Main menu

Background

ရေကြောင်းလမ်းမှ မောင်းတိန်းဘိလပ်မြေ တစ်မျိုးသာဝင်

Fri, 09/28/2012 - 10:24 -- Anonymous (not verified)

ရေကြောင်းလမ်းမှ မောင်းတိန်းဘိလပ်မြေ တစ်မျိုးသာဝင်သီတင်းပထမပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာကိုးသိန်း ကိုးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ က ထိုင်းနိုင်ငံမှ မောင်းတိန်းဘိလပ်မြေဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မောင်းတိန်း ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်တန်ချိန် စုစုပေါင်းက ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင် စုစုပေါင်းတန်ချိန်နဲ့ယှဉ်ကြည့်ရင် တန်ချိန် လေးသောင်းကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                               MIRT (DOT)

 
ထိုင်းနယ်စပ်စခန်းများမှ ဘိလပ်မြေအသွင်း သိသိသာသာပိုမိုမြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်နယ်စပ်နဲ့ ကော့သောင်းနယ်စပ်များမှ ယခင်အပတ်ထက် ဘိလပ်မြေအသွင်းပိုတဲ့အပြင် ယခင်အပတ်ကအသွင်းမရှိခဲ့တဲ့ မြိတ်နယ်စပ်မှ ယခုအပတ်မှာ အသွင်းရှိလာတာ တွေ့ရပါ တယ်။ ယခင်အပတ်က တာချီလိတ်နဲ့ကော့သောင်းမှ ၉၆၀ ဒသမ ၅ တန်သာ အသွင်းရှိခဲ့ပြီး ယခုအပတ်မှာ တာချီလိတ်၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်တို့မှ တန် ၂၉၇၀ အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၂၀၀၀ ကျော် ထိုင်းနယ်စပ်မှ အသွင်းပိုခဲ့ပါတယ်။ စက်တင် ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းအလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုမှာ မူဆယ်မှ ၆၉ တန်၊ လွယ်ဂျယ်မှ ၂၇၆ တန်၊ ချင်း ရွှေဟော်မှ ၂၅ တန်၊ တာချီလိတ်မှ ၁၃၇၉ တန်ကျော်၊ ကော့သောင်းမှ ၁၂၁၅ တန်ကျော်၊ မြိတ်မှ ၃၇၅ တန်နဲ့ မောင်တောမှ ၉၀၄ တန်ကျော် အသီးသီးတင်သွင်း ခဲ့ရာ ယခုအပတ်မှာ နယ်စပ်စခန်းများအနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၃၄၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၄၂၄၄ တန်ကျော် အသွင်းရှိခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်ကထက် ၂၈၂၉ တန်ကျော် အသွင်းပိုခဲ့ပါတယ်။              MIRT (DOBT)
ဈေးကွက်လဲငြိမ် ဈေးနှုန်းလဲငြိမ်နေဆဲ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက  အရောင်းအဝယ်အေးသလို ဈေးက လည်းအေးနေဆဲ၊ ငြိမ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စိန်(ထိုင်း)က ဈေးကွက်ထဲ ပစ္စည်းပြတ်နေသေးကြောင်းနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း မြင်းခေါင်းဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင် (ထိုင်း)ဘိလပ်မြေ တစ်အိတ်ကို ၄၇၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ တစ်အိတ် ၃၉၅၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။မန္တလေးဈေးကွက်မှာ  ဘိလပ်မြေဈေးကွက်ထဲ ထိုင်းပစ္စည်းပုံမှန်အဝင်ရှိ တာကြောင့် ဈေးအတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ဘိလပ်မြေဖြစ်တဲ့ အေသုံးလုံးက တစ်အိတ်ကို နှစ်ရာကျပ်၊ ဆင်မင်း ဘိလပ်မြေက တစ်ရာကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေက နှစ်ရာကျပ်ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ဒီလိုဈေးမြင့်လာရတာကလည်း လုပ်ငန်းမှာအသုံးများတဲ့ ပစ္စည်းအပေါ်မူ တည်ပြီး ဈေးကမြင့်လာရတာလို့သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက အေသုံးလုံး ၅၅၀၀ကျပ်၊ မြန်မာဆင် ၅၃၀၀ကျပ်၊ ဆင်(ထိုင်း) ၆၀၀၀ ကျပ်၊ စိန် (ထိုင်း) ဘိလပ်မြေ ၆၀၀၀ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ဘိလပ်မြေ ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ ၅၂၀၀ ကျပ်ဈေးနဲ့ မြင်းခေါင်း ဘိလပ်မြေ ၅၃၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ အရောင်းအေးသလို ဘိလပ်မြေဈေးကလည်း အနည်းငယ် ကျလာတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)ဘိလပ်မြေနဲ့ စိန်(ထိုင်း)ဘိလပ် မြေက တစ်အိတ်ကို ၁၀၀ ကျပ်ဈေးကျလာပြီး ကြံ့(မြိုင်ကလေး)က ၃၀၀ ကျပ်ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ် ၅၃၀၀ ကျပ်၊ စိန် (ထိုင်း)ဘိလပ်မြေ တစ်အိတ် ၅၂၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ဘိလပ်မြေတစ် အိတ် ၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန် အရောင်းအဝယ်ဖြစ်နေပြီး ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ်မှသာ ပြန်လည်အရောင်းအဝယ်ဖြစ်လာတာလို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရောင်းအားပြန်တက်လာပေမဲ့ ဈေးက တော့အပြောင်းအလဲမရှိဘဲ ငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ထိုင်း) က တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၆၈၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော်ဘိလပ်မြေတစ်အိတ်ကို ၅၀၀၀ ကျပ်နဲ့ နဂါး ၅၉၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                         MIRT (DOT)