွှမ်းမိုးမှုများရှိသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလ ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမှုများသည် သက် ဆိုင်ရာ  နိုင်ငံကိုသာမက ကမ္ဘာ့အခြေအနေများကိုသာ  သက် ရောက်မှုများ ရှိလာသည်။ ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့၏ အဆက်အစပ်နှင့် ပတ်သက်၍ ကမ္ဘာ့ ကုန်သွယ်ရေး ဆွေးနွေးပွဲ(ဒိုဟာ)မှာပင် အခြေအတင် ဆွေးနွေး စဉ်းစားကြရသည့် အခြေအနေဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် သက်ရောက်မှုနယ်ကို ရိပ်မိနိုင်သည်။ ကုန်သွယ်မှုပြုပြင်ပြောင်းလဲမှု များကြောင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်မှုအပေါ် သက်ရောက်၏။အစိုးရ ၏ ဝင်ငွေ၊ အသုံးစရိတ်ဆက်စပ်မှုများမှတစ်ဆင့် ပြည်တွင်းရိက္ခာဖူလုံ ရေးနှင့် ပတ်သက်လာ၏။ ကျေးလက်နှင့် မြို့ပြလုပ်သားများကြား ဝင်ငွေ၊ အဆင့်၊ အလုပ် အကိုင်ရရှိမှုတို့ကို တိုက်ရိုက်သက်ရောက်မှုရှိ လာသည်။ ထို့ကြောင့် မေခရို အဆင့်ကုန်သွယ်မှုပေါ်လစီများသည် တစ်ဆင့်ပြီးတစ်ဆင့် အကျိုးဆက်များ ဖြစ်ပေါ် လာပြီး နောက်ဆုံး အိမ်ထောင်စုတစ်စုချင်း လူတစ်ယောက်ချင်း၏ ဝင်ငွေရရှိမှုအပေါ် သွယ်ဝိုက်သောအားဖြင့် လည်းကောင်း၊ နေ့စဉ်စားနပ်ရိက္ခာ ဝယ်ယူ သုံးစွဲမှုအပေါ် တိုက်ရိုက်သောအားဖြင့် လည်းကောင်း သက်ရောက်မှု များရှိလာသည်။
 
ကုန်သွယ်ရေးလွတ်လပ်မှုနှင့်စားနပ် ရိက္ခာဖူလုံမှု ကုန်သွယ်ရေးလွတ်လပ်မှုသည် ကုန်သွယ်ရောင်းဝယ်နေသော ကုန်ပစ္စည်းများ၊ ကုန်သွယ်မှုမပြုဘဲ ပြည်တွင်းမှာပင် စားသုံးနေသော ကုန်စည်များ၏ ဈေးနှုန်းများအားလုံးကို ပြောင်း လဲမှုများဖြစ်ပေါ်စေ သည်။ ထိုဈေးနှုန်းများပြောင်းလဲမှုကြောင့် ပြည်တွင်းရှိ သယံဇာတ များ ခွဲဝေသုံးစွဲမှု၊ သုံးစွဲပုံအပြောင်းအလဲများ ဖြစ်လာသည်။ထိုမှ တစ်ဆင့် ကုန်ထုတ်လုပ်မှု အဆင့်ကိုပါ အကျိုးဆက်သက်ရောက် မှု ဖြစ်သွားသည်။ ကုန်ထုတ်လုပ် အခြေအနေအပေါ် သက်ရောက်မှု သည် လုပ်သားတို့၏ ဝင်ငွေအဆင့် အတက်အကျများ ဖြစ်ပေါ်လာ ပြီး နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုအဆင့်နှင့် စားနပ်ရိက္ခာဖူလုံမှုအခြေ အနေကို ပါ ပြောင်းလဲမှုများ ဖြစ်ပေါ်လာတတ်သည်။ အကယ်၍ ဝင်ငွေရရှိမှု အဆင့်မြင့်မားလာပါက ဆင်းရဲမွဲတေမှုအဆင့် ကျဆင်း သွားနိုင်၏။ဝင်ငွေနိမ့် ဆင်းရဲသူ၊ ဆင်းရဲသားများ၏ စားနပ် ရိက္ခာရရှိမှု တိုးတက်မြင့်မားလာ၍ စားနပ်ရိက္ခာဖူလုံမှု အခြေအနေမူလထက် တိုးတက်မှုများ ရှိလာနိုင်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးပေါ်လစီများ ပြောင်းလဲမှုနှင့်အတူ ကုန်ထုတ်လုပ်မှုကဏ္ဍ အခြေအနေများကို ပြင်ဆင်ပြောင်းလဲရန်လိုသည်။ ကုန်သွယ်ရေးပေါ်လစီများ လွတ်လပ်မှုကို ဦးတည်နေစဉ် လွတ်လပ်သော ကုန်သွယ်မှု အုပ်စုများနှင့် သင့်လျော်မည့် ကုန်သွယ်မှု ပေါ်လစီများ ကျင့်သုံးနေစဉ် နိုင်ငံ၏ အဓိကထုတ်လုပ်မှုကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကို နေရာ တကာ ပြုပြင်စီစဉ်ထားမှုများ မရှိသေးပါက ကုန်သွယ်မှု ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးကျေးဇူးများကို ကောင်းစွာ ခံစား ရမည်မဟုတ်ေ ပ။ ဈေးကွက်ဝေစုတိုးချဲ့ရရှိရန် ခက်ခဲခြင်း၊ ရရှိပြီးသော ဈေးကွက်ဝေစု ကျဆင်းလာခြင်း၊ ရေရှည်တွင် ပြည်တွင်း စိုက်ပျိုး ရေး အခြေခံသော စက်မှုလုပ်ငန်းများ ထိခိုက်ပျက်စီးလာခြင်းများ ဖြစ်ပေါ်လာကာ ပြည်တွင်း ရိက္ခာသုံးစွဲမှု အဆင့်ကျဆင်းကာ၊ စားနပ် ရိက္ခာဖူလုံမှုကို ထိပါးလာနိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှု ရရှိစေရန်ချမှတ်ထားသော မဟာဗျူဟာ သည် ကုန်သွယ်ရေးမူဝါဒများနှင့် အဆက်အစပ် ရှိရမည်ဖြစ်သည်။လွတ်လပ်သော ကုန်သွယ်ရေးမူဝါဒများနှင့် သင့်လျော်ရန်လိုသည်။
ပေါ်လစီရွေးချယ်မှု နိုင်ငံခြားဝင်ငွေရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ကုန် သွယ်မှုမှ အထောက်အကူပြုစေရေးအတွက် ကုန်သွယ်ရေးပေါ်လစီ များ ပြင်ဆင်ရေးဆွဲရာတွင် နိုင်ငံ၏ အဓိကထုတ်ကုန် ကုန်သွယ်မှု တွင် အဓိကအားထားနေရသည့် ပို့ကုန်အမျိုးအစားများကို ထည့်သွင်း စဉ်းစားရန်လိုလာသည်။ အခြေခံလိုအပ်ချက်ဖြစ် သည့် စားနပ်ရိက္ခာ ကုန်စည်မျိုးများကို တင်ပို့ရောင်းချနေသော ဖွံ့ဖြိုးဆဲတိုင်းပြည် တစ်ပြည် ဖြစ်ပါက ပြည်တွင်း စားသုံးသူ ပမာဏကိုပါ ဂရုစိုက် လေ့ လာပြီးမှ ကုန်သွယ်မှုအတွက် စဉ်းစားသင့်သည်။ စားနပ်ရိက္ခာ ကုန် စည်မျိုးကို အဓိကထားထုတ်လုပ် တင်ပို့ရောင်းချမည် (သို့မဟုတ်) စက်မှုထုတ်ကုန်၊ လျှပ်စစ်ထုတ်ကုန်၊ အိုင်တီပစ္စည်း စသည့် နည်းပညာ မြင့် ကုန်ပစ္စည်းများကိုသာ တင်ပို့ရောင်းချမည်စသဖြင့် လမ်းကြောင်း ကို တိတိကျကျ ရွေးချယ်ရမည်။ လယ်ယာ၊ သားငါးကဏ္ဍမှ ထုတ် ကုန်များကိုသာ အဓိကထုတ်လုပ် တင်ပို့မည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့ပါ က စားနပ်ရိက္ခာဖူလုံမှု ပေါ်လစီနှင့် ကုန်သွယ်မှုပေါ်လစီ ဆက်စပ် စဉ်းစား ဆောင်ရွက်ရန် လိုသည်။ စက်မှုထုတ်ကုန်ကဲ့သို့ နည်းပညာ သုံး လူသုံးကုန်၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ကိုသာ အဓိက တင်ပို့ ရောင်းချမည်ဟု ဆုံးဖြတ်ခဲ့ပါက ပြည်တွင်းစားနပ်ရိက္ခာအတွက် ဝယ်ယူရေး၊ စုဆောင်းရေး၊ ပုံမှန်တင်ပို့ရောင်းချသည့်နိုင်ငံများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုရေးစသဖြင့် စားနပ်ရိက္ခာ မှီခိုရေး ပေါ်လစီနှင့် ကုန်သွယ်မှု ပေါ်လစီကို အမြဲတမ်းအတူယှဉ်တွဲ စဉ်းစား ဆောင်ရွက် ရန်ဖြစ်သည်။ယနေ့နိုင်ငံအတော်များများ သည် ပြည်တွင်း  စားနပ်ရိက္ခာအတွက် အပြည့်အ၀ မထုတ်လုပ်သည့်တိုင် အတိုင်း အတာ ပမာဏတစ်ခု အထိ ထုတ်လုပ်ရင်း အားသာချက်ရှိသည့် ကုန် ပစ္စည်းများကို ပို့ကုန်အတွက် ထုတ်လုပ်လျက်ရှိကြသည်။ ယနေ့ကမ္ဘာ သည် သဘာဝဘေးအန္တရာယ်များ ပိုမိုကျရောက် လာနေခြင်း၊ လူဦး ရေ ပိုမိုတိုးပွားလာခြင်းတို့ကြောင့် စားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် ပိုမိုအလေးထားလာကြသဖြင့် ကုန်သွယ်ရေးပေါ်လစီ အပြောင်းအလဲ များတွင် ပြည်တွင်းရိက္ခာဖူလုံမှုကို မထိခိုက်ရေး ပိုမိုဂရုပြု လာနေ ကြတော့သည်။