Main menu

Background

မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အစားအသောက်နဲ့ ဆေးဝါးစစ်ဆေးရေးဝန်ဆောင်မှုပေးပြီ

Thu, 10/04/2012 - 05:59 -- Anonymous (not verified)

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (M.I.T.S) အဖွဲ့မှ အကောက်ခွန်ဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)  တို့နဲ့ ပူးပေါင်းပြီး သွင်းကုန်ပစ္စည်း တင်သွင်းခွင့် IR (Import Recommendation)  လျှောက်ထားခြင်း၊ အစားအသော က်နှင့် ဆေးဝါးများ စားသုံးရန်သင့်မသင့် စစ်ဆေးပေးခြင်း၊ နမူနာများ အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း ရယူခြင်း၊ စာရွက်စာတမ်းများ ကြည့်ရှု စစ်ဆေးခြင်း၊ နေပြည်တော်နှင့်ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းများသို့ အစစ်ဆေးခံ ရန် ပေးပို့ခြင်း၊ ဓာတ်ခွဲခန်းမှထွက်ရှိ လာသော Certificate များအား ကုန်သည် လုပ်ငန်းရှင်များ၏ လက်ဝယ်သို့ရောက်ရှိအောင် အချိန်နဲ့တစ်ပြေးညီ ဝန်ဆောင်မှု ပေးခြင်းတို့ကို စက်တင်ဘာလ ၁၃ ရက်နေ့မှစပြီး ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

ဝန်ဆောင်ခနှုန်းထားများအဖြစ် အလုပ်အပ်နှံမှု ၁ ခုမှာ ပစ္စည်းအမယ် ၅ ခုဖြစ်ပါက ၁ ခုလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၅၀၀၀၀ ကျပ်၊ ပစ္စည်းအမယ် ၆ ခုမှ ၁၀ ခုအထိ ၆၀၀၀၀ ကျပ်၊ ပစ္စည်းအမယ် ၁၁ ခုမှ ၁၅ ခုအထိ ၇၀၀၀၀ ကျပ်ဖြစ် ကြောင်း သိရှိရပါတယ်။ သောင်းနိုင် (နကသ-မူဆယ်)