Main menu

Background

နနွင်းတန်ချိန် တစ်ရာ့ငါးဆယ်ကျော် တင်ပို့နိုင်ခဲ့

Wed, 11/07/2012 - 06:28 -- Anonymous (not verified)

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၅၆ ဒသမ ၆၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကို ၃၀ ဒသမ ၈ တန်နဲ့ မလေးရှားနိုင်ငံကို ၁၁၅ ဒသမ ၈၄ တန် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်တာတွေ့ ရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးဆယ်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းအပို့များခဲ့တယ်လို့ဆိုရပါမယ်။FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၁၀-၅၅၀ ရရှိခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။  MIRT (DOT)