Main menu

Background

အင်ဒိုနီးရှားသည် ၎င်း၏ ရော်ဘာတင်ပို့မှုကို လာမည့်စတုတ္ထသုံးလပတ်မှစ၍ လျှော့ချသွားမည်

Fri, 09/28/2012 - 11:14 -- Anonymous (not verified)

ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေရာ ကမ္ဘာ့ဒုတိယ မြောက်ရော်ဘာ တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ၎င်း ရဲ့ ရော်ဘာတင်ပို့မှုကို လာမယ့် စတုတ္ထသုံးလပတ်မှစပြီး လျှော့ချသွားမယ်လိ့ု သိရတယ်။ တင်ပို့မှုလျှော့ချတဲ့ကာလက ဈေးကွက်တုံ့ပြန်မှုအပေါ် မူတည်ပြီး ၃ လမှ ၆ လအထိ ကြာမြင့်ဖွယ်ရှိတယ်လို့ အင်ဒိုနီးရှား ရော်ဘာအသင်းဥက္ကဌ Daud Husni Bastari က ပြောကြားတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကျဆင်းနေတဲ့ ရော်ဘာဈေးနှုန်းတွေ ပြန်လည် ဦးမော့လာစေရေးအတွက် ရော်ဘာတင်ပို့မှုကို လျှော့ချသွားဖို့ သြဂုတ်လအတွင်းက သဘောတူခဲ့ကြတယ်။ ရော်ဘာဈေးနှုန်း ကျဆင်းနေချိန် ပင်အိုတွေကိုခုတ်ပြီး ရော်ဘာပင်ပျိုတွေ အစားထိုးစိုက်ပျိုးတဲ့ အနေနဲ့ ရော်ဘာတင်ပို့မှုကို တန်ချိန် ၃၀၀၀၀၀ (ယခုနှစ် ကမ္ဘာ့ရော်ဘာ တင်ပို့မှုစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းဝန်းကျင်) ကို လျှော့ချတင်ပို့သွားဖို့ ၎င်း သုံးနိုင်ငံက သဘောတူခဲ့ကြ တယ်။ လျှော့ချတင်ပို့မယ့် တန်ချိန် ၃ သိန်းမှာ ထိုင်းနိုင်ငံက တန်ချိန် ၁၅၀၀၀၀ လျှော့ချတင်ပို့သွားမှာဖြစ်ပြီး အင်ဒိုနီးရှား က တန်ချိန် ၁၀၀၀၀၀ လျှော့ချတင်ပို့သွားမှာဖြစ်တယ်။ မလေးရှားကတော့ တန်ချိန် ၅၀၀၀၀ လျှော့ချတင်ပို့သွားမယ် လိ့ု သိရတယ်။Source:thainr.com, ပပ