Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကုလားပဲဈေးမြင့်လာ

Wed, 10/24/2012 - 05:50 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်အ ဝယ်ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၂၀ ကျပ်(တစ်တန်ကို ၅၀၂၁၅၉ ကျပ်)ဈေးနဲ့ တစ် ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲစင်းငုံနီကိုတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ဝယ်လိုအား လျော့သွားသလို လှောင်လက်ကုန်သည် များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၉၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ ရန် ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၀၀ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။