အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်းဒေသထွက်ကုန် ၃၇၇၀၀၀ ပိဿာ (၆၁၅ ဒသမ ၆၂ တန်) အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခင်အပတ်က ထက်(၁၈၇ ဒသမ ၀၄ တန်)ပိုမိုရောင်းဝယ် တင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါဒေသထွက်ကုန်များမှာ ကြက်သွန်ဖြူ ၆၂၅၀၀ ပိဿာ(၁၀၂ ဒသမ ၀၅ တန်)၊ပြောင်း၆၈၀၀၀ ပိဿာ(၁၁၁ဒသမ ၀၄ တန်)၊ ပဲပုပ် စေ့ ၂၄၀၀၀ ပိဿာ (၃၉ ဒသမ ၁၉ တန်)၊ ပန်းနှမ်း ၆၂၀၀ ပိဿာ (၁၀ ဒသမ ၁၂ တန်)၊ ချင်းအစို ၈၅၀၀၀ ပိဿာ (၁၃၈ ဒသမ ၈၀ တန်)၊ နနွင်း ၄၃၀၀ ပိဿာ (၇ ဒသမ ၀၂ တန်)၊ ချင်းခြောက် ၅၀၀၀ ပိဿာ (၈ ဒသမ ၁၆ တန်)နဲ့ အာလူး ၁၂၂၀၀၀ ပိဿာ (၁၉၉ ဒသမ ၂၁ တန်) တို့ဖြစ်ကြောင်းသိရပါတယ်။
အောင်ပန်းကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူတစ်ပိဿာ အနိမ့်စ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်၊ ထိပ်စ ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၃၀၀ ကျပ်မှ ၃၂၅ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ ၉၀၀ ကျပ်မှ ၁၁၀၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ ၁၁၀၀ ကျပ်မှ ၁၁၅၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၂၀၀ ကျပ်မှ ၂၈၀ ကျပ်၊ နနွင်းတစ်ပိဿာ ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၁၂၀၀ ကျပ်မှ ၁၃၀၀ ကျပ်၊ အာလူးတစ်ပိဿာ အနိမ့်စ ၃၀၀ ကျပ်မှ ၃၅၀ ကျပ်နဲ့ ထိပ်စ ၆၀၀ ကျပ်၊ ၆၅၀ ကျပ်တို့ဖြစ်ကြပြီး၊ နိုဝင်ဘာ ဒုတိယပတ် အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ကြက်သွန်ဖြူနဲ့ အာလူးဈေးနှုန်းမှာ တည်ငြိမ်နေသော်လည်း ဝင်သလောက်အရောင်း အဝယ်ဖြစ်ပြီး၊ ချင်းအစိုဈေးနှုန်းမှာ သိသိသာသာမြင့်တက် လာကြောင်းနဲ့ ပဲပုပ်စေ့၊ ပန်းနှမ်းမှာ ဈေးနှုန်းငြိမ်နေသော်လည်း ဈေးကွက်လက်ကျန်နည်းပါးနေပြီဖြစ် ကြောင်း သိရပါတယ်။ မင်းအောင်-တောင်ကြီး