အိန္ဒိယနိုင်ငံ ပဲအဓိကစိုက်ပျိုးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာကာ၊ ရာဂျက်စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က မတ်ပဲ နဲ့ ပဲတီစိမ်း အသစ်တွေ ဈေးကွက်တွေထဲ တဖြည်းဖြည်းတိုးပြီး ဝင်ရောက်လာပြီဖြစ်ပြီး လက်ကားဈေးကွက်တွေမှာ ပဲခွဲစက် လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ဝယ်ယူမှုမရှိသေးလို့ ပဲ ဈေးတွေ ကျဆင်းလာနေပါတယ်။ အထူးသဖြင့် တော့ ဝင် ရောက်လာတဲ့ ပဲတွေမှာ အစိုဓါတ်များပြီး အရည်အသွေးနိမ့် တာကြောင့် ကုန်သည်တွေ ဝယ်ယူမှုမရှိတာ ကြောင့်လို့ ဆိုပါ တယ်။
မတ်ပဲအနေနဲ့ မွန်ဘိုင်းဈေးကွက်မှာ အရောင်းအဝယ် သွက်သလို ဈေးအနည်းငယ်တိုးလာပေမဲ့ ပဲအသစ်ဝင်နေတဲ့ ဒေသဈေးကွက်တွေမှာတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ရူပီး ၄၀၀၀-၄၅၀၀ (ကန်ဒေါ်လာ ၇၇-၈၇) ကျဆင်းလာတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို မတ်ပဲအသစ်ဝင်ရောက်မှုက တဖြည်းဖြည်းတိုးလာပေမဲ့ ဝယ်ယူမယ့်သူရှားပါးနေပါတယ်။ ဒါပေမဲ့ လာမယ့်ရက်ပွဲတော်မတိုင်မီ မတ်ပဲအသစ်ကို အချို့ စက်သမားများက ဝယ်ယူနိုင်ပြီး အချို့ပဲခွဲစက်တွေကတော့ အရည်အသွေးကောင်းမတ်ပဲဝင်ရောက်လာမှ ဝယ်ယူမှုစတင် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲစင်းငုံကို ပြည်ပက ပုံမှန်တင်သွင်းမှုရှိနေပြီး အဝယ် မရှိလို့ ဈေးဆက်ပြီး ကျနေပါတယ်။ ပဲတီစိမ်းကတော့ လွန်ခဲ့ တဲ့ ရက်တွေမှာဈေးကျဆင်းခဲ့ပေမဲ့ ယခုရက်ပိုင်းမှာ အစိုဓာတ် ကင်းတဲ့ အရည်အသွေးကောင်းပဲ ဝင်ရောက်မှု ရှိလာလို့ ဈေး အနည်းငယ်တိုးလာပါတယ်။ ဝယ်လက်တွေက အရည် အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူနေတဲ့အပြင် မိုးရွာသွန်းမှု များပြီး စိုက်ဧရိယာလျော့ကျလို့ ရာဂျက်စသန်က ပဲဝင်ရောက် မှုကျဆင်းတဲ့အတွက်ဈေးမြင့်တက်မယ်လို့ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ စားသုံးသူဈေးကွက်မှာတော့ ဒီဝါလီပွဲတော် အတွက် ဝယ်လိုအားမြင့်တက်လို့ တစ်ကီလိုကို ရူပီး ၃-၇ (ကန်ဒေါ်လာ သုည ဒသမ ၀၆ - သုည ဒသမ ၁၃ ) ခန့် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် ဒီဇယ်ဈေး မြင့်တက်တဲ့အတွက် သယ်ယူပို့ဆောင်ခ တွေကြီးမြင့်တဲ့ အတွက်လည်း လက်လီဈေးတွေ ပိုလာတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၃ ရက်မှ ဒေလီဈေးကွက်မှာ ကုလားပဲ တစ်တန်ရူပီး ၄၃၇၅၀ (ကန်ဒေါ်လာ ၈၄၇)၊ ပဲတီစိမ်း တစ် တန် ရူပီး ၅၂၀၀၀ (ကန်ဒေါ်လာ ၁၀၀၆)၊ မတ်ပဲ တစ်တန် ရူပီး၃၇၀၀၀ (ကန်ဒေါ်လာ ၇၁၆)နဲ့ ပဲစင်းငုံ မှာ ရူပီး ၃၉၀၀၀ (ကန်ဒေါ်လာ ၇၅၅) အသီးသီးရှိတယ်လို့ သိရပါတယ်။ အစိုးရက ပဲမျိုးစုံထုတ်လုပ်မှုမြင့်တက်အောင် အနိမ့် ဆုံးထောက်ပံ့ဈေး (MSP)တွေ သတ်မှတ်ပေးထားပေမဲ့ လတ် တလောဝင်လာနေတဲ့ မတ်ပဲသစ်ကိုတော့ MSP ဈေးအောက် လျှော့ပြီးဝယ်ယူနေတဲ့အတွက်တောင်သူတွေတွက်ခြေမကိုက် ကြောင်း သိရပါတယ်။ယမင်းခင်