အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုရက်ပိုင်း အရောင်း အဝယ်အနည်းငယ်ရှိလာပါတယ်။ ယခင်တစ်ပတ်အတွင်း ရောင်း ဝယ်မှုနည်းပြီး ဈေးကျဆင်းခဲ့ရာမှ ယခုတစ်ပတ်မှာ ဈေးပြန်တန့် လာခဲ့ပါတယ်။ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာ ဖွေရေးအသင်း(Nafed) မှ မဟာရပ်ရှတရာဒေသ တွင်း ဈေးကွက် တွေမှာ မတ်ပဲတွေကို စတင်ဝယ်ယူနေပြီဖြစ်ပြီး လတ္တာနဲ့ အခြား ဈေးကွက်တွေမှာ မတ်ပဲ တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၁၁)နဲ့ ဝယ်ယူနေပါတယ်။ နောက်တစ်ပတ်မှာ အင်ဒရာပရာ ဒေ့ရှ် ဈေးကွက်တွေ မှာလည်း မတ်ပဲနဲ့ ပဲတီစိမ်းတွေဆက်ပြီး ဝယ် ယူသွားမှာဖြစ်ပေမဲ့ ပဲအသစ်တွေမှာ အစိုဓါတ်ပါဝင်မှုများလို့ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။ နိုင်ငံ အလယ် ပိုင်းမှာတော့ မိုးပဲအသစ်တွေ ဝင်လာတော့ မယ့် အောက်တိုဘာ ဒုတိယ လဝက်မှာ ပဲဝယ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကန်ပါဈေးကွက်အတွင်းဝင်လာနေတဲ့ ပဲတီစိမ်း အသစ်တွေမှာ အစိုဓာတ်ပါဝင်မှုက ၁၄-၁၅ ရာခိုင်နှုန်းထိမြင့်နေပါ တယ်။ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ မိုးကောင်းကောင်း ရွာခဲ့လို့ ပဲအထွက်ကောင်းနိုင်ပြီး စိုက်ဧရိယာလျော့နည်းမှုကို ပြန်ကာမိမယ်လို့ ဈေးကွက်က မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ရာဂျက်စသန်နဲ့ ဂူဂျာရက်ကတော့ စိုက်ဧရိယာတော်တော် လျော့ နည်းလို့ အထွက်နဲ့ ပြန်ကာမိမှာ မဟုတ်ဘူးလို့လည်း ဆိုကြ ပြန်ပါတယ်။ မိုးပဲအထွက်လျော့မယ်လို့ ကြေညာခဲ့တဲ့ စိုက်ပျိုးရေးဝန်ကြီး ရှရက်ပါဝါက တောင်သူတွေကို အစိုဓါတ်အမီ စိုက်ပျိုးနိုင်အောင် ဆောင်းပဲကို စောစောစိုက်ဖို့ အကြံပေးနေပါတယ်။ ဆောင်းပဲ ထွက်ရှိမှုက မိုးပဲလျော့ကျမှုကို ပြန်ကာမိနိုင်ပြီး လာမယ့်လတွေမှာ ဈေးနှုန်းမြင့်တက်မှုကိုလည်း ထိန်းချုပ်နိုင်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။ လတ်တလောမှာတော့ပြည်ပပဲတွေ အဆက်မပြတ်တင်သွင်း နေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်း မြန်မာနိုင်ငံက ပဲစင်းငုံ ကွန်တိန်နာ ၈၀ လုံး၊ တန်ဇန်းနီးယားက ၁၂ လုံး၊ မာလာဝီက ၃၉ လုံး၊ မိုဇမ်းဘစ်က ၁၈ လုံး တင်သွင်းခဲ့သလို ပဲတီစိမ်းတွေ ကိုလည်း မဒက်စကာ၊ မာလာဝီ၊ တန်ဇန်းနီးယား၊ မိုဇမ်းဘစ်၊ သြစတြေးလျ၊ ကင်ညာက ကွန်တိန်နာ စုစုပေါင်း ၉၇ လုံးတင်သွင်း ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်ရဲ့ တစ်ပတ်အတွင်းမှာ ကုလားပဲဈေးက အပြောင်းအလဲမရှိသလောက်နည်းပြီး ပဲစင်းငုံကတော့ တစ်တန် ၁၅ ဒေါ်လာခန့် ကျဆင်းကာ ပဲတီစိမ်းကတော့ ဈေးငြိမ်နေပါ တယ်။ မြန်မာမတ်ပဲက တစ်တန် ကန်ဒေါ်လာ ၂၀ ခန့် လျော့ပေမဲ့ ပြည်တွင်းမတ်ပဲကတော့ ငြိမ်နေတာ တွေ့ရပါတယ်။ယမင်းခင်