Main menu

Background

လက်ရှိဘဏ္ဍာနှစ် ပထမ (၅) လအတွင်း အိန္ဒိယကြက်သွန်နီတင်ပို့မှု ပမာဏမြင့်မားလာ

Thu, 10/04/2012 - 04:41 -- Anonymous (not verified)

၂၀၁၂ ခုနှစ် ဧပြီလမှ သြဂုတ်လအထိကာလအတွင်း အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုပမာဏက ၂၃ ရာခိုင်နှုန်း မြင့်မားခဲ့သော်လည်း ဝင်ငွေအနေနဲ့ ၂၇ ရာခိုင်နှုန်း လျော့ကျ ခဲ့ကြောင်း သိရတယ်။ ၎င်းင်းကာလအတွင်း ကြက်သွန်နီတန်ချိန် ၇ ဒသမ ၉ သိန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်အလားတူကာလရဲ့ တင်ပို့မှု တန်ချိန် ၆ ဒသမ ၄၁ သိန်းနဲ့ ယှဉ်ရင် တန်ချိန် ၁ ဒသမ ၄၉ သိန်းဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ဝင်ငွေကျဆင်းသွားရာ ယခင်နှစ် တင်ပို့နိုင်မှုဝင်ငွေမှာ ရူပီး ၇၅၆ ဒသမ ၅၀ ကုဋေဖြစ်သော်လည်း ယခုနှစ်မှာ ရူပီး ၅၄၇ ဒသမ ၉၀ ကုဋေသာ ရရှိခဲ့ကြောင်း သိရတယ်။ ယခင်နှစ်က ကြက်သွန်နီတစ်တန်တင်ပို့ရင် ဝင်ငွေ ၁၃၇၉၀ ရူပီး ရရှိခဲ့ သော်လည်း ယခုနှစ်မှာ တစ်တန်ကို ၆၉၃၄ ရူပီးသာရရှိခဲ့ တယ်။

နိုင်ငံတကာမှာ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း  မြှင့်တင်ဖို့ အတွက် အိန္ဒိယအစိုးရက ဧပြီလမှစပြီး အနိမ့်ဆုံး ပို့ကုန် ဈေးနှုန်း (MEP)ကို တစ်တန်ကို ၁၂၅ ဒေါ်လာအထိ လျှော့ချ ပေးခဲ့ရာ ယခုနှစ် ကြက်သွန်နီတင်ပို့မှု ပမာဏများပြီး ဝင်ငွေ လျော့ကျရခြင်းဖြစ်တယ်။ ဒါ့အပြင် မေလဆန်းမှာလည်း အိန္ဒိယအစိုးရက ကြက်သွန်နီ တင်ပို့မှုအပေါ် သတ်မှတ် ထားတဲ့ MEP ကို ၂ လကြာ ပယ်ဖျက်ပေးခဲ့တယ်။ ယခင်နှစ်က ဧပြီမှ သြဂုတ်လအထိ ကာလအတွင်း အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုအပေါ် သတ်မှတ်ထားတဲ့ MEP မှာ ဒေါ်လာ ၂၀၀ မှ ၂၅၀ အကြားတွင် ရှိနေခဲ့တယ်။ ယခုနှစ်အတွင်း အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုက တစ်လကို တန်ချိန်တစ်သိန်းခွဲကျော်ရှိကြောင်း ၊ သြဂုတ်လ တစ်လတည်းမှာသာ တန်ချိန် ၁ ဒသမ ၃၉ သိန်းသာ တင်ပို့ခဲ့ ရကြောင်း၊ မုတ်သုံရာသီကာလဖြစ်ပြီးဈေးကွက်ကို ဝင်ရောက် လာတဲ့ ကြက်သွန်နီအရည်အသွေး အနည်းငယ်ကျဆင်းလေ့ ရှိရာ ပုံမှန်အနေနဲ့ သြဂုတ်လနဲ့ စက်တင်ဘာ လတွင် ကြက် သွန်နီတင်ပို့ရမှု ပမာဏကျဆင်းလေ့ရှိကြောင်း၊ စက်တင်ဘာ လကုန်ပိုင်းမှာ ကြက်သွန်နီအသစ်တွေ ဈေးကွက်ကို ဝင် ရောက်လေ့ရှိကြောင်း သိရတယ်။ အိန္ဒိယက ကမ္ဘာ့ဒုတိယမြောက် ကြက်သွန်နီအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အင်ဒိုနီးရှား အပါအဝင်သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဥရောပ၊ မောရစ် ရှပ်၊ တရုတ်၊ စင်္ကာပူ တို့ကို ပုံမှန်တင်ပို့လျက်ရှိတယ်။Source:thehindubusinessline.comပပ