ရှမ်းပြည်နယ် တောင်ပိုင်းက လဲချားကုန်စည်ဒိုင်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး၊ အောက်တိုဘာ ၄ ရက်ကစလို့ ကုန်စည်ဒိုင် လုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၁ ရက်အထိ ဒေသထွက်ကုန် အဓိက သီးနှံ ၄ မျိုးမှ ကုန်ချိန် ၆၆၃၆၀၀ ပိဿာ (၁၀၈၃ ဒသမ ၆၂ တန်) အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဒေသထွက်ကုန် တစ်မယ်ချင်းအလိုက် ကြက်သွန်ဖြူ(အမြိတ်ပါ) ၃၀၃၈၀၀ ပိဿာ(၄၉၆ ဒသမ ၀၈ တန်)၊ ပဲပုပ်စေ့ ၉၃၃၀၀ ပိဿာ (၁၅၂ ဒသမ ၃၅ တန်)၊ မြေပဲဆန် ၁၇၅၀၀၀ ပိဿာ (၂၈၅ ဒသမ ၇၆ တန်)၊ မြေပဲတောင့် ၅၂၀၀၀ ပိဿာ (၈၄ ဒသမ ၉၁ တန်)နဲ့ နှမ်းဖြူ ၃၉၅၀၀ ပိဿာ (၆၄ ဒသမ ၅၀ တန်) ရောင်းဝယ်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
လဲချားကုန်စည်ဒိုင်မှာ တစ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူ(အမြိတ်ပါ)တစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်မှ၊ အမြင့်ဆုံး ၄၇၀ ကျပ်၊ ပဲပုပ်စေ့ တစ်ပိဿာ အနိမ့်ဆုံး ၉၀၀ ကျပ်မှ အမြင့်ဆုံး ၉၇၀ ကျပ်၊ မြေပဲ ဆန်(စက်ကျ)တစ်ပိဿာအနိမ့်ဆုံး ၁၂၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၁၀ ကျပ်၊ မြေပဲ တောင့်တစ်ပိဿာ အနိမ့်ဆုံး ၈၃၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀ ကျပ်၊ နှမ်းဖြူ တစ်ပိဿာအနိမ့်ဆုံး ၁၆၀၀ ကျပ်မှအမြင့်ဆုံး ၁၉၀၀ကျပ်ဈေးနဲ့ အသီးသီး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မင်းအောင် - တောင်ကြီး