Main menu

Background

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အဝင် ကျောက်စိမ်းများဖမ်းမိ

Fri, 11/30/2012 - 04:37 -- Anonymous (not verified)

တရုတ်ပြည်သို့ တရားမဝင်လမ်းကြောင်းမှ တင်ပို့ရန် သယ်ဆောင်လာသောကျောက်စိမ်းများကို မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အဝင် ရှောင်ကွင်းလမ်းခွဲ၌ ၂၂-၁၁-၂၀၁၂ရက်နေ့ ည ၂၀း၀၀ ချိန်တွင် ဖမ်းဆီးရမိကြောင်း သိရ ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုရှောင်ကွင်းရန် ထော်လာဂျီ ၁ စီးပေါ် တင်ဆောင်ရန် ပြင်ဆင်နေဆဲ အချိန်တွင် ဖမ်းမိခြင်းဖြစ်ပြီး လှုပ်ရှားတားဆီးရေးအဖွဲ့ (Mobile Team) ရောက်ရှိချိန်၌ ယာဉ်များနှင့် ပိုင်ရှင်များ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ မြေကြီးပေါ်တွင် စုပုံထားသော ပစ္စည်းများ စစ်ဆေးကြည့်ရာတွင် ကျောက်စိမ်း တုံး ၇၈ တုံး (၃၆၉ ကီလို)နှင့် လောက်စာလုံးအရွယ်ရှိ သတ္တုရိုင်းများဟု ယူဆရသော ၅၀ ကီလိုဝင် တစ်အိတ်နှင့် ၄၅ ကီလိုဝင်အမှုန့် နှစ်အိတ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော ကျောက် စိမ်းများနှင့် သတ္တုရိုင်းများဟုယူဆရသောပစ္စည်းများအားအကောက် ခွန်ဦးစီးဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင် ရွက်နိုင်ရန် လှုပ်ရှားတားဆီးရေးအဖွဲ့မှ အပ်နှံဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။            ခမ်လျန်စွမ်း (မူဆယ်)