Main menu

Background

ပြည်ပဲဈေးကွက် နိုဝင်ဘာလလယ်မှာ ပဲတီစိမ်းနဲ့ ဘိုကိတ်ဈေး မြင့်လာသလို မတ်ပဲနဲ့ ကုလားပဲကလည်း မျိုးပဲအဝယ်လိုက်လို့ ဈေးအနည်းငယ်မြင့်လာခဲ့

Sun, 11/18/2012 - 06:53 -- Anonymous (not verified)

နိုဝင်ဘာ တတိယပတ်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲမျိုးအဝယ်လိုက်လာလို့ ဈေးမြင့်လာခဲ့သလို ပဲတီစိမ်း သီးနှံကလည်း ဝယ်လိုအားများနေတဲ့အတွက် ဈေးမြင့်လာခဲ့ တာကိုတွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ ရန်ကုန် လိုင်းသမား များမှ တစ်တင်း ၁၄၈၀၀ ကျပ်နဲ့ နေ့စဉ် အိတ် ၁၀၀-၁၅၀ ခန့်အရောင်းအဝယ်ဖြစ်သလို မျိုးပဲဈေးကတော့ အရည် အသွေးလိုက် ဝယ်ယူတဲ့အတွက် တစ်တင်း ၁၆၅၀၀ ကျပ်ထိ ဈေးရခဲ့ပါတယ်။

ပဲတီစိမ်းသီးနှံအနေနဲ့ ပဲသစ်များ ဝင်ရောက်မှုများလာပြီ၊ ပန်းတောင်း၊ပေါက်ခေါင်း၊ ပေါင်းတလည်မြို့နယ် များမှ အဝင် ရှိခဲ့တာကြောင့် တစ်ရက်အိတ် ၄၀၀ မှ ၆၀၀ ကျော် အထိ ဝင်ရောက်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ လိုင်းသမားများက လည်း အရည်အသွေးအလိုက် ဈေးပေးဝယ်ယူတဲ့အတွက် ထိပ်စတစ်တင်း ၂၂၈၀၀ ကျပ်၊ အလတ်စ တစ်တင်း ၂၂၁၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးပိုမြင့်လာခဲ့ပြီး၊ ဝယ်လိုအား လည်း ကောင်းခဲ့တာကြောင့် အဝင်ရှိသလောက် အရောင်း အဝယ်သွက်နေပါတယ်။ ပဲစင်းငုံသီးနံှကလည်း ဈေးကွက်မှာ လက်ကျန်ရှိခဲ့ပေ မယ့် အဝယ်အေးနေတာကြောင့် နေ့တိုင်း အရောင်း အဝယ် မဖြစ်ဘဲ တစ်ခါတစ်ရံမှသာ ရန်ကုန်အဝယ်ရှိပြီး၊ ဈေးကတော့ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့သာ ဝယ်ယူခဲ့ ပါတယ်။ ကုလားပဲကို ဒေသတွင်း ခွဲစက်သမားများက တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ပုံမှန်ဝယ်ယူခဲ့သလို မျိုးပဲ အနေနဲ့ တစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ပန်းတောင်းမြို့နယ်ဖက်မှ တောင်သူများ လာရောက်ဝယ်ယူ တာကြောင့် တစ်ရက်အိတ် ၂၀ နီးပါး အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။ဘိုကိတ်ပဲသစ်များကံမဘက်မှ ဆက်တိုက်ဝင် ရောက်ခဲ့ပြီး၊ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များ ဈေးပေးဝယ်ယူကြတဲ့အတွက် ယခင်အပတ်က ဈေးထက် ဈေးပိုရခဲ့တာကို တွေ့ရပါတယ်။          ခင်ဆွေဝင်း-ပြည်