Main menu

Background

နိုဝင်ဘာလဆန်းရက် ပြည်ပဲဈေးကွက်မှာ မတ်ပဲမျိုးအဝယ်ရှိသလို ပဲတီစိမ်းအဝင်ရှိသလောက် အရောင်းသွက်တဲ့အတွက် ဈေးမြင့် ရရှိခဲ့

Wed, 11/07/2012 - 06:11 -- Anonymous (not verified)

ယခုနိုဝင်ဘာလဆန်း ပြည်ဈေးကွက်မှာ မတ်ပဲသီးနှံကို မျိုးပဲသမားများအဝယ်ရှိသလို လိုင်းသမားလည်း အဝယ်ရှိနေ ခဲ့ပါတယ်။ ကောက်စောစပါးရိတ်သိမ်းထားတဲ့ လယ်မြေများ မှာ မတ်ပဲစိုက်ပျိုးနေကြပြီဖြစ်လို့ မျိုးပဲသမားများ တစ်ရက် အိတ် ၂၀ ကျော် ၃၀ အထိအဝယ်ရှိခဲ့ပြီး မျိုးပဲတစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သလို ရန်ကုန်ဝယ် လက်ကလည်း အဝယ်ရှိပြီး တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက် အိတ် ၂၅၀ မှ ၃၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ မျိုး ပဲသမားများကတော့ အရည်အသွေး လိုက်ပြီး ဝယ်ယူကြ တဲ့အတွက် ဈေးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပဲတီစိမ်းအသစ်များ ယခုလဆန်းပိုင်းမှာ မင်းတုန်း၊ ကံမ၊ ပန်းတောင်း၊ပေါက်ခေါင်းမြို့နယ်များမှထွက်ရှိလာတဲ့ အတွက် ဈေးကွက်သို့ တစ်ရက်အိတ် ၃၀၀ နီးပါး ဝင်ရောက် လာ ခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံမှာ ယခင် အောက်တိုဘာ တတိယ ပတ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အဖွင့်ဈေးအနေနဲ့ တစ်တင်း ၁၆၃၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါ တယ်။ ယခုတစ်ပတ်မှာ အဝင်ရှိသလောက် ရန်ကုန်၊ မန္တလေး ဝယ်လက်အဝယ်လိုက်ခဲ့ပြီး တစ်တင်း ၂၁၅၀၀ ကျပ်ထိ ဈေးပေးဝယ်ယူလာတာကိုတွေ့ရပါတယ်။ ပဲစင်းငုံကတော့ လက်ကျန်များအသင့်အတင့်ရှိခဲ့သော် လည်း နေ့တိုင်း အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန် ဝယ်လက် အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ခါ တစ်ရံမှသာ အိတ် ၂၅၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ပါ တယ်။ ဈေးမှာ အပြောင်းအလဲ သိပ်မရှိဘဲ တစ်တင်း ၁၈၀၀၀ ကျပ်သာရှိခဲ့ပါတယ်။ ကုလားပဲဈေးကတော့ တစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ခွဲစက်သမားများ နေ့စဉ်အဝယ်ရှိပြီး တစ်ရက် အိတ် ၂၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲပုပ်ဈေးအနေနဲ့ တစ်တင်း ၂၃၀၀၀ ကျပ်နဲ့ ယခင် အပတ်ကထက် ဈေးအနည်းငယ်လျော့သွားခဲ့ပါတယ်။ ပဲပြား လုပ်ငန်းသမားများမှ နေ့တိုင်းအဝယ်ရှိပြီး လက်ကားရောင်း ဝယ်မှုမဖြစ်ဘဲ လက်လီအဆင့်သာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက် ၄ အိတ်၊ ၅ အိတ်ခန့်သာ ဈေးအေးအရောင်းအဝယ် အေးလျက်ရှိကြောင်း သိရပါတယ်။     ခင်ဆွေဝင်း-ပြည်