Main menu

Background

အောက်တိုဘာလအတွင်း ရော်ဘာဈေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်မားလာ

Mon, 10/15/2012 - 08:05 -- Anonymous (not verified)

ကမ္ဘာ့ရော်ဘာ ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ရော်ဘာတင်ပို့မှုကို လျှော့ချတဲ့ အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်မှစပြီး  အကောင်အထည်ေ ဖာ်ပြီဖြစ်ရာ အောက်တိုဘာလအတွင်း  ရော်ဘာ ဈေးနှုန်းတွေက နေ့စဉ်နဲ့ အမျှ မြင့်မားလာတယ်။

အောက်တိုဘာလ ၂ ရက်နေ့က တစ်တန်ကို ၃၂၇၂ ဒသမ ၅၀ ဒေါ်လာရှိနေခဲ့တဲ့ ထိုင်းရော်ဘာ   RSS – 5  (မှိုင်းခံရော် ဘာ အဆင့် ၅)က အောက်တိုဘာလ ၉ ရက်နေ့မှာ တစ်တန်ကို ၃၃၁၁ ဒသမ ၅၀ ဒေါ်လာအထိ ၃၉ ဒေါ်လာ ဈေးမြင့်လာ တယ်။ စက်တင်ဘာလအတွင်း အမေရိကန်အလုပ်အကိုင်ခန့်ထားမှုနှုန်းနဲ့ ကုန်ထုတ်လုပ်နှုန်းက မျှော်လင့်ထားတာထက် တိုးတက်ခဲ့ခြင်း၊အမေရိက ကားအရောင်းနှုန်းက ၂၀၀၈ ခုနှစ် မတ်လ နောက်ပိုင်း အမြင့်ဆုံးအထိရောက်ရှိလာခြင်းနဲ့ ထိုင်းနိုင်ငံ နဲ့ မလေးရှားမှာ မိုးရွာသွန်းမှုကလည်း ရော်ဘာစေးခြစ်ယူမှုကို အားနည်းစေခြင်းတို့က ရော်ဘာဈေးကို မြင့်မားစေတယ်။ ဒါ့အပြင် အင်ဒိုနီးရှားမှာ ခြောက်သွေ့တဲ့ ဆောင်းရာသီနဲ့ ကြုံနေရခြင်းနဲ့ ထိုင်းအစိုးရက ရော်ဘာဈေးကွက် ဝင်ရောက်စွက်ဖက်မှု အစီအစဉ်ကို သက်တမ်းတိုးလိုက်ခြင်းတို့ကလည်း ရော်ဘာဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေတယ်လို့ သိရတယ်။Source:thainr.com, rubberboard.org.inပပ