အိန္ဒိယ ပဲဈေးကွက်တွေမှာ မိုးပဲအခြေအနေကောင်းလာ တဲ့ လက္ခဏာကြောင့် လှောင်လက်သမားတွေ ထုတ်ရောင်း လာတဲ့အတွက် ပဲဈေးဆက်ပြီး အေးနေပါတယ်။ ဈေးကွက် ထဲမှာလက်ကျန်ရှိနေသေးတာရယ်၊ ဝယ်လိုအားနည်းနေတာရယ် ကြောင့် မတ်ပဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၀-၃၀ ခန့်လျော့ကျလာခဲ့ပါတယ်။ အလားတူ ပဲစင်းငုံအနေနဲ့လည်း ပဲခွဲစက်များက ဝယ်လိုအားမရှိတဲ့အပြင် တင်သွင်းပဲဈေးလျော့ ကျတဲ့အတွက် ပြည်တွင်းဈေးပါ လျော့ကျနေပါတယ်။ လက် ကားဈေးကွက်တွေမှာ တစ်ပတ်အတွင်း ပဲစင်းငုံတစ်တန် ၁၀ ဒေါ်လာနီးပါးကျဆင်းခဲ့တာ တွေ့ရပါတယ်။
ပဲတီစိမ်းအနေနဲ့ အသစ်ဝင်လာတဲ့ ပဲတွေမှာ အစိုဓာတ် များပြီး အရည်အသွေးနိမ့်တဲ့အတွက် ဈေးကွက် အတွင်းမှာ တစ်တန်ကန်ဒေါ်လာ ၂၀ ခန့် အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းဈေးပါ လျော့ကျခဲ့ပါတယ်။ ကုလားပဲ ကြိုပွိုင့်ဈေး ကွက်မှာ ဝယ်ယူမှုတက်နေတဲ့အပြင် လက်ငင်းဈေးကွက်ဝယ် လိုအားတက်လာတဲ့အတွက် ကုလားပဲဈေး ခိုင်မာလာ ကြောင်း သိရပါတယ်။ ဒါပေမဲ့ ဆောင်းကုလားပဲအထွက် အလားအလာကောင်းလာဖွယ်ရှိတဲ့အပြင် သြစတြေးလျနဲ့ ကနေဒါမှာ ကုလားပဲအတွက် ၂ ဆခွဲခန့် ပိုမိုဖွယ်ရှိတဲ့အတွက် ကုလားပဲဈေးဆက်ပြီး မြင့်တက်ဖွယ် မရှိဘူးလို့ ခန့်မှန်းကြပါ တယ်။ လက်ရှိမိုးရာသီ စိုက်ပျိုးမှုအနေနဲ့ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး စိုက်ဖို့ကျန်တာကို စက်တင်ဘာလ ဒုတိယပတ်မှာ ပြီးစီးဖွယ်ရှိတယ်လို့ သိရပါတယ်။ စိုက်ပျိုးမှု နှောင့်နှေးပေမဲ့ အဓိကပဲစိုက်တဲ့ ဒေသတွေမှာ သြဂုတ်လ လယ်က စပြီး မိုးကောင်းကောင်းရွာတဲ့အတွက် ပဲအပြည့်အ၀ စိုက်ပျိုးလာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲစင်းငုံနဲ့ ပဲတီစိမ်းစိုက်ဧရိယာ လျော့ကျတဲ့အတွက် အထွက်နှုန်းထိခိုက် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲတီစိမ်း အဓိကစိုက်ပျိုးတဲ့ ရာဂျက်စသန်မှာ ပဲပုပ်လို ဈေးကောင်းတဲ့ သီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးလာကြတာကြောင့်လို့ သိရပါတယ်။ စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်ချက်အရ ပဲသီးနှံအခြေ အနေကောင်းမွန်နေပြီး လက်ရှိရာသီဥတုအရ ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ရဲ့ အထွက်နှုန်းနီးပါး ထွက် မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပဲသီးနှံက အအေး လွန်ကဲမှု ဒဏ်မခံနိုင်တဲ့အတွက် အောက်တိုဘာလလယ်မှာ မိုးရွာသွန်းဖွယ်ရှိလို့ အစောပိုင်းစိုက်ပဲပင်များ ပျက်စီး နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ ဆောင်းအကြိုသီးနှံစိုက်ပျိုးမှုကို စက်တင်ဘာလနှောင်းပိုင်းမှ အောက်တိုဘာလ ဒုတိယပတ် အတွင်း စိုက်ပျိုးဖွယ်ရှိပါတယ်။ ၂၀၁၂-၁၃ အတွက် Agriwatch မှ မိုးပဲမျိုးစုံ ထုတ်လုပ်မှုကို ခန့်မှန်းထားရာမှာ ပဲစင်းငုံအနေနဲ့ ယခင်နှစ် ထက် ၄ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၂ ဒသမ ၃၄၄ သန်းသာ ထွက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ မိုးမတ်ပဲအနေနဲ့ စိုက်ဧရိယာပိုမိုပြီး မိုးအလုံအလောက်ရရှိပေမဲ့ အထွက်နှုန်း လျော့လို့ တန်ချိန် ၁ ဒသမ ၂၅၅ သန်းထွက်မယ်လို့ ခန့်မှန်း ထားပြီး ပဲတီစိမ်းအနေနဲ့ စိုက်ဧရိယာ လျော့ကျတဲ့အတွက် တန်ချိန် သုည ဒသမ ၈၇ သန်းခန့်သာ ထွက်မယ်လို့ ခန့်မှန်း ထားပါတယ်။ ယမင်းခင်