Main menu

Background

လယ်ယာစိုက်ပျိူးရေးကဏ္ဍ အလှည့်အပြောင်းနဲ့ အမျိုးသားအဆင့်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

Sun, 10/07/2012 - 06:47 -- Anonymous (not verified)

မိမိတို့နိုင်ငံအနေဖြင့် ယခုအချိန်အခါသမယဟာ "အမိန့်ပေး စနစ်တစ်ခုအောက်မှာ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရသော နိုင်ငံရေး စနစ်ဟောင်း" မှသည် " တရားဥပဒေစိုးမိုးမှုအောက် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လွတ်လပ်စွာရှင်သန်နေထိုင်ခွင့်ရတဲ့ ဒီမိုကရေစီ စနစ်" ဆီသို့ စတင်ကူးပြောင်းနေ သည့် နုနယ်သော အသွင်ကူးပြောင်း ရေးကာလဖြစ်ပါတယ်။ တစ်ချိန်တည်းဆိုသလိုပင် စီးပွားရေးလောက အနေဖြင့်လည်း နိုင်ငံရေးစနစ်ဟောင်းတစ်လျှောက်ဆောင်ရွက်ခဲ့တဲ့ မိရိုးဖလာအစဉ်အလာအတိုင်း သမားရိုး ကျဆောင်ရွက်မှုများမှသည် နိုင်ငံတကာ စံချိန်မီ စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို မဖြစ်မေ နဆောင်ရွက်ရမယ် ဆိုတဲ့စိန်ခေါ်မှုကြီးနှင့်လည်း ရင်ဆိုင်နေရပါတယ်။ မိမိအနေနဲ့ အဓိက ထား တင်ပြလိုတာကတော့  Agricultural Sector တစ်ခုလုံးအနေ ဖြင့် နုနယ်သေးတဲ့ အသွင်ကူးပြောင်းရေး ကာလအတွင်း နိုင်ငံလုံး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာမှာ ကြိုတင်ပြင်ဆင်ဆောင် ရွက်သင့်တဲ့ အချက်များပဲဖြစ်ပါတယ်။ ဒီလိုအကြံပြုတင်ပြရာမှာ  Market System (ဈေးကွက်လည်ပတ်ပုံစနစ်)၊ Strategic Planning For Farming  Industry (လယ်ယာကဏ္ဍအတွက် မဟာ ဗျူဟာမြောက်အစီအစဉ်များချမှတ်ခြင်း) နှင့် Agricultural Statistics System (စိုက်ပျိုးရေးကိန်းဂဏန်းအချက်အလက် ကောက်ခံ စုစည်းမှုစနစ်) ဆိုပြီး ၃ ပိုင်း ခွဲခြားတင်ပြလိုပါတယ်။

 
Market System  (ဈေးကွက်လည်ပတ်ပုံစနစ်) တစ်ကမ္ဘာလုံးမှာရှိတဲ့ လယ်ယာထွက်ကုန် ဈေးကွက်များ အတွင်းဈေးနှုန်းများဟာ ရာသီဥတုအခြေအနေ၊အချိန်ကာလလိုက်ပြီး ဖြစ်ပေါ်လာတဲ့ ဝယ်လိုအားရောင်းလိုအား၊ စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံ အသီးသီးမှ ထုတ်ပြန်သော စိုက်ပျိုးရေးကိန်းဂဏန်းအချက်အလက် များ(စိုက်ဧက၊အထွက်နှုန်း၊ပြည်တွင်း လက်ကျန် ..)၊  အမေရိကန် ဒေါ်လာကို ဗဟိုထားကာ နိုင်ငံစုံ ငွေကြေးတို့ရဲ့ အတက်အကျများ၊ နိုင်ငံအသီးသီးရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲများ စတဲ့အချက် အလက် ကိန်းဂဏန်းတွေပေါ်မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေ တာပဲ ဖြစ်ပါတယ်။ဒီလိုပြောင်းလဲနေတဲ့ အချက်အလက်ကိန်းဂဏန်း တွေဟာ Information Technology (I.T) အခန်းကဏ္ဍရဲ့ ပြောင်း လဲ တိုးတက်မှုက မွေးထုတ်ပေးလိုက်တဲ့ ''Internet" ရဲ့ ကြားခံမှုမှ တစ်ဆင့် တစ်ကမ္ဘာလုံးရှိ  ဈေးကွက်အတွင်း ပါဝင်ပတ်သက်သူ Trader, Speculator  များဆီသို့ စက္ကန့်မလပ်ရောက်ရှိနေတာပါ။ ကုန်သည်များ၊ ဈေးကစားသူများအနေဖြင့် ဒီအချက်အလက်တစ်ခု ချင်းစီသို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး ချက်ချင်းတုံ့ပြန်နေကြရတာလည်းဖြစ်ပါ တယ်။ ဒီလိုတုံ့ပြန်တဲ့နေရာမှာ တစ်ဦးချင်းစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံပေါ် မူတည်ပြီး ကာလတို/ ကာလရှည် ကြိုရောင်းမယ်(သို့မဟုတ်)ကြို ဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေချပြီး ဈေးကွက်မှာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရတာမျိုးပါ။ ဒါကြောင့် ကြို ရောင်းကြိုဝယ်လို့ပဲ ဆိုဆို၊ ဈေးကစားတယ်ပဲ ပြောပြော ဒီလို ဆောင် ရွက်မှုမျိုးတွေဟာ  Commodity market  တွေရဲ့မရှိမဖြစ် အစိတ် အပိုင်းကြီးဖြစ်သလို ဈေကွက်ရဲ့သဘောသဘာ၀ လိုအပ်ချက်အရ ကမ္ဘာအနှံ့ ပေါ်ပေါက်လာရတာလည်း ဖြစ်ပါတယ်။ အထက်ပါအချက်များကို ထောက်ရှုခြင်းအားဖြင့် မိမိတို့ ပဲဈေးကွက်အတွင်း မကြာခဏဆိုသလိုဖြစ်ပေါ် နေတဲ့ မတည်ငြိမ်မှု များဟာ ကြိုရောင်းကြိုဝယ်ဈေးကစားမှုကြောင့် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပဲ တွေ့မြင်ကြရမှာပါ။ မတည်မငြိမ်မှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းတရားဟာ ကြိုရောင်းကြိုဝယ်( သို့မဟုတ်) ဈေး ကစားမှုတွေကြောင့် မဟုတ်ဘဲ ဒီလိုဆောင်ရွက်မှုမျိုးတွေကို လက် တွေ့ စည်းကမ်းတကျ အကောင်အထည်ဖော်ဖို့ တရားဥပဒေ စိုးမိုးမှု အောက် စနစ်တကျရေးဖွဲ့ထားတဲ့ စည်းမျဉ်းစည်းကမ်းများ ပါဝင်တဲ့ Future Contracts  များဖြင့် ရောင်းဝယ်နိုင်တဲ့ နိုင်ငံတကာ စံချိန်မီ ဈေးကွက် အခင်းအကျင်းပျောက်ဆုံးနေ တာကြောင့် ဖြစ်ပါတယ်။ ဒီအတွက် ပြည်တွင်းဈေးကွက်အတွင်း ပါဝင်ပတ်သက်သူများဟာ အစဉ်အလာယုံကြည်မှု ပါးပါးလေးပေါ်အခြေခံပြီး ကြိုရောင်း ကြိုဝယ်ပြုလုပ်ကြရင်း ဈေးကွက်အတွင်း အပြောင်းအလဲ အတက် အကျ များသွားတဲ့အခါ ဈေးကွက်ယိုင်လဲပြီး မတည်မငြိမ်မှုတွေကို မကြာခဏတွေ့ကြုံကြရတာပါ။ ဒါကြောင့် မိမိတို့ဈေးကွက်တည်ငြိမ်ရေးအတွက် နိုင်ငံတကာ စံချိန်မီဈေးကွက် အခင်းအကျင်းသစ်တစ်ခု ၃ နှစ်အတွင်း တည် ဆောက် အကောင်အထည်ဖော်ရေးဟာ လွန်စွာအရေးပါလှပါ တယ်။ ဒီလို  Future  Contracts   တွေကို ရောင်းဝယ်နိုင်တဲ့ Commodity exchange   တွေဟာ အမေရိကန်၊E.U ၊ တရုတ်၊ အိန္ဒိယ  မှသည် နီပေါနှင့် အာဖရိကနိုင်ငံအချို့ အဆုံး တစ်ကမ္ဘာလုံးနီးပါးမှာ ခိုင်ခိုင်မာမာတည်ဆောက်ပြီး ရောင်း ဝယ်နေကြပါသည်။ မိမိအနေနှင့်ဆက်လက်အကြံပြုချင်တာကတော့ နိုင်ငံတကာ စံချိန်မီဈေးကွက်ကို ပြည်တွင်း မှာတည်ဆောက်တဲ့နေရာမှာ အထက် ပါ နိုင်ငံအသီးသီးအနက်မှ မိမိတို့အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပြီး မိမိတို့ နိုင်ငံ မှ အဓိကပဲဝယ်ယူနေသည့် ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည့် အပြင် နှစ်နိုင်ငံကုန်သည်များကြားနှစ်ပေါင်း များစွာ ထိစပ်ဆက်ဆံ ရင်းနှီးမှု ရှိနေတဲ့" အိန္ဒိယနိုင်ငံ၏ ဈေးကွက်လည်ပတ်ပုံစနစ်"ကို မှီ ငြမ်းပြီးတည်ဆောက် သင့်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်   အိန္ဒိယနိုင်ငံမှာ Future Contracts များရောင်းဝယ်ဆောင်ရွက်ပုံ အကျဉ်းချုပ်ကို မိမိလက်လှမ်းမီသမျှ (1) Forward Contracts (Regulation) Act, 1952. (ii)Forward Marked Commission  (F.M.C)eJY  (iii) Commodity Exchange  များကို အခြေခံပြီး တင်ပြလိုပါတယ်။(i)    Forward Contracts (Regulation) Regulation Act,         1952 ၁၉၅၂ ကြိုရောင်းကြိုဝယ်စာချုပ်များအက်ဥပဒေဟာ India တစ်နိုင်ငံလုံးရှိ  Future Contracts  များရောင်းဝယ်ခွင့်ရှိတဲ့ Commodity exchange များနဲ့ ဤဈေးကွက်အတွင်း ပါဝင် ပတ် သက်သူအားလုံး အနေဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ဖို့ လိုက် နာရမယ့်အချက်များနဲ့စည်းကမ်းဥပဒေသများကို တိကျစွာပြဌာန်း ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ ၁၉၅၂ မှာရေးဆွဲပြဌာန်းထားတဲ့ ဤ ဥပဒေကို ခေတ်ကာလအရ လိုက်လျောညီထွေမှု့ရှိစေရန် ပြင်ဆင် ချက်များ (Amendment) အကြိမ်ကြိမ်ပြုလုပ်ရင်း နောက်ဆုံးပြု လုပ်ခဲ့ခြင်းမှာ ၂၀၁၀ စက်တင်ဘာလတွင်ဖြစ်ပါတယ်။ ဤဥပဒေမှ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းများအောက်မှာ အိန္ဒိယနိုင်ငံသား များအနေနဲ့  လိုက်နာဆောင်ရွက် ရောင်းဝယ်နေသမျှ ကာလပတ်လုံး ဤဥပဒေမှ ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်သူအားလုံးကို လုံခြုံ စိတ်ချမှုနှင့် အာမခံချက်ကိုအပြည့်အ၀ ပေးနေမှာဖြစ်ပါတယ်။(ii)    Forward Market Commission (F.M.C) ဤ F.M.C ဟာ  India နိုင်ငံမှာ  Forward Contracts (Regulation)Act 1952 အရ ဖွဲ့စည်းထားတဲ့ အဖွဲ့  Statutory Body ဖြစ်ပါတယ်။ ဤကော်မရှင်ဟာ  India အစိုးရ  Ministry of Consumer Affairs ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်မှာ လုပ်ငန်း ဆောင်တာများကို ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၅၂ အက်ဥပဒေ အရ ဤကော်မရှင်တွင် ဗဟိုအစိုးရမှ တိုက်ရိုက်ခန့်အပ်တဲ့ အဖွဲ့ဝင် ၂ ဦးထက်မနည်းစေရဘဲ ၄ ဦးထက် မများတဲ့ အရေအတွက်ဖြင့် ပါဝင်ဖွဲ့စည်းစေရပါတယ်။ ဤကော်မရှင်ရဲ့ ဥက္ကဋ္ဌကို အထက်ပါ ဗဟို အစိုးရမှ တင်သွင်းထားတဲ့ အဖွဲ့ဝင်များထဲမှ ခန့်အပ်ရပါတယ်။ ဤ ကော်မရှင်ဟာ  "ဗဟိုအစိုးရ၊ တည်ဆဲဥပဒေ များ" နဲ့  "လက်တွေ့ ဆောင်ရွက် ရောင်းဝယ်နေသောဈေးကွက်များ" အကြားပေါင်းကူး ဆောင်ရွက်ပြီး ဈေးကွက်များ တရားဥပဒေစိုးမိုးမှုအောက် စနစ်တကျ လည်ပတ်စေရေးအတွက် ထိန်းကျောင်းကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်။ဤကော်မရှင်ဟာဆိုရင် Future Market  ကြီးတစ်ခုလုံး စနစ်တကျလည်ပတ်စေရေးအတွက် လွန်စွာ အရေးကြီးသည့် အဖွဲ့အစည်းကြီးဖြစ်ပါတယ်။
F.M.C ၏လုပ်ငန်းတာဝန်များကတော့(က)    Commodity exchange များတွင်  Future Contract များ ရောင်းဝယ်နေမှုများကို ၁၉၅၂ အက်ဥပဒေ ဘောင် အတွင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ ဂရုတစိုက် စောင့်ကြည့် ခြင်း။(ခ)    အကယ်၍ လိုအပ်ခဲ့ပါက Commodity exchange  များ၏ စာရင်းဇယားများ၊ စာရွက်စာတမ်းများ၊ ဤ exchange များအတွင်း  Future Contract များရောင်းဝယ် ဖောက်ကားနေသူ member  များ၏ စာရင်းဇယားများ အား စစ်ဆေးခြင်း။(ဂ)    Future Market များ အလုပ်လုပ်ကိုင်ပုံနှင့် Commodity exchange များတိုးတက်လာစေရန်အလို့ငှာ လိုအပ် သောအကြံပြုလမ်းညွှန်ချက်များပေးခြင်း။(ဃ)  Future Market  များ အလုပ်လုပ်ကိုင်ပုံနှင့် Commodity exchange  များတိုးတက်လာစေရန်အလို့ငှာ လိုအပ် သော အကြံပြုလမ်းညွှန်ချက်များပေးခြင်း။(င)    Future Market များတွင် ရောင်းဝယ်နေကြသော Item တစ်ခုချင်းစီအလိုက် အလုပ်လုပ်ကိုင်နေမှု အခြေအနေများ (ဝယ်လိုအား၊ ရောင်းလိုအား၊ ဈေးနှုန်း၊ အရောင်းအဝယ် ဖြစ်သော စာချုပ်အရေအတွက် ...) ကို ဗဟိုအစိုးရသို့ လစဉ်တင်ပြခြင်း။ မှတ်ချက်။ အထက်ပါ ၄ ချက်သည် F.M.C ၏ လုပ်ငန်း ဆောင်တာများစွာအနက် မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါ သည်။
(F.M.C  ၏ Organization Structure)
(iii)    Commodity Exchange  များ အိန္ဒိယနိုင်ငံ ၁၉၅၂ အက်ဥပဒေအရ Future Market Commission (F.M.C) ရဲ့ ခွင့်ပြုချက်အရ Future Contract များဖြင့်ရောင်းဝယ်ခွင့်ရထားတဲ့ နိုင်ငံတော်အဆင့်   Commodity exchange   ၅ ခုရှိပါတယ်။ ၎င်း Exchange  ၅ ခုမှာ  Commodity ၁၁၃ မျိုးအား Future Contract များဖြင့်ရောင်းဝယ်လျက်ရှိပါ တယ်။၎င်း Exchange ကြီး ၅ ခုအပြင်အခြား Exchange ၁၆ ခု မှာလည်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ဒီလို ရောင်းဝယ်ဖောက် ကားရာမှာ ၁၉၅၂ အက်ဥပဒေ  မူဘောင်များအတွင်း Future Market Commission (F.M.C)  ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက် မှာ ဈေးကွက်အတွင်း ပါဝင်သူအားလုံးအနေဖြင့် လုံခြုံ စိတ်ချစွာ စနစ်တကျရောင်းဝယ်လျက်ရှိပါတယ်။
မိမိတို့နိုင်ငံတွင်   Future Market များထူထောင်ရန် အကြံပြု တင်ပြချက် အထက်ပါ အိန္ဒိယနိုင်ငံတွင်း   Future Market များရောင်း ဝယ် ဆောင်ရွက်နေပုံကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုပါရင်   Future Market Commissin (F.M.C)  ရဲ့ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ Commodity exchange များမှာ  Futrue Contract  များရောင်းဝယ်ရာ၌ တရားဥပဒေစိုးမိုးမှု အောက်မှာ စနစ်တကျဖြစ်စေရေးအတွက် အစိုးရနဲ့ လက်တွေ့ ဆောင်ရွက်နေတဲ့ ဈေးကွက်အကြား ဟန်ချက် ညီအောင် ထိန်းညှိ ပေးနေတဲ့ သော့ချက်အဖွဲ့အစည်းကြီးအဖြစ်လည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။သို့ဖြစ်ပါ၍မိမိတို့နိုင်ငံတွင်း Future Contracts များဖြင့် ရောင်းဝယ်နိုင်တဲ့ Commodity exchange များထူထောင်ရာမှာ ပြည်ထောင်စုအစိုးရမှ ခန့်အပ်ထားတဲ့ ဥပဒေပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊  ပြည်တွင်းဈေးကွက်တွင်းမှ ဝါရင့်ကုန်သည်ကြီးများ ပါဝင်တဲ့ (F.M.C) လို နိုင်ငံတော်အဆင့်ကော်မတီတစ်ခုကို ဖွဲ့စည်း သင့်ပါတယ်။ထိုသို့ဖွဲ့စည်းရာမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည် တွင်း/ ပြည်ပမှာ ပြန့်ကြဲနေတဲ့ မြန်မာပညာရှင်များ ပါဝင် နိုင်သမျှ ပါဝင်နိုင်ဖို့ လိုအပ်သလို လက်ရှိပြည်တွင်းဈေးကွက်အတွင်း နှစ်ရှည် လများ အတွေ့အကြုံရှိပြီး နိုင်ငံအတွက်ရိုးရိုးသားသားဖြင့် တက်ကြွ စွာဆောင်ရွက်လိုသူများလည်းပါဝင်သင့်ပါတယ်။ထို့ပြင် Future Market  နှင့်ပတ်သက်လို့ ကျွမ်းကျင်သူပြည်ပ ပညာရှင်များကိုလည်း လိုအပ်ပါက ငှားရမ်းအကြံဉာဏ်ယူ သင့်သလို၊ အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ဤကော်မတီအတွက် နည်းပညာနှင့် အကြံဉာဏ်များ လည်း တောင်းခံသင့်ပါတယ်။ ဤကော်မတီအနေဖြင့် မိမိနိုင်ငံရဲ့ လက်ရှိအခြေအနေအရ Future Contract များနဲ့ ပတ်သက်တဲ့ ဥပဒေများကိုရေးဆွဲရမှာ ဖြစ်သလို၊ တစ်ဖက်တွင်လည်း  Public  Company   များမှ တည် ထောင်လာမယ့် Commodity exchange  များစနစ်တကျနဲ့ အမြန် ဆုံးပေါ်ပေါက်လာစေရေးအတွက် ဟန်ချက်ညီညီဖြင့် တစ်ပြိုင်နက် တည်း ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါတယ်။
Strategic Planning for Farming Industry တောင်သူလယ်သမားများအနေဖြင့် လက်ရှိမှာ ရာသီဥတု ပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သဘာ၀ အန္တရာယ်များ၊ ပုံမှန် မဟုတ်တဲ့ရာသီဥတုဖောက်ပြန်မှုများစတဲ့အချက်တွေပေါ်မှာ ကြိုတင် ကာကွယ်ပြီး လိုက်လျောညီထွေပြောင်းလဲဆောင်ရွက်နိုင်မှု၊ ပြောင်း လဲနေတဲ့ ဈေးကွက်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သီးနှံအမျိုးအစား ရွေးချယ် စိုက်ပျိုးနိုင်မှု၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနှင့် စက် ကိရိယာများ၊ မျိုးကောင်း မျိုးသန့်များအသုံးပြုနိုင်မှု စတဲ့အချက် များဟာ ကင်းမဲ့နေဆဲဖြစ်ပြီး မိရိုးဖလာအစဉ်အလာအတိုင်း သမား ရိုးကျ စိုက်ပျိုးထုတ်လုပ်လျက် ရှိနေဆဲဖြစ်ပါတယ်။ သို့ဖြစ်၍ သမားရိုးကျစိုက်ပျိုးထုတ်လုပ်မှုမှ ခေတ်မီနည်းစနစ် များဖြင့်နိုင်ငံတကာစံချိန်မီ ထုတ်လုပ်နိုင်ရေးအတွက် Market  ပိုင်း မှာ နိုင်ငံတော်အဆင့်ကော်မတီတစ်ခုလိုအပ်သလိုမျိုး ဤစိုက်ပျိုး ထုတ်လုပ်မှုအပိုင်းမှာလည်း " စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာချမှတ် ဆောင်ရွက်ရေးကော်မတီတစ်ခု" ကို နိုင်ငံတော်အဆင့် ဖွဲ့စည်းသင့် ကြောင်း တင်ပြလိုပါတယ်။ ဤကော်မတီမှာ မိုးလေဝသပညာရှင် များ၊ စိုက်ပျိုးရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များအပြင် နိုင်ငံ တိုးတက်ရေးအတွက် ရိုးရိုးသားသားတက်ကြွစွာဖြင့် ပါဝင်ဆောင် ရွက်လိုသူ အတွေ့အကြုံရှိကုန်သည်များ၊ တောင်သူဦးကြီးများလည်း ပါဝင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အထက်ပါ ကော်မတီ ဖွဲ့စည်းရန် အရေးတကြီးလိုအပ်ကြောင်း၊ ပိုမိုပေါ်လွင်စေချင်တဲ့ အတွက်  ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်ထုတ် ဈေးကွက်ဂျာနယ်ပါ မိုးလေ၀ သပညာရှင် ဒေါက်တာဦးထွန်းလွင်ရဲ့   Interview ထဲမှ အချက် အချို့ကို အကျဉ်းချုပ် ခြုံငုံကိုးကားလိုပါတယ်။ ဒီ    Interview မှာ ဆရာကြီးဦးထွန်းလွင် က "အစိုးရ၏ မိုးလေဝသ၊ စိုက်ပျိုးရေး၊ စီးပွားရေးဌာနများသည် ဖွဲ့စည်းလုပ်ဆောင်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဌာနချင်းပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်း ကြောင်း" ထောက်ပြဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးက "မိုးလေ ဝသဌာနက ထုတ်ပြန်လိုက်တဲ့ ရာသီဥတု  ခန့်မှန်းချက်တစ်ခု ဟာ တောင်သူတစ်ဦးအနေနဲ့ ထိရောက်စွာ အသုံးမချနိုင်ပါဘူး၊ ဒါပေမယ့် စိုက်ပျိုးရေးပညာရှင်တစ်ယောက်က ဒီခန့်မှန်းထားတဲ့ ရာသီဥတုအရ ဆိုရင် ဒီလိုသီးနှံအမျိုးအစားတွေကို ဒီလိုအချိန်မှာစိုက်ပျိုးနိုင်တယ် ဆိုတာကိုသုတေသနပြုပြီးပြောနိုင်တယ်။ဒါဆိုရင် စီးပွားရေးပညာရှင် ကလည်း စိုက်ပျိုးရေးပညာရှင် ရွေးချယ်ပေးတဲ့ သီးနှံတွေအနက် ဒီနှစ်ဈေးကွက် လိုအပ်ချက်အရ  ဒီလိုသီးနှံတွေကို စိုက်ပျိုးသင့် ကြောင်း ရွေးချယ်ပေးနိုင်ပါလိမ့်မယ်။ "ဒီလိုနယ်ပယ် ၃ ခုက ပညာရှင် တွေ အကြား ညှိနှိုင်းသုတေသနပြုအပြီးမှာတော့ လယ်သမားတွေထံ လက်တွေ့ အသုံးချနိုင်တဲ့ ထိရောက်တဲ့ အကြံပေးချက်တွေရောက်ရှိ သွားပါပြီ'' လို့ဆိုခဲ့ပါတယ်။ ဒါကိုထောက်ရှုခြင်းအားဖြင့် နယ်ပယ်စုံမှ ပညာရှင်များ ပါဝင်သော နိုင်ငံတော်အဆင့် စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာ ချမှတ်ရေး ကော်မတီတစ်ခုဟာ မလွဲမသွေ လိုအပ် ကြောင်းအထင်အရှားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီ    Interview  မှာပဲ ဆရာကြီးဦးထွန်းလွင်က "သူ့အနေဖြင့် စီးပွားရေးမိုးလေဝသနှင့် စိုက်ပျိုးရေး မိုးလေဝသ ပညာရပ်များ ဖွံ့ဖြိုးရေးရည်မှန်းချက်ထားပြီး ထွန်းလွင်ဖောင်ဒေးရှင်းကို ဖွဲ့စည်းတည် ထောင် ဆောင်ရွက်ခဲ့ရာမှာ ပုဂ္ဂလိကအဖွဲ့ဖြစ်တဲ့အတွက် ပညာရှင်နဲ့ ရန်ပုံငွေရရှိမှု တွေမှာ အကန့်အသတ်တွေရှိနေသဖြင့် ထင်သလောက် ခရီးမပေါက်ကြောင်း" ပြောကြားခဲ့ပြန်ပါတယ်။ မိမိအနေဖြင့် ဒီနေရာ မှာ အကြံပြုလိုတာကတော့ ဒီရည်မှန်းချက်များကို နိုင်ငံတော်အဆင့် ကော်မတီအနေဖြင့် ဆောင်ရွက်မယ်ဆိုပါက လိုအပ်တဲ့ ရန်ပုံငွေ များကို နိုင်ငံတော်ဘဏ္ဍာငွေထဲမှ တောင်းခံသုံးစွဲနိုင်သလို Agricultural Sector   တစ်ခုလုံးရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ရန်ပုံငွေများနှင့် လယ်ယာထွက်ကုန်များရောင်းဝယ်နေကြတဲ့ ကုမ္ပဏီ များထဲမှ အလှူငွေများထည့်ဝင်စေခြင်းဖြင့်လည်း စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင်နိုင်ငံတော်အဆင့်ကော်မတီ တစ်ခုအနေဖြင့် ပြည်တွင်းပြည်ပမှာပြန့်ကြဲနေတဲ့ ပညာရှင်များကို ထိထိရောက် ရောက် စုစည်းနိုင်မှာ ဖြစ်သလို လိုအပ်ပါကလည်း မျိုးဆက်သစ် ပညာရှင်များကို ရေတိုရေရှည်စီမံကိန်းများချပြီး မွေးထုတ်ပေး နိုင်မှာ ပဲဖြစ်ပါတယ်။
Agricultural Statistics System စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ စာရင်းဇယား သတင်းအချက်အလက် စနစ်တကျ စုဆောင်းသိုမှီးထားတဲ့ စနစ် (Agricultural Statistics System) ဟာ မိမိတို့စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံအဖို့ လွန်စွာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။ ဤစနစ် အတွင်း မှာ ''လယ်ယာထွက်ကုန်သီးနှံတစ်မျိုးစီအလိုက် စိုက်ဧက၊ အထွက် နှုန်း"၊ ''မြေအသုံးပြုမှု"၊ ''ရေသွင်းစိုက်ပျိုးမှု"၊ ''သီးနှံများဈေးနှုန်း၊ ဈေး ကွက် သတင်းအချက်အလက်" စတာတွေကို စနစ်တကျကောက်ယူ စုဆောင်းသိုမှီးထားတာပဲဖြစ်ပါတယ်။ ဤစနစ်ကို အမေရိကန်၊ သြစ တြေးလျ၊ ကနေဒါစတဲ့နိုင်ငံများမှစပြီး အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီး ရှား၊ထိုင်း၊ ဗီယက်နမ်နိုင်ငံများအထိ စနစ်တကျသုံးစွဲလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့်လည်း နိုင်ငံတော်အဆင့် ကော်မတီ တစ်ခု ဖွဲ့စည်းပြီး Agricultural Statistics System  တစ်ခုကို စီမံ ကိန်းချ တည်ဆောက်သင့်ကြောင်း အကြံပြုအပ် ပါတယ်။ ဤစနစ်မှ ရရှိနိုင်တဲ့ စာရင်းဇယား၊ ကိန်းဂဏန်း၊ သတင်းအချက်အလက် များ သည် နိုင်ငံတော် အဆင့် မူဝါဒချမှတ်သူများနှင့် နိုင်ငံတော်အဆင့် စိုက်ပျိုးရေးဆိုင်ရာ အခြားကော်မတီများသို့လည်း အဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်များကို ပေးနိုင်မှာဖြစ်တဲ့အပြင် Agricultural Sector  တစ်ခုလုံးမှာ ပါဝင်ဆောင်ရွက်နေသူအားလုံး အတွက် လည်း အကျိုးရှိစေမှာဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော် အဆင့် ကော်မတီတစ်ခုဖွဲ့စည်းပြီး ဤစနစ်ကြီးကို နိုင်ငံတွင်းတည်ဆောက် ခြင်းဟာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်ကြောင်း တင်ပြ လို ပါတယ်။ အထက်ပါအကြံပြုချက်များကို ခြုံငုံသုံးသပ်ပြီး နိဂုံးချုပ်တင်ပြ လိုတာကတော့ မိမိတို့ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးအနေဖြင့် သမား ရိုးကျလုပ်ကိုင်မှုများမှသည် နိုင်ငံတကာစံမီ စနစ်တကျလုပ်ကိုင်မှုများ ဆီသို့ ကူးပြောင်းရာမှာ နိုင်ငံတော်အဆင့်ကော်မတီများ ဖွဲ့စည်းဖို့ လိုအပ်ပြီး၊ ၎င်းကော်မတီများ မှာ ပြည်တွင်း ပြည်ပ ပြန့်ကြဲနေတဲ့ ပညာရှင်များကို ပူးပေါင်းပါဝင်စေရမှာဖြစ်သလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွင်း လက်တွေ့ပါဝင်ဆောင်ရွက်နေသူများထဲမှ အတွေ့ အကြုံရှိပြီးတိုင်းပြည်အတွက် ရိုးရိုးသားသား တက်ကြွစွာ ဆောင်ရွက် လိုသူများကိုလည်း ထည့်သွင်းဆောင်ရွက်စေရမှာပဲ ဖြစ်ပါတယ်။ ဤသို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ လက်တွေ့ဆောင်ရွက်နေသူ ကုန်သည်များ၊ တောင်သူဦးကြီးများဟာ သက်ဆိုင်ရာ ကော်မတီ အတွင်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ရင်း "သဘောတရားနဲ့ လက် တွေ့'' "လက်တွေ့နဲ့ သဘောတရား" ဟန်ချက်ညီညီ အချိုးကျစွာ ပေါင်းစပ်နိုင်မယ်ဆိုရင်ဖြင့် မိမိတို့နိုင်ငံရဲ့ ရည်မှန်ချက်ပန်းတိုင်သို့ မုချရောက်မှာ မလွဲပါကြောင်း တင်ပြလိုက်ပါတယ်။