မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၇၅ သန်းတန်ဖိုးရှိတဲ့ RSS-3 ၃၄၆ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ ရော်ဘာအပို့နားခဲ့ပြီး ယခုအပတ်မှာမှ အပို့ရှိလာတာဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀ တန်ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ရော်ဘာ ၃၅၆ တန်ကျော် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်စခန်းများမှ တန် ၄၄၀ ကျော်အပို့ရှိခဲ့ရာ ယခုအပတ်မှာ ၈၅ တန်ခန့်တင်ပို့မှု လျော့နည်း ခဲ့ပါတယ်။ မူဆယ်မှာRSS-3 ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေးမိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးမြင့်လျက် ရှိတယ်လို့ သိရပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၂၂၂၅၆ ၂၅၂၂၂၅၆ - - ၂၉၉၂ ၂၉၉၂ - -RSS - 5 ၂၅၂၂၂၅၆ ၂၃၈၉၉၀၅ ၁၃၂၃၅၁ ၆ ၂၉၉၂ ၂၈၃၅ ၁၅၇ ၆ MIRT (DOBT)