အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်တော့ ချင်းအဝင်များလာပါတယ်။ ချင်း သစ်နဲ့ချင်း(ဥမ)တွေ အဝင်များနေပေမယ့်ေ ဈးကတော့တက်လာပါတယ်။ အောင်ပန်း ဒေသတစ်ဝိုက်က ချင်းသစ်တွေ ဈေးကွက်ကို ဝင်လာတာကြောင့် အဝင်များနေ တယ်လို့ သိရပါတယ်။ ဒါပေမယ့် ချင်း(ဥမ)က ပိုပြီးအဝင်များနေတယ်လို့လည်း ပွဲရုံတွေက သိရပါတယ်။ လှောင်လက်တွေနဲ့ တောင်သူတွေကလည်း လက်ထဲမှာ ရှိနေတဲ့ ဥမတွေကို ချင်းအသစ်တွေ သိပ်မလှိုင်ခင်မှာ အကုန်ထုတ်ရောင်းနေ ကြပါ တယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ငါးသောင်းခန့်အဝင်ရှိနေပါတယ်။ ချင်းသစ် တွေကလည်း ရင့်နေပြီဖြစ်တာကြောင့် ခြံရှင်တွေအတော်များများကလည်း ဖော် နေကြပါပြီ။ အဝင်များသလို အရောင်းကလည်း ပုံမှန်တော့ဖြစ်နေတယ်လို့ သိရပါ တယ်။ ချင်း(ဥမ)က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပြီး၊ ချင်း(သစ်)ကတော့ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ်ခပ်အေးအေးသာဖြစ်နေတယ်လို့ သိရပါတယ်။ ပွဲရုံတွေက တစ်ပိဿာကို ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးနဲ့ လက်လီ သာ ဝယ်မှုရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး
Background