မန္တလေးမြို့တွင်း ခရီးသည်များ သယ် ယူပို့ဆောင်ရေးအတွက် အောက်တို ဘာလမှစပြီး တရုတ်နိုင်ငံထုတ် အဆင့် မြင့်သုံးဘီး Taxi ယာဉ်များနဲ့ ပြေးဆွဲ မှာဖြစ်ကြောင်း သိရပါတယ်။
ခြင်္သေ့ကားအသင်းဥက္ကဋ္ဌ ဦးတိုးက " မန္တလေးမြို့တွင်းမှာ သုံးဘီးကားအစီး ၃၀၀ Taxi ဆွဲခွင့်ပြုလိုက်ပြီ။ အောက် တိုဘာလဆို ပြေးဆွဲမယ်လို့သိရတယ်။ Taxi က အဲယားကွန်းပါမယ်။ ခရီးသည် တွေအတွက် ဆက်သွယ်ရေးအဆင် ပြေအောင် တယ်လီဖုန်းပါ တပ်ဆင် ပေးမယ်လို့ သိရပါတယ်။ ကတ်ချိုးတဲ့ စနစ်နဲ့ အသုံးပြုလို့ရမယ်။ မိုးသောက် နှင်းကုမ္ပဏီက ပြေးဆွဲမှာ။Taxi တွေက အဆင့်မြင့်မြင့်နဲ့ နေရာတိုင်းမှာရှိနေရင် မြို့တွင်းယာဉ်လိုင်းတွေလည်း ယာဉ် ပြောင်းလဲပြေးဆွဲမှ အဆင်ပြေနိုင်မယ်" လို့ ပြောပါတယ်။ မိုးသောက်နှင်းကုမ္ပဏီမှ ပြေးဆွဲမယ့် Taxi ယာဉ်များအား စပေါ်ငွေ ၈ သိန်း နဲ့ နေ့စဉ် ကျပ် ၅၀၀၀ နဲ့ ပြေးဆွဲနိုင် ကြောင်း ဖိတ်ခေါ်ထားတယ်လို့ သိရ ပါတယ်။ မန္တလေးမြို့တွင်းမှာ ယခုလက် ရှိ ဟိုင်းလတ်၊ ဒိုင်နာ၊ ဘတ်စ်ကားယာဉ် များနဲ့ ပြေးဆွဲလျက်ရှိရာ အချို့ယာဉ် လိုင်းများမှ Mini ဘတ်စ်ကားများနဲ့ ပြောင်းလဲပြေးဆွဲဖို့ စီစဉ်လျက်ရှိ ကြောင်း သိရပါတယ်။ ဇူးဇူး