မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အဆွဲနည်း ပြီး မြို့ခံပဲခွဲစက်တွေကသာ ဝယ်လိုအားပုံမှန်ရှိခဲ့ တာကြောင့် တစ် ပိဿာကို ၆၈၃ ကျပ် (တစ်တန်ကို ၄၁၈၂၆၂ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၄၀၀ မှ ၆၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ပဲစင်းငုံနီကို ယခင်အပတ်မှာ ရန်ကုန်ဝယ်လက်က ပြည်ပ အဝယ်တန့်သွားတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိပေမယ့် ဒီတစ်ပတ်မှာတော့ အဝယ်ပြန်လိုက်လာပြီး တစ်ပိဿာကို ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဖြင့် နေ့စဉ် အိတ် ၅၀၀ မှ ၇၀၀ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်များက ယခင်အပတ် ကထက် ဝယ်လိုအားလျော့ကျခဲ့ပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူ လုံးကြီး တစ်ပိဿာ ၉၃၄ ကျပ် (တစ်တန်ကို ၅၇၁၉၇၂ ကျပ်) ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာကို ၁၀၁၃ ကျပ် (တစ်တန်ကို ၆၂၀၃၅၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ် ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များက ဒီတစ်ပတ်မှာ ဝယ်လိုအားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ တစ်ပိဿာ ၂၁၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၆၂၂ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၁၉၅၆ ကျပ်၊ စမုံနှမ်းနက်တစ်ပိဿာ ၂၃၆၇ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background