Main menu

Background

ပွင့်လင်းရာသီ စက်သမားအဆွဲပိုပေမဲ့ လှောင်သူငိုတဲ့ မုံရွာပဲဈေးကွက်

Mon, 12/03/2012 - 04:25 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင်၊ နိုဝင်ဘာလကုန်ပတ် ပဲဈေးကွက်မျိုးစုံ ဟာ ကျဈေးအဖုံဖုံဖြစ်ခဲ့ကာ Export အဝယ်မရှိ ခဲ့ဘဲ ဒေသခံ စက်သမားတွေဝယ်လိုအားပိုပေမဲ့ တောင်သူတွေ ဈေးမကိုက် လို့အရှုံးပေါ်နေခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ အထူး သဖြင့်ကုလားပဲမျိုးစုံအနေနဲ့ ဒေသအတွင်း စိုက်ပျိုးထုတ်လုပ် မှု အားကောင်းခဲ့ပြီး၊ ကုန်သည် ဝယ်လက် Export  အထွက် နည်းလာခဲ့ကာ ဒီလထဲမှာ တစ်တင်း ၁၃၀၀ ကျပ်ကနေ၊ ၂၃၀၀ ကျပ်အထိ သိသိသာသာ ဈေးအေးသွားခဲ့တာကိုတွေ့ ရပါတယ်။

ယခုတစ်ပတ်မှာဖြစ်ပေါ်လာခဲ့တဲ့ ကုလားပဲအုပ်စုပေါက် ဈေးတွေကတော့ V2 တစ်တင်း ၁၅၂၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၆၁၀၀ ကျပ် အသီးသီးအနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့ ပါတယ်။ ဈေးကွက်အနေနဲ့ ဒေသခံပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်သမားတွေနဲ့ ပဲကြော်ဖို ပဲလက်လီဝယ်လက်တွေသာ အဝယ်ရှိခဲ့ကာ ယခု တစ်ပတ်အတွင်းကုလားပဲမျိုးစုံတင်း ၄၅၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ကုလားပဲနည်းတူ နထစသမအ အဝယ်မရှိတဲ့ ပဲစင်းငုံနီ ဈေးလည်း တစ်ရက်ထက်တစ်ရက်ကျဈေး ဆက်လက် ဖြစ် ပေါ်ခဲ့ရာဒီလထဲမှာ လဆန်းပိုင်းကတစ်တင်း ၁၇၅၀၀ ကျပ် ထိ အမြင့်ဆုံးဈေးဖြစ်ပေါ်ခဲ့ရာက ယခုအပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံကုန် သည်အချင်းချင်းသွေး ပူလေ့ကျင့်ခန်းဆင်းသလောက်  အဝယ် အရောင်းသာရှိခဲ့လို့ ဒီတစ်ပတ်မှာ တင်း ၁၅၀၀ မှ ၂၀၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ်အတွင်း ဈေးအဆင်းအတက်နဲ့ ပစ္စည်းအဝင် အထွက် သွက်လက်ခဲ့တာကတော့ ပဲတီစိမ်းကြီး ဈေးကွက် ဖြစ်ပါတယ်။ နယ်စုံက ပစ္စည်းအဝင်သွက်လာပြီး၊ မန်းနဲ့ရန်ကုန် ဝယ်လက်စုံခဲ့လို့ ဒီရက်ပတ်အတွင်းတင်း ၄၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကပြောပါတယ်။ ပေါက်ဈေး အနေနဲ့ စိမ်းကြီးတစ်တင်း ၁၉၅၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၁၉၇၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အသီးသီး ဈေးမာနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဆီထွက်သီးနှံ နှမ်းဖြူဈေးကွက်ကတော့ ထင်သလောက်ဈေးမရခဲ့ကြဘဲ ယခင်အပတ်ကထက် တစ် တင်း ၁၀၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ ဒေသတွင်းက ပစ္စည်းအဝင် တက်လာခြင်း၊ တရုတ်ဝယ်လက် အဝယ်တုံ့ ဆိုင်းခြင်းနဲ့ ကထိန်ရာသီအရောင်းအဝယ်အေးခြင်းတို့ကြောင့် ခုလိုနှမ်းဖြူဈေးအနည်းငယ် ကျဈေး ဖြစ်ခဲ့ခြင်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။ ဒေသ တွင်း နှမ်းကုန်သည် တွေ ကတော့ နှမ်းဖြူဈေးအကျမှာ လှောင်ဖို့ ဝယ်သူတွေရှိလို့ တစ်ရက်တင်း ၅၀၀ မှ ၁၀၀၀ ကြား နေ့စဉ်အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။     ထွန်းလှိုင်-မုံရွာ