မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၈၂၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ အများ ဆုံးတင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ နနွင်းတက် (ရှမ်း/ကျောက်ဆည်)၊ သရက် ပြားခြောက်၊ ကွမ်းစားဂမုန်း၊ ဆီးဆံ၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ မိကျောင်း ကွမ်းဖတ်စေ့၊ တောချင်း၊ ကွမ်းသီးခွံ၊ စကားပန်းပွင့်ခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ဝဥခြောက်၊ တောင်လုံးကျော် နဲ့ ကြောင်လျာစေ့တို့ဖြစ် ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်မှာ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးရှိ ရှိန်းခိုတစ်တန်ကို တင်သွင်းခဲ့ပါတယ်။ခင်ကလျာဦး၊ MIRT(DOBT)
Background