Main menu

Background

အဝင်ရှိသလောက် အထွက်ရှိတဲ့ အောင်ပန်းချင်းဈေးကွက်

Thu, 10/04/2012 - 04:37 -- Anonymous (not verified)

ဒီတစ်ပတ်မှာလည်း ချင်း(ဥမ)က အဝင်နည်းလာပါတယ်။ အရင်လတွေက အောင်ပန်းဈေးကွက်မှာ ၅ ရက်တစ်ဈေးကို ပိဿာချိန်လေးထောင်၊ ငါးထောင်ခန့် အဝင်ရှိပေမယ့် ဒီတစ်လမှာတော့ နှစ်ထောင်၊ သုံးထောင်ခန့်သာအဝင်ရှိပါတော့ တယ်။ အခုချိန်က ချင်းတွေပုပ်တဲ့အချိန်ဖြစ်လာတာကြောင့်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ချင်း(ဥမ)ကအဝင်ရှိသလောက်၊ ပြန်ထွက်တယ်လို့ သိရပါတယ်။ အောက်တိုဘာလမှာ ချင်းအသစ် တွေ ပေါ်လာတော့မှာဖြစ်တာကြောင့် အဟောင်း တွေလည်း ဈေးကွက်မှာ သိပ်မကျန်တော့ပါ ဘူး။ အောင်ပန်း ဈေးကွက်မှာ ဒီတစ်ပတ်ချင်းဈေးက (အစို) ၁၆၀၀ ကျပ် - ၁၇၀၀ ကျပ်ရှိပြီး (အခြောက်)က ၁၃၀၀ ကျပ် - ၁၃၅၀ ကျပ် ရှိပါတယ်။

ဟိုပုံးချင်းကတော့ ဒေသတွင်းသုံးအတွက် လက်လီသာအရောင်းအဝယ် ဖြစ် နေပါတယ်။ ကုန်သလောက်လည်း ဖြစ်နေပါပြီ။ အသစ်တွေကတော့ နိုဝင်ဘာလ မှသာ ပြန်ဝင်တော့မှာဖြစ်ပါတယ်။ မြေတွင်းပိုး၊ အပင်ပိုးတွေနဲ့ ပျက်သွားတဲ့ အခင်းတွေကသာ ဖော်ရောင်းရင်တော့ အောက်တိုဘာလထဲမှာလည်း ဝင်လာနိုင်ပါ တယ်။ ဒါပေမယ့် အဲဒါတွေလည်း အနုတွေသာ များနိုင်ပြီး၊ တာရှည်လည်း အထား မခံနိုင်ဘူးလို့ သိရပါတယ်။ ဟိုပုံးမှာ ချင်း(စို)က တစ်ပိဿာ ၃၀၀ ကျပ်ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိပါတယ်။           ဧဧခိုင်