နိုင်ငံစုံမှ ဘိလပ်မြေများဝင်အောက်တိုဘာ တတိယပတ်အတွင်းမှာ ဘိလပ်မြေ ၃၉၄၃၁ ဒသမ ၅၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုံးဆယ့်ငါးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ ဘိ လပ်မြေ ၃၅၁၀၀ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၂၆၀ တန်၊ တရုတ်နိုင်ငံမှ တန် ချိန် ၃၅၀၀၊ စင်ကာပူနိုင်ငံမှ ၆၅ တန်နဲ့ အီရန်နိုင်ငံမှ ၅၀၆ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တင်သွင်းမှုထဲမှာ ထိုင်းနိုင်ငံဘက်မှ တင် သွင်းမှုက တန်ချိန် အများဆုံးဖြစ်ပါတယ်။ ယခင်သီတင်းပတ်ထက် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် တစ်သောင်းငါးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOT)
နယ်စပ်မှ ဘိလပ်မြေ တန် ၄၃၂၀ ကျော် အသွင်းရှိအောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၄၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၃၂၉ တန်ခန့်ကို နယ်စပ်စခန်းများမှ အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၅၂၈ တန်ခန့်၊ လွယ်ဂျယ်မှ ၆၂၈ တန်၊ ချင်းရွှေဟော်မှ ၂၃၄ တန်ကျော်၊ တာချီလိတ်မှ တန် ၂၂၂၀ ကျော်၊ ကော့သောင်းမှ တန် ၂၅၀ နဲ့ မောင်တောမှ ၄၆၈ တန်ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
ပွင့်လင်းရာသီရောက်လာလို့ အဝယ်နည်းနည်းလိုက်လာတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက မိုးကလည်း နည်းနည်းပြတ်လာ တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းလည်း လုပ်ငန်းပြန်စလာကာ အဝယ်လိုက် ပေမဲ့ ဈေးက အမြင့်ဘက်မှာမရှိဘဲ ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ငါး ဆယ်လောက် ဈေးထပ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ် ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်း ဘိလပ်မြေ ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၆၂၅ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေတစ်အိတ် ၃၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက် ဒီရက်ပိုင်းမှာတော့ ဘိလပ်မြေက အသွက် ကြီးမဟုတ်ဘဲ ပုံမှန်လေးပဲ အရောင်းရှိတယ်။ ဒါပေမဲ့ ဘိလပ်မြေဈေးက အကျ ဘက်မှာပဲရှိနေတယ်လို့ သိရပါတယ်။ တံဆိပ်ပေါ်မူတည်ပြီး တစ်အိတ်ကို တစ်ရာမှ လေးရာကျပ်အတွင်း ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် နေတဲ့ဈေးက အေသုံးလုံး ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၈၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၄၉၀၀ ကျပ်၊ ကျားခေါင်း ၅၁၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီရက်ပိုင်းမှာ ဘိလပ်မြေက ရောင်းအားရှိလာသလို ဈေးကလည်း နည်းနည်းမြင့်ပြီး အရောင်းအဝယ်ဖြစ်လာ တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) တစ်အိတ်ကို ၄၉၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းနည်းနည်း တက်လာ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ယခင်အရောင်း အေးရာမှာ တဖြည်းဖြည်းအဝယ်လိုက်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ တော့ စိန်နဲ့ နဂါးဘိလပ်မြေက ဈေးအနည်းငယ်ကျလာတယ်။ ကျန်ဘိလပ်မြေက ဈေးမပြောင်းဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးက စိန်(ယိုးဒယား) တစ်အိတ်ကို ၆၅၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့ တော် ၄၉၀၀ ကျပ်၊ နဂါးတစ်အိတ်ကို ၅၇၀၀ ကျပ်၊ ဆင် (ယိုးဒယား)တစ်အိတ်ကို ၆၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ပုံမှန်အရောင်းရှိပေမယ့် ပြီးခဲ့တဲ့အပတ်မှာ ဈေးနည်းနည်းကျခဲ့တာ ဒီတစ်ပတ်မှာလည်း အဲဒီဈေးနဲ့ဘဲ အ ရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲဈေးက ဆင် (ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOT)