Main menu

Background

အာရှပြောင်းဝယ်လက်များ ဈေးနှုန်းကို စောင့်ကြည့်တဲ့ အနေအထားရှိ

Wed, 10/24/2012 - 07:57 -- Anonymous (not verified)

ဈေးနှုန်းမြင့်တက်မှုကို ဖြစ်စေနိုင်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြောင်း ရောင်းချမှု နည်းတဲ့အလားအလာနဲ့ မကြာသေးခင်က ပြောင်းဈေးကျဆင်းခဲ့တဲ့တိုင် ဈေးနှုန်းက အမြင့်မှာရှိနေဆဲမို့ အာရှအချို့ကုန်သည်တွေ က ပြောင်း ဝယ်ယူမှုကို တုံ့ဆိုင်းနေကြပါတယ်။ ဂျပန်ဝယ်လက်တွေဟာ ရောင်းချမှုနည်းနေတဲ့တိုင် မဝယ်မီ အချိန်ယူစဉ်းစား နေတာကြောင့် အဝယ်မသွက်ဘူးလို့ တိုကျိုအခြေစိုက်  Continental  Rice   ကော်ပိုရေးရှင်း ဥက္ကဌ Nobuyuki  Chino မှ ပြောကြားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ ပြောင်းထိပ်တန်း တင်သွင်းသူဖြစ်ပါတယ်။

အမေရိကန် ပြောင်းဈေးက ဒီနှစ်ကုန်တိုင်အောင် တစ်ဘူရှယ် ၇ ဒေါ်လာ (တစ်တန် ကန်ဒါ်လာ ၂၈၀) ဝန်းကျင်မှာ ဆက်ရှိနိုင်ပြီး၊ အဲဒီပမာဏဟာ ဝယ်လက် တွေအတွက် ဈေးနှုန်းအလွန်မြင့်နေဆဲဘဲဖြစ်တယ်လို့ Mr  Chino မှ ဆိုပါတယ်။ ဝယ်လိုအားနည်းရင် ဈေးကျဆင်းလာမယ်လို့လည်း ဝယ်လက်တွေမျှော်လင့် နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးတိရစ္ဆာန်အစာစက်ရုံ Nonghyup  Feed  မှ ဝါရင့်အရာရှိတစ်ဦးက ပြောကြားရာမှ ၎င်း တို့အနေနဲ့ ဈေးအကျကို စောင့်နေခြင်းဖြစ်ပြီး၊ ဈေးပိုမိုတဲ့တိုင် ဝယ်ယူဖို့အခွင့်အလမ်းအတွက် စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။ ယင်းကုမ္ပဏီအနေနဲ့ ၂၀၁၃ ဖေဖော်ဝါရီလတိုင်အောင် လိုအပ်ချက်ဖြည့်ဆည်း ထားပြီးဖြစ်လို့ ဈေးအကျကို စောင့်ဆိုင်းဦးမယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့ချီကာကို ဒီဇင်ဘာပြောင်းကြိုပွိုင့်ဈေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျဆင်း ခဲ့ပြီးနောက် တဖန်ပြန်ပြီးတိုးလာခဲ့ရာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၇ ဒသမ ၃၈ (တစ်တန် ကန်ဒေါ်လာ ၂၉၅)ဖြစ်ခဲ့ပါတယ်။ ပြောင်းဈေးက သြဂုတ်လမှာ တစ်ဘူ ရှယ်ကန်ဒေါ်လာ ၈ ဒသမ ၄၃ (တစ်တန် ကန်ဒေါ်လာ ၃၃၇)ထိ စံချိန်တင် မြင့် တက်ခဲ့ပြီး၊ ဈေးနှုန်းမြင့်တက် မှုကြောင့် ပြည်ပဝယ်လက်များ၊ အီသနော ထုတ်လုပ် သူများနဲ့ မွေးမြူရေးလုပ်ငန်းရှင် များရဲ့ ဝယ်လိုအားကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန်စိုက်ပျိုးရေးဌာနက ကမ္ဘာ့ထိပ်တန်း ပြောင်း တင်ပို့တဲ့ အမေရိကန်မှာ သီးနှံသိုလှောင်မှုနဲ့ ယခုနှစ်ပြောင်းအထွက်ခန့်မှန်းချက်တို့ကို လျှော့ချခြင်းက ပြောင်းဈေးနှုန်းကျဆင်းမှုကို ကန့်သတ် နေဆဲဖြစ်ပါတယ်။ ဒါ့ အပြင် ဈေးနှုန်းမြင့်တက်မှာကို စိုးရိမ်ပေမယ့်လည်း အာရှအချို့ဝယ်လက်တွေ က နောက်နှစ် တင်ပို့ဖို့ ပြောင်းဝယ်ယူမှုကို စတင်နေကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှ တိရစ္ဆာန်အစာ ထုတ်လုပ်သူများစုပေါင်း ပြီး၊ အမေရိကန်နဲ့ တောင်အမေရိကန်က ပြောင်းများကို ဇန်နဝါရီ- မတ်လအတွင်း တင်ပို့ဖို့ တန်ချိန် ၂၅၀၀၀၀ ဝယ်ယူ ထားကြောင်း သိရပါတယ်။                   ယမင်းခင်၊Source:Dow  Jones