Main menu

Background

နိုဝင်ဘာ ဒုတိယပတ် မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ ပဲဈေးအေး၊ နှမ်းဈေးကမာ

Sun, 11/18/2012 - 06:50 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယပတ်မှာ ပဲအများစု ဈေးအေး၊ အရောင်းအဝယ်အေးခဲ့ပြီး၊ နှမ်းဈေး ကတော့ အသင့်အတင့်မာနေကာ အရောင်းအဝယ်လည်း သွက်ခဲ့ တယ်လို့ သိရပါတယ်။

ယခုတစ်ပတ် ကုလားပဲအုပ်စုမှာ V2 ကုလားပဲအနေနဲ့ တစ်တင်း ၁၆၂၀၀ ကျပ်အထိ အနိမ့်ဆုံးကျဈေး ဖြစ်ပေါ်ခဲ့လို့ ပစ္စည်းရှိသူတွေထုတ်မရောင်းတဲ့အတွက် အရောင်းအဝယ် အေးခဲ့ပါတယ်။ ဒေသခံလုပ်ငန်းသုံး အဝယ်ရှိ လို့ တစ်ရက် အိတ် ၃၀၀ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 929 နဲ့ ထိုင်ဝမ်ကုလားပဲလည်း ယခုတစ်ပတ် မှာ လက်ကျန် ပစ္စည်းပါလာခဲ့ပေမယ့် ဈေးကတော့ ထိုင်ဝမ်တစ်တင်း  ၁၈၅၀၀ ကျပ်၊ 929 တစ်တင်း ၁၇၅၀၀ ကျပ်ထိ အသီးသီး ဈေးအေးခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၅၀၀ ခန့် ပုံမှန်ရှိခဲ့ ပြီး၊ ဒေသစက်သမား တွေ ပုံမှန်အဝယ်သာရှိခဲ့တယ်လို့ ကုန်သည်တစ်ဦးက ပြောပါ တယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်မှာလည်း မုံရွာဈေးက ရန်ကုန်ဈေးထက်စွာနေလို့ ရန်ကုန်အဝယ်မရှိသလောက် ပါးခဲ့ပြီး၊ ဒေသခံကုန်သည်တချို့  အဝယ်အနည်းငယ်ရှိလို့ တစ်ရက်ပျမ်းမျှ အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်သည်ရပ်ကွက်ကကြားသိရပါတယ်။ ပေါက်ဈေး ကတော့ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်မှာ တန့်နေ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် စိမ်းကြီးဈေးကွက်မှာ တော့နယ်ဝင်အနည်းငယ်သွက်ခဲ့ပြီး၊ တစ်ရက်အိတ် ၅၀၀ ခန့် ဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အရာတော် နယ် ဘက်က ပစ္စည်းပိုဝင်ခဲ့ပြီး၊ ပစ္စည်းကောင်းရင် တစ်တင်း ၂၁၀၀၀ ကျပ်ထိဈေးရပြီး၊ ပစ္စည်းညံ့ရင် တစ်တင်း ၂၀၅၀၀ ကျပ်နဲ့ တစ်တင်း ၅၀၀ ကျပ်လျော့ဈေးဖွင့်ခဲ့ တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်အားဖြင့် တစ်ရက်ကို အိတ် ၄၀၀ မှ ၅၀၀ အထိဖြစ်ခဲ့ပြီး၊ နိုဝင်ဘာလကုန် ပတ်လောက်ဆိုရင် အညာပိုင်း(ကနီ၊ မင်းကင်း)မြို့နယ်တွေက ပဲတီအသစ်တွေ လှိုင်လှိုင်ဝင်လာမယ်လို့ ပဲတီစိမ်း ကုန်သည်တစ်ဦးကပြောပါ တယ်။ အခုလို နိုဝင်ဘာဒုတိယပတ်အတွင်း မုံရွာကုန်စည်ဒိုင် ဈေးကွက်မှာ ပဲမျိုးစုံဈေးအေး၊ အရောင်းအဝယ်အေး နေခဲ့ပေ မယ့် အသစ်ဝင်စပြုတဲ့ နှမ်းဖြူကတော့ အဝင်သွက်လာပြီး၊ အသစ်တစ် တင်း ၂၉၀၀၀ ကျပ်ထိ ဈေးမှာ မာနေကာ၊ အဟောင်းကတော့ တစ်တင်း ၂၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်သွက်ခဲ့တယ် လို့သိရပါတယ်။လာမယ့်နိုဝင်ဘာတတိယ ပတ်လောက်မှာ နှမ်းဖြူအဝင်လှိုင်လာမယ်လို့ နှမ်းကုန်သည် တွေရဲ့ စကားအရ လေ့လာသိရှိရပါတယ်။   ထွန်းလှိုင် - မုံရွာ