Main menu

Background

အဝင်အေး၊ အဝယ်အေးတဲ့ ဟိုပုံးချင်း

Fri, 09/28/2012 - 09:50 -- Anonymous (not verified)

ဒီတစ်ပတ်မှာ ဟိုပုံးချင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ခြံရှင်တွေ ကလည်း ဈေးမကြိုက်တော့ ထုတ်မရောင်းကြပါဘူး။ မိုးရွာနေတာရယ်၊ ဝယ်လက် တွေကလည်း သိပ်မဝယ်ကြတာကြောင့် ဈေးကလည်း ခပ်အေးအေးပါပဲ။ ချင်း (ဥမ)တွေကိုမှ အခက်သေးရင် ၁၀၀ ကျပ်ဈေးသာရှိပြီး၊ အခက်ကြီးရင်တော့ ၁၃၀ ကျပ်ဈေးရှိပါတယ်။ လက်လီသမားတွေကသာ ဒေသတွင်းသုံးဖို့ ဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ချင်းခြောက်ကလည်း အဝင်သိပ်မရှိတော့တာကြောင့် ဈေး ကွက်မှာ ပစ္စည်းလက်ကျန်လည်းနည်းေ နပါပြီ။ ဈေးကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။

အောင်ပန်းမှာတော့ ချင်း (ဥမ) အဝင်နည်းလာပါတယ်။ လက်ကြီးသမား တွေဆီမှာသာ ကျန်ပြီး၊ တောင်သူတွေမှာတော့ မရှိသလောက်ဖြစ်နေပါပြီ။ နောက် လဆိုရင် ချင်းတက်တွေလည်း ဈေးကွက်ကို ဝင်လာတော့မယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ လက်ကျန်က တန် ၁၀၀ ခန့်သာကျန်တော့တယ်လို့ လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ပြည်၊ မကွေး၊ မန္တလေးက ချင်းထိုးသမားတွေ အဝယ်ရှိတာကြောင့် ချင်းကဝင်သလောက် ပြန်ထွက် ပါတယ်။ ဒီတစ်ပတ်ချင်းဈေး ကတော့ ဥမတစ်ပိဿာအနိမ့်ဆုံး ၁၅၀ ကျပ်မှ အမြင့်ဆုံး ၁၇၀ ကျပ်ဈေး ရှိပါ တယ်။ ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။     ဧဧခိုင်