Main menu

Background

ဝါကျွတ်ကာလ မုံရွာပဲဈေး အေးအေးမှန်မှန်အရောင်းအဝယ်ဖြစ်

Wed, 11/07/2012 - 06:11 -- Anonymous (not verified)

အောက်တိုဘာလကုန်ပတ် ဝါကျွတ်ကာလ မုံရွာ ကုန် စည်ဒိုင် ပဲဈေးကွက်အနေနဲ့ ပဲမျိုးစုံကျဈေးနဲ့ အရောင်းအဝယ် အေးခဲ့တယ်လို့ ကုန်သည် အသိုင်းအဝိုင်းက ကြားသိရပါ တယ်။ ကုန်သည်လက်ဝယ်မှာ ပဲလက်ကျန် အသင့်အတင့်ရှိ နေပြီး၊ ရန်ကုန်အဝယ်မရှိဘဲ ဒေသတွင်းလုပ်ငန်းသမားတွေရဲ့ အဝယ်သာရှိခဲ့လို့ ကုလားပဲမျိုးစုံ ကျဈေးဖြစ်ပေါ်ခဲ့ရာ ယခု ပတ်မှာ V2 ကုလားပဲဟာ တစ်တင်း ၁၇၂၀၀ ကျပ်ထိ အနိမ့် ဆုံးဈေးဖြစ်ပေါ်ခဲ့ပါတယ်။

အရောင်းအဝယ်အနေနဲ့ ဒေသ စက်သမားအဝယ်ကြောင့် တစ်ရက်ကို V2 အိတ် ၅၀၀ ဝန်း ကျင် ပုံမှန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသတွင်း စက်မှုဇုန်ရှိ ပဲခွဲစက်၊ ကြာဇံစက်သမားတွေ ပုံမှန်အဆွဲရှိပြီး၊ ပဲလက်ကျန် လျော့လာတဲ့ ကုလားပဲထိုင်ဝမ်နဲ့ 929 တို့ကတော့ ဈေးအသင့် အတင့်မာနေရာထိုင်ဝမ်တစ်တင်း ၁၉၅၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၀၀၀ ကျပ် အသီးသီး အမြင့်ဆုံးဈေးဖြစ်ပေါ်ခဲ့ပါ တယ်။ အရောင်းအဝယ်အားဖြင့် တစ်ရက်ကို ထိုင်ဝမ်နဲ့ ၉၂၉ ၂ မျိုးပေါင်း အနည်းဆုံး အိတ် ၅၀၀ အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ငုံနီဈေးကွက်ကတော့ ယခင်အပတ်ကလို ရန်ကုန်အဝယ် အသင့်အတင့် ရှိခဲ့ပြီး၊ တစ်တင်း ၁၇၈၀၀ ကျပ်ကနေ ၁၈၂၀၀ ကျပ်အတွင်း ဈေး အတက်အဆင်းဖြစ်ပေါ်နေပါတယ်။ နေ့စဉ်ပုံမှန် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်အနည်းဆုံး အိတ် ၅၀၀ မှ အများဆုံး အိတ် ၁၅၀၀ ထိဖြစ်ခဲ့ကာ မုံရွာကုန်သည်တွေရဲ့ လက်ဝယ်မှာ ပဲလက်ကျန်လျော့နည်းလာပြီလို့သိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်ကတော့ ပဲအသစ် ဝင်ရောက်မှု အားနည်းနေဆဲဖြစ်ကာ ပဲဟောင်းပဲသစ် ၂ မျိုး စလုံး ဝယ်လိုအားရှိနေတယ်လို့သိရပါတယ်။ ပဲသစ်အနေနဲ့ တစ်ရက်နယ်အဝင် အိတ် ၂၀၀ ခန့်ရှိပြီး၊ အရည်အသွေး ကောင်းပြီး ဝင်သလောက်ရောင်းရကာ ပဲဟောင်းအနေနဲ့ လည်း တစ်ရက်အိတ် ၂၀၀ နီးပါး နေ့စဉ် အရောင်းအဝယ် ဖြစ်နေတယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ဈေးကွက်ဝင်ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ မုံရွာ နယ်မှာ ပဲစင်းငုံဟာ လာမဲ့ ဒီဇင်ဘာလကုန်ပတ်မှာ အသစ် စတင်ထွက်ပေါ်နိုင်ပြီး၊ ကုလားပဲမျိုးစုံကတော့ ယခုအချိန်မှာ မြေပြင်တဲ့သူပြင်၊ စိုက်တဲ့သူ စိုက်နေကြတယ်လို့ သိရှိရပါ တယ်။                                ထွန်းလှိုင်-မုံရွာ