Main menu

Background

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာအဆင့်စုံ ၁၆၀၀ တန်ကျော်တင်ပို့ခဲ့

Wed, 12/05/2012 - 07:01 -- Anonymous (not verified)

နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၆၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းတန်ဖိုးရှိ RSS -3 တန်ချိန် ၆၀ ကိုသာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ရော်ဘာအဆင့်စုံ တန် ၁၀၆၈ တန်ကျော်တင်ပို့ခဲ့သဖြင့် ယခင်အပတ်ထက် ၂ ဆနီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်စခန်းမှ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ရော်ဘာ ၃၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၃ သန်းတန်ဖိုးရှိ RSS -3 ၂၉၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုးရှိ MSR-20 ၂၀၃  တန်ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ မြေပြင် ပေါက်ဈေးများ မှာ ပြောင်းလဲမှုမရှိတာကို တွေ့ရှိရပါတယ် - မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု           ယခင်       ပြောင်းလဲမှု    %      ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၇၂၈၀၀    ၂၅၇၂၈၀၀            -          -      ၃၀၈၁     ၃၀၈၁            -           -RSS - 5    ၂၅၀၅၈၀၀    ၂၅၀၅၈၀၀            -          -      ၃၀၀၁     ၃၀၀၁            -           -MIRT (DOBT)