Main menu

Background

လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများ မူဆယ် FDA ရုံးခွဲမှာ FDA ထောက်ခံချက် လျှောက်ထားနိုင်

Mon, 10/15/2012 - 07:42 -- Anonymous (not verified)

အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်၊ စည်သွပ်ဘူး၊ ခေါက်ဆွဲ ခြောက် စတဲ့ စားသောက်ကုန်ပစ္စည်းများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး FDAရဲ့ထောက်ခံချက်ပါရှိက နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ထောက်ခံချက်ကို နေပြည်တော်နဲ့ရန်ကုန် တို့မှသာ လျှောက်ထား ရတာ ဖြစ်ပါတယ်။ ကုန်သည်လုပ်ငန်း ရှင်များ FDA ထောက်ခံချက်ရယူရာမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေရေး အတွက် မူဆယ်နဲ့ မြဝတီနယ်စပ်ကုန်သွယ် ရေး စခန်း (၂) ခုမှာ စက်တင်ဘာလအတွင်းက FDA  ရုံးခွဲ များ ဖွင့်လှစ်ပေးထားပြီးဖြစ်ပါတယ်။ FDA လျှောက်ထား မှုများအပေါ် (၁၀) ရက်အတွင်း ပြီးပြတ်အောင်ဆောင် ရွက် ပေးရန် ရက်သတ်မှတ်ပေးထားပါတယ်။ လွယ်ဂျယ်၊ ကန် ပိုက်တီးနဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများရဲ့ FDA လျှောက်ထားမှုကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ FDA ရုံးခွဲမှာ သွားရောက်လျှောက်ထားနိုင်ပြီ လို့ သိရပါ တယ်။

ဒုတိယအဆင့်အနေနဲ့ FDA ရုံးခွဲများကို မြိတ်၊ စစ်တွေ၊ တမူး၊ တာချီလိတ်နဲ့ မြစ်ကြီးနား၊ တတိယ အဆင့်အနေနဲ့ ကော့သောင်း၊ ထားဝယ်၊ မောင်တောနဲ့ ရိဒ်တို့မှာ ဖွင့်လှစ်ပေး နိုင်ရေးဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။ ကုမ္ပဏီ တစ်ခုမှFDA  ခွင့်ပြုချက်ရရှိပြီးတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် တစ်ခု အတွက် နှစ်နှစ်အတွင်း နောက်ထပ် FDA ထောက်ခံချက် မလိုဘဲ မည်သည့်ကုမ္ပဏီမဆို သွင်းကုန်လိုင်စင် လျှောက် ထားခွင့်ပြုထားပြီးဖြစ်ပါတယ်။ FDA ထောက်ခံချက်ရရှိပြီး ကုမ္ပဏီနဲ့အခြားကုမ္ပဏီတစ်ခု အကျိုးတူစာချုပ် ချုပ်ဆိုထား တဲ့ အထောက်အထားနဲ့အတူ သွင်းကုန်လိုင်စင်လျှောက် ထား ခြင်းကိုလည်း ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်တယ်လို့ သိရ ပါတယ်။ ဆေးဝါးမှတ်ပုံတင်လက်မှတ် (Drug Registration Certificate-DRC)  နဲ့စပ်လျဉ်းပြီး လုပ်ထုံး လုပ်နည်းမှာ ပါရှိတဲ့ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို နိုင်ငံခြား ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ တိုက်ရိုက်မှတ်ပုံတင်ခွင့်မရတဲ့အတွက် နိုင်ငံခြား ကုမ္ပဏီမှ အသိအမှတ်ပြုထားတဲ့ ကိုယ်စားလှယ်/ ပြည်တွင်း ကုမ္ပဏီကိုသာ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ စက်တင်ဘာလ အတွင်းက ကျင်းပတဲ့ ဝန်ကြီးဌာနအလုပ်အမှု ဆောင်အစည်း အဝေး ဆုံးဖြတ်ချက်များကို တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးစိုးလွင်က စက်တင်ဘာလ ၃၀ ရက် နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ကုန်သည် လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။                             ချမ်းမြေ့မောင်