Main menu

Background

စစ်တွေမှ အုံတုံခေါက် အပို့ရှိ

Sun, 10/14/2012 - 08:25 -- Anonymous (not verified)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ်လာသုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ အုံတုံခေါက် ၅ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အတွင်းမှာ အပို့ရှိတယ်လို့စစ်တွေနယ်စပ်မှ သတင်းရရှိပါတယ်။ ယခုအပတ်မှာ မြဝတီ နယ်စပ် မှလည်းကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ကံ့ကော်ပွင့်ခြောက် တစ်တန် ကျော်လည်းအပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၁ ဒသမ ၆၀၇၇ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၉၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ သီဟိုဠ်စေ့ (အခွံမပါ)၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ဆီးသီးခြောက်၊ ကွမ်းသီးခွံ၊ တောဂျူးမြစ်၊ ကွမ်းစားဂမုန်း၊ ရွေးရွက်၊ စကားပန်း ပွင့်ခြောက်၊ ကြောင်ပန်းစေ့၊ ဆေးမြင်းခွာ၊ ခပေါင်းစေ့၊ ဒရင်ကောက်မြစ်၊ တောင်လုံး ကျော်၊ တောချင်း၊ ဆီးဆံ၊ ကြက်ဆူစေ့နဲ့ ရှိန်းခိုတို့ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ ရွေးရွက်၊ ကြောင် ပန်းစေ့၊ ဒရင်ကောက်မြစ်နဲ့ တောဂျင်းတို့အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ပရဆေးတင်ပို့မှုဟာ ယခင်အပတ် တင်ပို့မှုထက် တန်ချိန်အားဖြင့် ၃၅၃ တန်ကျော် လျော့နည်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ ၀၁၇၇ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ မင်သော် သုည ဒသမ ၅ တန်နဲ့ ဟင်းရိုင်းဖြူသုညဒသမ ၁၈ တန်အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ကန်ဒေါ်လာသုညဒသမ ၀၀၆ သန်းဖိုး အသွင်းပိုမိုခဲ့ပါတယ်။                          MIRT(DOBT)