Main menu

Background

ပြည်ချင်းဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 10/14/2012 - 08:20 -- Anonymous (not verified)

ပြည်ဈေးကွက်ကို ချင်းဝင်ရောက်မှုအနေနဲ့ လက်ကျန်ချင်း(ဥမ)များသာ ဆက် လက်အဝင်ရှိနေ ပါတယ်။ အောင်ပန်းနဲ့တောင်ကြီးဈေးကွက် ချင်းအသစ်မှာ အစိုဓာတ်များနေတဲ့အတွက် ချင်း(ဥမ)များသာ ပုံမှန်စီးဝင်နေလျက် ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ဝင်ရောက်မှုရှိနေပါတယ်။ အရောင်းအဝယ် အားဖြင့် ယခုဝါတွင်းကာလ ကင်းလွတ်သီတင်းကျွတ်ကို ရောက်တော့မှာဖြစ်တဲ့အတွက် ချင်းဓားလှီးသမားများမှ အဝယ်လိုက်နေပြီး၊ ဂျွန်အမျိုးအစားချင်းများပိဿာချိန် ၂၀၀၀ ခန့်နဲ့ အရောင်းသွက်လျက် ရှိနေတယ်လို့ သိရပါတယ်။ လက်လီ၊ လက်ကား ရောင်းဝယ်သူများ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်ကို ပိဿာချိန် ၃၀၀၀ ခန့် တင်ပို့မှုအပါအဝင် ဈေးနှုန်းအားဖြင့် တစ်ပိဿာ ဂျွန် ၃၅၀ ကျပ်၊ (ရှယ်) ၅၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်