Main menu

Background

ရှမ်းတောင်နဲ့ ရွှေဘိုပြောင်းများပါ မူဆယ်ကုန်စည်ဒိုင်သို့ ဝင်လာပြီဖြစ်

Mon, 10/15/2012 - 07:59 -- Anonymous (not verified)

ဒီနှစ်ပြောင်းရာသီမှာ ရှမ်းမြောက်ပြောင်းများသာ မူဆယ်ကုန်စည်ဒိုင်သို့ အဝင် ရှိနေရာမှ ယခုအပတ် မှာ ရှမ်းတောင်နဲ့ရွှေဘိုဒေသထွက်ပြောင်းတွေ ပါဝင် လာနေပြီလို့ သတင်းရရှိပါတယ်။ အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၉၁၃ တန် ကျော်ကို  မူဆယ် ၁၀၅ မိုင်မှ တစ်ဖက်နိုင်ငံရွှေလီသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် က မူဆယ်မှ တင်ပို့မှုထက် ၁၄၄၂ တန်ခန့်တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။ မူဆယ်ကို ယခုအပတ်အတွင်း ပြောင်းကားအစီး ၅၀ ပျမ်းမျှအဝင်ရှိပြီး အဝင်များတဲ့ နေ့မှာဆို ပြောင်းကားအစီး ၈၀ ဝန်းကျင်အထိအဝင်ရှိနေပါတယ်။ မိမိဘက် မြေပြင် ပြောင်းပေါက်ဈေး အနည်းငယ်သာကျသော်လည်း တစ်ဖက်မြေပြင်ဈေးများ ပြောင်း လဲမှု မရှိဘူးလို့ သိရပါတယ် -

မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု          ယခင်     ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု    % ၂၈၇၉၉၇     ၂၈၈၃၈၀         ၃၈၃       ၀ .၁    ၃၄၅     ၃၄၅           -            -MIRT(DOBT)