Main menu

Background

အောက်တိုဘာ ဒုတိယပတ် ပြည်ပဲဈေးကွက်မှာ အရောင်းအဝယ်အေး

Sun, 10/14/2012 - 08:12 -- Anonymous (not verified)

အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ဈေးကွက် မှာ ပဲကြီးဈေးနှုန်းသာ ဈေးအမြင့်နဲ့ဆက်ပြီး အရောင်း အဝယ် ဖြစ်နေပေမယ့် ကျန်ပဲဈေးများကတော့ အကျဈေးအတိုင်းသာ ရောင်းဝယ်ခဲ့ကြပါတယ်။ မတ်ပဲသီးနှံမှာ ဈေးကွက်ကို ဝင် ရောက်မှု မရှိဘဲ လက်ကျန်ပဲများနဲ့သာ ရောင်းဝယ်လျက်ရှိပြီး၊ ရန်ကုန်ဝယ်လက် ကတော့ နေ့စဉ် အဝယ်ရှိခဲ့ပေမယ့် ဈေးကျ နေတဲ့အတွက် အချို့လှောင်လက်များက ထုတ်မရောင်းဘူးလို့ သိရပါတယ်။

ပဲတီစိမ်းသီးနှံကလည်း တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ မျိုး ပဲသမားအဝယ်ရှိသလို လက်လီသမားများမှလည်း အဝယ် ရှိပြီး၊ တစ်ရက် အိတ် ၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။ပဲတီစိမ်း မျိုးဈေးမှာ ယခင်နှစ်ကလိုပဲတစ်တင်း ၁၆၀၀၀ ကျပ် - ၁၇၀၀၀ ကျပ်သာရှိတဲ့အတွက် ဈေးကွာခြားမှုမရှိတာ ကို တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်မှာ ပဲတီစိမ်းအိတ် ၂၀၀ ကျော်အထိ ရောင်းချခဲ့ရကြောင်း သိရ ပါတယ်။ ကုလားပဲဈေးနှုန်းအနေနဲ့ တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ ပဲ အဝင်မရှိတော့ဘဲ လက်ကျန်များကိုသာ ခွဲစက်သမားများ နေ့တိုင်းအဝယ်ရှိတဲ့အတွက် အိတ် ၂၀၀ ကျော် ရောင်းချခဲ့ ရတယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲလက်ကျန် များရှိ သော်လည်း ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး၊ ရောင်းချနိုင် တာကြောင့် တစ်ခါတစ်ရံ အိတ် ၂၀၀ မှ ၃၀၀ အထိ တစ် တင်း ၁၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ဈေးကွက်အတွင်း တစ်တင်း ၃၀၀၀၀ ကျပ်နဲ့ ဒေသတွင်း ပဲလှော်ဖိုသမားများ ပုံမှန် အဝယ် ရှိသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ခါတစ်ရံ အဝယ်ရှိတာ ကြောင့် အိတ် ၂၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့ပြီး၊ ဈေးကွက် အတွင်း ဈေးအမြင့်ဆုံးရနေတာကိုတွေ့ရပါတယ်။ခင်ဆွေဝင်း - ပြည်