Main menu

Background

မြန်မာ့ပို့ကုန်များ ဈေးကွက် ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်၊ ဥရောပ၊ တရုတ်တို့နှင့် စတင်ညှိနှိုင်း ဆွေးနွေးလျက်ရှိပြီ

Sun, 10/14/2012 - 10:38 -- Anonymous (not verified)

နိုင်ငံတော် အစိုးရသစ်တက်လာပြီးနောက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများသည် ပိုမိုသိသာထင်ရှား စွာ ပြောင်းလဲလာ ခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို အထောက်အကူပြုမည့် မူဝါဒ များကို ပြောင်းလဲချမှတ် ကျင့်သုံးခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး နှင့် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှု မူဝါဒများအရ မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရပိတ်ဆို့ထားခဲ့သော အမေရိကန်နှင့် ဥရောပ တို့ကလည်း စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့မှုများ၊ ရုပ်သိမ်း မှုများ ပြုလုပ်လာပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုသို့သော အချိန်ကာလတွင် အဆိုပါ အမေရိကန်၊ ဥရောပ အစရှိသည့် အနောက်နိုင်ငံ ဈေးကွက်ကြီးများသို့ တရားဝင် ကုန်သွယ်တင်ပို့မှု အခွင့်အရေးများ ဆုံးရှုံးခဲ့သော မြန်မာ့ပို့ကုန် လုပ်ငန်းရှင်များ အတွက် ဈေးကွက်ပြန်လည်ရရှိရေးမှာ အထူးအရေးကြီးသော အချက်တစ်ရပ်ဖြစ်ပေသည်။ ယခုအခါ ပုဂ္ဂလိကပို့ကုန်လုပ်ငန်း အသီးသီးကလည်း စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့ပါက လက် တွေ့စတင်တင်ပို့ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လိုကြ ပြီဖြစ်ပါသည်။ ထို့ကြောင့် ထိုနိုင်ငံများသို့ မြန်မာ့ပို့ကုန်များ အမှန် တကယ် တင်ပို့ရောင်းချ ရ/မရလည်း သိလိုလျက်ရှိကြပါသည်။ အထက်ပါ ပုဂ္ဂလိက ကဏ္ဍ၏ တောင်းဆိုသံများကို ထိရောက်စွာ ဖြည့်စွမ်းပေးနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် အမေရိကန်၊ ဥရောပနိုင်ငံ များမှ တာဝန်ရှိသူများကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ပထမ ပတ်အတွင်း စတင်တွေ့ဆုံဆွေးနွေးညှိနှိုင်း ကာ မြန်မာ့ပို့ကုန်များ ဈေးကွက် ဝင်ရောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီဖြစ် ကြောင်း သတင်းရရှိပါသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဆောင်သော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့က အမေရိကန် ပြည် ထောင်စု စိုက်ပျိုးရေးဌာနမှ Agricultural Counselor Mr. John Wade  ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံမှ အမေရိကန် နိုင်ငံသို့ မြန်မာ့ငါးပုစွန်များ တင်ပို့နိုင်ရေး အမေရိကန်နိုင်ငံ၏ ရေထွက်ကုန်များအပေါ် သတ်မှတ်ထားရှိသော စစ်ဆေးမှုပုံစံကိစ္စ ရပ်များနှင့် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ အလားတူ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး မှ စီးပွားရေးကောင်စစ်ဝန်တစ်ဦးဖြစ်သူ Mr. Machut A. Shishak   နှင့် မတ်လ ၁၁ ရက်နေ့ကတွေ့ဆုံကာ မြန်မာ့ပို့ကုန် များ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့နိုင်ရေးအတွက် လိုအပ် သော ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများကို နှစ်နိုင်ငံ အကြား စတင်ပြုလုပ်ရန်အတွက် ကနဦးဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ ကြောင်း၊ အမေရိကန်နိုင်ငံမှ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများသို့ ကိုတာနှင့် အကောက်ခွန်ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ တင် သွင်းနိုင်ခွင့် အခွင့်အရေးအား ပေးအပ်ရာ တွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်အတည်ပြုရေး၊ မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံအကြား သီးခြားကုန်သွယ်မှုဆိုင်ရာ သက်သာသော အခွင့် အလမ်းများပေးအပ်ရေး၊ အမေရိကန်နိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ညှိနှိုင်းဖြေရှင်းရေးကိစ္စရပ် များကို အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အထက်ပါ အမေရိကန်မှ တာဝန်ရှိ အရာထမ်း နှစ်ဦး၏ သုံးသပ် ပြောကြားချက်များအရ နိုင်ငံရေးအရ မြန်မာ့ပို့ကုန်များကို အမေရိ ကန်သို့ တင်ပို့ခွင့်ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းလိုက်ခြင်းမှာ မှန်ကန်သော်လည်း လက်တွေ့အမေရိကန်သို့ မြန်မာ့ကုန်ပစ္စည်း များ အမှန်တကယ် တင်ပို့နိုင်ရေးအတွက် ၎င်း တို့ကွန်ဂရက် အတွင်း အတည်ပြုချက်ရရှိရန် လိုအပ်နေသေးကြောင်း၊ ၎င်း တို့၏ အတွေ့အကြုံအရ ကွန်ဂရက်အတွင်း ဆုံးဖြတ်ချက်ကို နိုဝင်ဘာ လအတွင်း ရရှိနိုင်ဖွယ်ရှိပြီး၊ ၎င်း အတည်ပြုချက်ရရှိပြီးမှသာ မြန်မာ နိုင်ငံအပေါ် ဥပဒေပြဋ္ဌာန်း ထုတ်ပြန်ထားရှိသော စီးပွားရေးပိတ်ဆို့ မှုများကို တရားဝင် ဖယ်ရှားနိုင်မည်ဖြစ်ပြီး ထိုအချိန်မှသာလျှင် သက်ဆိုင်ရာ ဌာနအသီးသီးကလည်း မြန်မာ့ပို့ကုန်များကို အခြားနိုင်ငံ များနည်းတူ စစ်ဆေးခွင့်ပြုခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၁၃ ခုနှစ်တွင်မူ အမေရိကန်-မြန်မာ ကုန်သွယ်မှုများ နှစ်ဖက်ချောမောစွာ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပါကြောင်း၊ အမေရိ ကန်မှလည်း မြန်မာနိုင်ငံသို့ မျိုးရိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးထွက်ကုန်များ၊ အေးခဲထားသော အသားများ၊ ဝိုင်နှင့် အဖျော် ယမကာများတင်သွင်းရန် စိတ်ဝင်စားမှုရှိပါကြောင်းနှင့် အခြား ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်း အများအပြားကိုလည်း အမေရိကန်နိုင်ငံလုပ်ငန်းရှင်များက အထူးစိတ်ဝင်စားကြကြောင်း သိရှိရပါသည်။အလားတူ ဥရောပသမဂ္ဂရုံး ကုန်သွယ်ရေးနှင့် စီးပွားရေးဌာန မှ  Mr. Antonio Berenguer ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပြီး မြန်မာ့ပို့ကုန်များ ဥရောပသို့တင်ပို့ရာတွင် ဥရောပသမဂ္ဂ မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ပေးအပ်သည့် လက်နက်ခဲယမ်းမှ အပ ကျန်ကုန်ပစ္စည်းများအတွက် အထူးသက်သာခွင့် အခွင့်အရေး များ၊ ကမ္ဘာလုံးဆိုင်ရာ အထူးအခွင့်အရေးများ ခံစားခွင့်ရရှိရေး ညှိနှိုင်း ဆွေးနွေးလိုကြောင်းနှင့် မြန်မာနိုင်ငံ၏ရေထွက်ကုန်များနှင့် သစ်တော ထွက်ကုန်များ အဝတ်အထည်များ ဥရောပဈေးကွက်သို့ လွယ်ကူ ချောမွေ့စွာ ဝင်ရောက်နိုင်ရေး အခက်အခဲ အတားအဆီးများကို ဌာနဆိုင်ရာချင်း ညှိနှိုင်းဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ ဥရောပသမဂ္ဂမှ တာဝန်ရှိပုဂ္ဂိုလ်က မြန်မာ နိုင်ငံအပေါ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှုများမှာ အစိုးရသစ် စတင်တာဝန်ယူပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် အပြု သဘော မြန်မာနိုင်ငံအပေါ် ရပ်တည်လာပါကြောင်း၊ ယခင်က ILO တွင် အတင်းအဓမ္မ အလုပ်သမားစေခိုင်းမှုများကြောင့်  မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကိုလည်း ILO မှ ပယ်ဖျက် ခဲ့ပြီးဖြစ်သဖြင့် ဥရောပအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ဂျီ အက်(စ်)ပီအခွင့်အရေး ပြန်လည်ပေးအပ်ရန်  ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် ယခုနှစ် စက်တင်ဘာလအတွင်း ဥရောပ ကော်မရှင် အစည်းအဝေးတွင် မြန်မာနိုင်ငံကို ဂျီအက်(စ်)ပီ အခွင့် အရေး ပြန်လည်ပေးအပ်ရန် သဘောတူဆုံးဖြတ်ခဲ့ပြီး ဥရောပပါလီ မန်သို့ ဆက်လက်တင်ပြ  အတည်ပြုချက်ရယူရန်သာ  ကျန်ပါ ကြောင်း၊ ထို့ကြောင့် ၎င်းင်းလုပ်ငန်းအစီအစဉ်များ ပြီးဆုံးပါက ၂၀၁၃ ခုနှစ်အစတွင်ပင် မြန်မာ့ပို့ကုန်များ အခွင့်အရေး စတင်ခံစားနိုင် မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊ ဥရောပပါလီမန်ကအတည် ပြုခဲ့လျှင် မြန်မာနိုင်ငံအနေဖြင့် ဂျီအက်(စ်)ပီ သက်သာခွင့်အခွင့် အရေးများကို ၂၀၁၂ ခုနှစ်၊ ဇွန်လလယ်မှစ၍ နောက် ကြောင်းပြန် အကျိုးခံစားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာပို့ကုန် များအနေဖြင့် လိုအပ်သည့် ဂျီအက်(စ်)ပီ ပင်ရင်း သက်သေခံ လက်မှတ်တင်ပြနိုင်ပါက အကောက်ခွန်ငွေများ ပြန်အမ်း မည်ဖြစ် ပါကြောင်း၊ ထိုအခွင့်အရေးကို အသုံးချရ၍ ဈေးကွက်ထိုးဖောက် ဝင်ရောက်ခြင်းအတွက် ကုန်ဝယ်သူများ တိုးချဲ့ရှာဖွေနိုင်မည်ဖြစ် ကြောင်းတို့ကို အကြံပြုဆွေးနွေးခဲ့ကြောင်း ဝမ်းမြောက်ဖွယ် သိရှိရပါ သည်။ မြန်မာ့ပို့ကုန်များမှာ အမေရိကန်၊  ဥရောပဈေးကွက်သို့ အနာဂတ်တွင် ဝင်ရောက်နိုင်ရေး မျှော်မှန်းကြိုးစားေ နသည့်နည်း တူ လက်ရှိတွင် တရုတ်နိုင်ငံဈေးကွက်သို့ အများအပြား တင်ပို့ ရောင်းချလျက်ရှိရာ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် လည်း ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံရုံးမှ Attache' Mr.Zhang Kan  နှင့်လည်း မတ်လ ၁၁ ရက်နေ့က အလားတူ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ဆန်များ၊ ပြောင်းများနှင့် ပတ် သက်၍ ဈေးကွက်ဝင်ရောက်ခွင့်ရရှိရေး မြင့်မားသောအခွန်နှုန်းဖြင့် ကာကွယ် တားဆီးထားေ သာ မြန်မာ့ကျောက်မျက်ရတနာများနှင့် ရေထွက်ကုန်ပစ္စည်းအချို့တို့အပေါ် ပိုမိုအကောက်ခွန်နှုန်း ထား ဖြေလျော့ရေး၊ မြန်မာနှင့်တရုတ်အကြား စိုက်ပျိုးရေးထွက်ကုန်များ ဆိုင်ရာ ကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ရာ တရုတ်နိုင်ငံတာဝန်ရှိသူက တရုတ်နိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ပို့ကုန်ပစ္စည်း ၇၇၈၇ မျိုးအတွက် အကောက်ခွန် ဖြေလျော့မှုများ ယခုနှစ် စက်တင်ဘာလက ဖြေ လျော့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း ခံစားခွင့်ကို ၂၀၁၃ ခုနှစ်တွင် စတင်ခံစားနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံ ဘက်မှတောင်းဆိုသော ဆန်နှင့် ပြောင်းများ ပါဝင်ခြင်း မရှိသော် လည်း ရေထွက်ကုန်ပစ္စည်းများနှင့် သစ်တောထွက်ကုန်များ၊ စက်မှု ထွက်ကုန်များ လက်ဝတ်ရတနာများ ပါဝင်ခြင်းကြောင့် မြန်မာ့ပို့ ကုန်လုပ်ငန်းရှင်များအနေဖြင့် အကျိုးကျေးဇူးများ ခံစားရမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ-တရုတ် ကုန်သွယ်ရာတွင် နှစ်ဖက် အပြန်အလှန်ကုန်သွယ်မှုညီမျှမှုရှိရေးနှင့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာ့ပို့ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေး အပါအဝင် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးရန်အတွက် တရုတ်နိုင်ငံမှ ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လာရောက်ရန် ရှိပါကြောင်း များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။မြန်မာနိုင်ငံတော်သစ်သည်   နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုနှင့်အညီ ဘက်စုံပြုပြင်ပြောင်းလဲရေးများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးမှာလည်း အထူးအရေးကြီးကြောင်း တွေ့ရှိမည်ဖြစ်ပါသည်။ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း မလွဲမသွေ လိုအပ်ချက်တစ်ရပ် ဖြစ် လေရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များကို မျက်ခြည်မပြတ် အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည့် သတင်း အချက်အလက်များကို ဖော်ပြအပ်ပါသည်။