လွယ်ဂျယ်မြို့ကလေးရဲ့တစ်ဖက်နိုင်ငံ တရုတ်ပြည်၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့ကလေးမှာ လိုင်းရင်းရွာ ဆိုတာ လူဦးရေ ၅၀၀၀ လောက်ရှိတဲ့ ရွာငယ်ကလေးတစ်ခုဖြစ်ပါ တယ်။ အခုဆိုရင် လိုင်းရင်းရွာငယ်ကလေးမှာ ရွှေလီမှာ တည် ဆောက်ထားတဲ့ ကုန်သွယ်ရေးဇုန်ကြီးလို ကုန်သွယ်ရေးဇုန် တစ်ခုတည်ဆောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ လုံချွမ်ခရိုင် နယ်စပ် ဖွံ့ဖြိုးရေးကော်မတီ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ ယူနန်-ကျင်းအံ့မြို့ပြတည်ဆောက်ရေးကုမ္ပဏီကို ကုန်သွယ် ရေးဇုန် စတင်တည်ဆောက်ဖို့ လုပ်ငန်း အပ်နှံခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လကုန်လောက်ကတည်းက တည် ဆောက်မှုပြီးစီးနေပြီဖြစ်ပြီး ဇုန်ဖွင့်လှစ်ရန် အသင့် အနေ အထား ရှိနေတာကို တွေ့ရှိနေရပါတယ်။ ဖွင့်လှစ်မဲ့နေ့ကို တော့ မသိရသေးပါဘူး။ ဇုန်တည်ဆောက်တဲ့ ဧရိယာမှာ ၁၃ ဒသမ ၅ ဧကရှိပြီး ယွမ် ၂၇ သန်းခန့်အကုန်အကျခံ တည် ဆောက်ခဲ့တာဖြစ်ပါတယ်။ လိုင်းရင်း ကုန်သွယ်ရေးဇုန် တည်ဆောက်တဲ့ ရည်ရွယ် ချက်ကတော့ ကျယ်ခေါင်-ရွှေလီကဲ့သို့ စီးပွားရေးဇုန်ဖြစ်ပေါ် လာစေရန်၊မူဆယ်မှတစ်ဆင့်မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်သလို လိုင်းရင်း ကုန်သွယ်ရေးဇုန်ကိုလည်း လွယ်ဂျယ်မှတစ်ဆင့် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု တိုးချဲ့ ပြုလုပ် နိုင်ရန်သာမက အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများထိ ဆက် သွယ်ကူးသန်းရောင်းဝယ်ရန် ရည်ရွယ်ထားတယ်လို့ သိရှိရပါ တယ်။ သူတို့လိုပဲ မိမိနိုင်ငံဖက်မှ လွယ်ဂျယ်နယ်စပ်မြို့ ကလေး ဟာလည်း အေးချမ်းသာယာပြီး ကုန်သွယ်မှုလုပ်ငန်းများ စည် ကား ဖွံ့ဖြိုးတိုးတက်နေတဲ့ နယ်စပ်မြို့ကလေးတစ်မြို့ ဖြစ်ပါ စေလို့ ဆန္ဒပြုလိုက်ရပါတယ်။ KMW(လွယ်ဂျယ်)