Main menu

Background

အဆိပ်အတောက် ကင်းစင်မှုမှသည် ကုသိုလ်လည်းရ ဝမ်းလည်း၀ သို့

Mon, 12/10/2012 - 07:44 -- Anonymous (not verified)

ကုသိုလ်လည်းရပြီး ဝမ်းလည်းဝတဲ့ အလုပ်နဲ့ အသက်မွေးဝမ်း ကျောင်း ပြုနေရတဲ့သူဟာ အပျော်ရွှင်ရဆုံး သူ ဖြစ်တယ်လို့ ဆိုချင်ပါ တယ်။ အချို့သောလူများသည် ဝမ်းဝရုံသာမကဘဲ သားသမီး၊ မြေး၊ မြစ်တိုင် စားမကုန်အောင် ငွေကြေးချမ်းသာကြပါတယ်။ အချို့သော လူများကျတော့လည်းတစ်နေ့လုပ်မှတစ်နေ့ စားရတဲ့ ဘဝနဲ့ လောကဓံ တရားရဲ့ အထုအထောင်းကို မချိမဆန့်ခံစားနေကြရပါတယ်။ အချို့ သောလူများ ကတော့သည် သားသမီးများအထိ စားစရာမပေးနိုင် သော်လည်း နေ့စဉ်စားသောက်ရန် ပူပင်ကြောင့်ကြရသည့် ဘ၀ မဟုတ်ပေ။ လူသားဖြစ်သည့်အတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားရသည် မှာ မှန်ကန်သော နိယာမတစ်ခု ဖြစ်ပါတယ်။ တစ်ထွာခန့်မျှသာရှိ သော ဝမ်းအတွက် နဖူးကချွေး ခြေမရောက်သည်အထိ အလုပ်လုပ် ကြရပါတယ်။ အလုပ်လုပ်ရာမှာလည်း အစိုးရဝန်ထမ်းအလုပ်၊ စိုက် ပျိုးထုတ်လုပ်ခြင်းအလုပ်၊ ဝန်ဆောင်မှုအလုပ်နှင့် အရောင်းအဝယ် အလုပ်စသည်ဖြင့် အလုပ်ခွဲခြား လုပ်ကိုင်ကြရပါတယ်။ လုပ်ကိုင် ဆောင်ရွက်တတ်ပါက အလုပ်အားလုံး ဝမ်းဝစရာချည်းသာဖြစ်ပြီး မြင်တတ်လျှင် အများကောင်းကျိုးအတွက် ကုသိုလ်ရယူနိုင်တာ ချည်းပင်။

 
မမှန်တာလုပ်မှ ချမ်းသာမည် ဒါပေမယ့်လူတို့ရဲ့သဘောသဘာဝဟာလောဘ၊မောဟ၊ ဒေါသ တို့ကိုရှေ့တန်းတင်ပြီး နေ့စဉ်ရုန်းကန် လုပ်ဆောင်နေတတ်ပါတယ်။ဤအချင်းအရာများကြောင့် လူသားအချင်းချင်းတိုက်ခိုက်ကြ၊ ယှဉ် ပြိုင်နေကြရတယ်။ မဟုတ်မမှန် လိမ်လည်နေကြရတယ်။ မမှန်မကန် လုပ်ကိုင်တတ်လာကြတယ်။ အထူးသဖြင့် ကုန်သည်လောကမှာ မဟုတ်တာ၊ မမှန်တာ လုပ်လိုက်ရမှ ချမ်းသာမည်ဟူသော ရှေးက အယူအဆဟာ ကျွန်တော်တို့နိုင်ငံမှာ အရိုးစွဲနေပြီဖြစ်တယ်။ ပြုပြင်ရန် မလွယ်ကူတဲ့ အခြေအနေမှာပဲ ရှိနေသေးတာပါ။ ဒါကြောင့်လည်း နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများမရရှိခြင်း၊ အခွန် အကောက်ဆိုင်ရာ ဝန်ထမ်းများဟာလည်း အကျင့်ပျက် ဝန်ထမ်းဖြစ် လာရခြင်း၊ စံချိန်စံညွှန်းမမီကုန်ပစ္စည်းများဝင်ရောက်လာ၍ ပြည်သူ များ ဆုံးရှုံးမှုနှင့် ကြုံတွေ့နေရခြင်းများသည် မမှန်မကန်လုပ်မှချမ်းသာ မည်ဟူသောများကြောင့် ယနေ့ထိတိုင် သက်ဆိုးရှည်နေရ တာဖြစ်ပါ တယ်။ ၎င်းတို့သည် ဝမ်းဝဖို့အရေးတစ်ခုတည်းကိုသာ ကြည့်တတ်သူ များ ဖြစ်ကြပါတယ်။ ဒါကြောင့် မိမိအတွက်လည်း အကျိုးစီးပွားဖြစ် ပြီး၊ တိုင်းပြည်နှင့် လူမျိုးအတွက်လည်း အကျိုးမယုတ်စေနိုင်ေ သာ ရောင်းဝယ်ခြင်း အလုပ်အား ကုန်သည်လောကတွင် တစ်နေ့ထက် တစ်နေ့ တိုးပွားလာစေရေး ကို မျှော်လင့်ရပါသည်။
အစားအသောက်ကြောင့် ရောဂါပို ရှေးရှေးက အဘိုးအဘွားများရဲ့ ဗိုက်နာလို့၊ ခေါင်းကိုက်လို့၊ ခေါင်းမူးလို့၊ ဇက်ကြောတက်လို့ စတဲ့ ပြောဆိုသံ များဟာ အတော် ကြားရခဲသော စကားလုံးများသာဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ်လက်လှုပ်ရှား မပြတ်ရှိခြင်း၊  အနေအထိုင် မှန်ကန်ခြင်း၊ အဆိပ် အတောက်ကင်းသော အစားအစာများစားသုံးခြင်းကြောင့် ကျန်းမာ ခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် နှလုံး၊ ကျောက်ကပ်၊ အသဲအဆီ ဖုံး၊ သွေးတိုး၊ သွေးချို၊ ဆီးချို၊ ကင်ဆာ အစရှိတဲ့  ရောဂါအမျိုးမျိုး အကြောင်း နေ့စဉ်လိုလို အသံကျယ်လောင်စွာ ကြားနေရပါတယ်။ အဲဒီရောဂါ တစ်မျိုးမျိုး မရှိသူကို ခေတ်မမီသယောင် ပြောဆို တတ် ကြပါတယ်။ အဲဒီရောဂါများဟာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနဲ့ အနေအထိုင်မမှန်ကန်ခြင်းများထက်အစားအသောက်ကြောင့် ရောဂါ ပိုးအဖြစ်များတယ်လို့ ပညာရှင်များက ဆိုကြပါတယ်။ စားသောက် ကုန်ပစ္စည်းတွေမှာ ပြည်တွင်းကထုတ်လုပ်တဲ့ ဓာတုဗေဒ ဆိုးဆေး တွေကို အသုံးပြုထားတဲ့  အစားအသောက်တွေနဲ့ ပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ မူမမှန် စားသောက်ကုန်ပစ္စည်းများတွေအဖြစ်သာ တည်ရှိနေရတာဖြစ်တယ်။ မန္တလေးမြို့ ဆေးရုံများမှာ အသက်သုံးနှစ်အရွယ်များမှစ၍ အရွယ်မျိုးစုံသော ကင်ဆာဝေဒနာလူနာများ ၂၀၁၀ ပြည့်နှစ် နောက် ပိုင်းတွင် ပိုမိုအတွေ့များတယ်လို့ မိတ်ဆွေဆရာဝန်တစ်ဦးရဲ့ ပြော ကြားချက်အရ သိရှိရပါတယ်။ အဲဒီလူနာတွေအနက် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များမှ လာရောက်ကုသတဲ့ လူနာအရေ အတွက် ဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။  ရှမ်းပြည်နယ် မြောက်ပိုင်း သည် တစ်ဖက်နိုင်ငံနှင့် နီးကပ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်ခြင်းထက် တစ်ဖက်နိုင်ငံမှ ဝယ်ယူစား သောက် ခြင်းက ကုန်ကျစရိတ်သက်သာတာကြောင့် ဖြစ်ပါတယ်။တစ်ဖက် နိုင်ငံမှလာတဲ့ အသီးအရွက်များဟာ ရောင်းပန်းလှစေဖို့ ဓာတုဗေဒ ဆိုးဆေးများ အသုံးပြုခြင်း၊ အရွက်မညှိုးနွမ်းစေရန် ဆေးစိမ်ထား ခြင်း၊ စိုက်ပျိုးချိန်တွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန် အကျွံအသုံးပြုခြင်း၊ အသီးအရွက် အားတိုးဆေးများ လိုသည် ထက် ပိုသုံးခြင်းစတဲ့ လုပ်ဆောင်ချက်များကြောင့် စားသုံးသူများအတွက် ဘေးထွက်ဆိုးကျိုးပြဿနာ (Side Effect)  ဖြစ်ကာ ကင်ဆာရောဂါ ဝေဒနာများ ခံစားရခြင်းဖြစ်ပါတယ်။
အချိန်တိုတို၊ များများနဲ့ မြန်မြန် တရုတ်လူမျိုးများဟာ အလုပ်အလွန် ကြိုးစားတတ်ကြတဲ့ လူမျိုး တွေဖြစ်တာနဲ့အညီ အလုပ်လုပ်ရာမှာလည်း အိမ်နီးနားချင်းကို အမြဲ ယှဉ်ပြိုင်လေ့ရှိကြောင်း၊ စိုက်ပျိုးရေးတွင်လည်း များများစိုက်၊ မြန် မြန်ထုတ်စနစ်ကြောင့် မိမိထုတ်လုပ်သောအသီးအရွက်များ မပျက်စီး အောင် နည်းလမ်းပေါင်းစုံအသုံးပြုရာမှာ အန္တရာယ်ရှိဆေးများ အသုံး ပြုခြင်း၊ အခြားစားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်ရာမှာလည်း စားသုံးသူများ အန္တရာယ်ကင်းရေး ကိုအလေးမမူဘဲ အပေါ်ယံထုပ်ပိုး ခွံ သပ်ရပ်လှပရေးသာ ဦးစားပေးခြင်း၊ ကုန်ပစ္စည်းများကို အချိန်တို အတွင်း များများနှင့်မြန်မြန် ထုတ်လုပ်ခြင်းစတဲ့ ကျန်းမာရေးကိုဆိုးရွား စွာထိခိုက်စေနိုင်သောသူတို့ရဲ့ သဘောသဘာဝများ ကို လေ့လာတွေ့ ရှိခဲ့ရပါတယ်။ သို့သော်လည်း တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သူကို အပြစ် မတင်လိုပါ။ မိမိဖက်ရှိ တင်သွင်းသူနှင့် စားသုံးသူများကို အပြစ်တင် လိုပါတယ်။ အကြောင်းမှာ မျက်မြင်လှပပြီး ဈေးသက်သာတဲ့ ပစ္စည်း များဟာ အန္တရာယ်မကင်းနိုင်တာကိုမစဉ်းစားဘဲ ဝယ်ယူစားသုံးတာ ကြောင့်ဖြစ်ပါတယ်။ အဲဒီလိုသတိမမူဘဲ ဝယ်ယူစားသုံးရာမှာ အလေ့ အထဖြစ်လာပြီး နောက်ပိုင်းမှာ အလေ့အကျင့်ဖြစ်လာတယ်။တဖြည်း ဖြည်းနှင့် အန္တရာယ်ရှိခြင်းမရှိခြင်းက အဓိကမဟုတ်တော့၊ အလွယ် တကူရနိုင်ပြီး အသင့်စားသောက်ရန်အ ချိန်နှင့် ငွေကြေး ကုန်ကျမှု သက်သာစေရေးကို အဓိကဦးစားပေးအဖြစ် ရပ်တည်လာရတယ်။ အကျိုးဆက်အနေနဲ့ ကင်ဆာ လို ရောဂါမျိုးတွေမရသင့်ဘဲ ရလာပဲ ဖြစ်တယ်။ အင်္ဂလိပ်စကားပုံ တစ်ခုဖြစ်သော  An ounce of prevention is worth a pound of cure ကာကွယ်မှု တစ်အောင်စ သည် ကုသခြင်း တစ်ပေါင်ထက်သာ၍ ကောင်းသည်လို့ ဆိုထား တဲ့အတွက်ဒီစကားဟာ ဒီနေ့အချိန်အခါနဲ့ ကိုက်ညီလျက် ရှိပါတယ်။ ကင်ဆာရောဂါကုသ ဖို့အတွက် ငွေကြေးမြောက်မြားစွာအကုန်အကျ ခံခြင်းထက် အန္တရာယ်ပေးနိုင်သောအစားအသောက်များ သတိရှိစွာ ရှောင်ကျဉ်သင့်ကြောင်းအဲဒီစကားပုံနဲ့ သတိပေးထားတာဖြစ်ပါတယ်။
ကလေးအငိုတိတ်ဖို့ အချို့သောမိဘများဟာ ကလေးအငိုတိတ်ဖို့အတွက် တွေ့ ကရာမုန့်များ ဝယ်ကျွေးတတ်ကြပါတယ်။ ကလေးအငိုတိတ်လျှင်ပြီး ရော ဆိုပြီးပေးတတ်ကြပါတယ်။ အစပ်ချောင်းကဲ့သို့သော မုန့်များ ကျွေးမိပါက ကလေး အတွက် အလွန်အန္တရာယ်များပါတယ်။ ၎င်း အစပ်ချောင်းတွင် စွဲလမ်းစေသော ဓာတုဗေဒ ဆေးဝါးများ ပါရှိခြင်း ကြောင့်ဖြစ်ပါတယ်။ ၎င်းအစပ်ချောင်းများများစားတဲ့ ကလေးသူငယ် များမှာ ကင်ဆာကဲ့သို့သော ရောဂါရလာစေခြင်းဖြစ်ပါတယ်။ ဝယ် စားတဲ့ ကလေးရှိတဲ့အတွက် ရောင်းတဲ့သူ ရှိနေတာဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုအန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ဝယ်စား မယ့်သူမရှိပါက မည်သူမျှထုတ်လုပ်လိမ့်မည် မဟုတ်ပါ။ ကျွန်တော်တို့ နိုင်ငံမှာ အချို့သောမြို့နယ်ပညာရေးမှူးများသည် ကျောင်းများတွင် တရုတ်နိုင်ငံထုတ် မုန့်များ ရောင်းချခြင်းမပြုရန်နှင့် ကျောင်းသူ၊ ကျောင်းသားများစားသုံးခြင်းမပြုရန် တားမြစ်ထားကြောင်း သိရှိရပါ တယ်။ အမြော်အမြင်ရှိသော ပညာရေးမှူးများအား ချီးကျူးရမည်ဖြစ် ပါတယ်။ ကလေးသူငယ်များကို အဲဒီလိုအန္တရာယ်ပေးနိုင်တဲ့ မုန့်များ ဈေး ကွက်အတွင်းလုံးဝမရှိရေး လိုအပ်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်များ ကျန်းမာသန်စွမ်းဖို့ အစားအသောက် များကို ဂရုစိုက်ရွေးချယ်တတ်ရန် လိုအပ်နေပြီဖြစ်ပါတယ်။ ဥပမာ တစ်ခုဖြင့် တင်ပြရလျှင် အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင် ပွဲမှာ ကျွန်တော်တို့နိုင်ငံမှ အားကစားသမားများဟာ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူစတဲ့နိုင်ငံများနဲ့ အင်အားချင်း၊ ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှုများ မှာ လိုက်၍မမီတော့ပါ။ ခန္ဓာကိုယ်အား ဘေးဖြစ်စေသော အစား အသောက်ပါဝင်မှုနှုန်းမြင့်မားနေပြီးအာဟာရဓာတ်ရသင့်သလောက် မရတဲ့အတွက် အိမ်နီးချင်း နိုင်ငံများရဲ့ အားကစားသမား တစ်ဦးချင်း အလိုက် အရည်အသွေးမမီခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အဆိပ်အတောက်ကင်းစင်သော အစားအသောက်များ စားသုံးနိုင် ရေးသည် နိုင်ငံတော်နှင့်လူမျိုးအတွက် အရေးကြီးလှပါတယ်။
ဝိသမလောဘကြောင့် ကောက်ကျစ်ယုတ်မာ ကျွန်တော်တို့မြန်မာလူမျိုးများဟာ သူစိမ်းသူရံကိုပင် ဒုက္ခကြုံ တွေ့တဲ့အခါကူညီတတ်သည့်နေရာမှာ ကမ္ဘာ့နိုင်ငံများမှ အသိအမှတ် ပြုခဲ့ထားကြရတဲ့လူမျိုးများဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့သော ဝိသမလောဘ ပုဂ္ဂိုလ်များရဲ့ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်များကို လည်း တွေ့နေရပါတယ်။ ဘာကြောင့်လဲဆိုရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဆိုးဆေးတွေကို အသုံးပြုထားတဲ့ ငရုတ်သီးမှုန့်တွေကို ထုတ် လုပ်ပြီး စားသုံးသူဈေးကွက်သို့ ပို့ဆောင်နေတဲ့အတွက်ကြောင့်ဖြစ် တယ်လို့ သုံးသပ်ရမှာပါ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် By Weekly Eleven  ဂျာနယ်ပါ ဆောင်းပါးရှင် ချမ်းမြေ့သူက မြန်မာပြည်ထုတ် ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့် ကုန်အမှတ်တံဆိပ် ၂၂ ခုဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဓာတုဆိုးဆေးများ အသုံးပြုထား ကြောင်း သူ့ရဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အရောင်လှပြီးစွဲဆောင်မှုရှိဖို့ မျိုးရိုးဗီဇကို ထိခိုက်စေနိုင်တဲ့ ဆိုးဆေးတွေနဲ့ စားသုံးသူတွေကို လှည့်စားခဲ့တာဖြစ်ပါတယ်။ ၎င်း ဆိုးဆေးများမှာ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့အန် ခြင်း၊ ဦးနှောက် အာရုံကြောထိုင်းမှိုင်းခြင်းနဲ့ ကင်ဆာရောဂါဖြစ်စေ နိုင်သော အနီရောင်ဆိုးဆေးဖြစ်တဲ့    Rhodamine-B ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီဆိုးဆေးတွေမှာ  Auramine -O  ပါဝင်ပြီး အသည်း၊ ကျောက်ကပ်ေ ရာဂါ ဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှု ကို ရပ်တန့်စေခြင်းနဲ့ ကင်ဆာရောဂါများကိုဖြစ်စေနိုင်တယ်လို့ ဆိုပါ တယ်။ အဲဒီ ငရုတ်သီးမှုန့်နဲ့ နနွင်းမှုန့်များဟာ နိုင်ငံခြားမှတင်သွင်း ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသားများကိုယ်တိုင် ထုတ်လုပ် ရောင်းချခြင်း ဖြစ်ပါတယ်။ ဒါဟာဝမ်းနည်းစရာ အလွန်ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ရိုးရိုးသားသားထုတ်လုပ်ပြီး ဈေးကွက်တင်ရောင်းချပါက လူအများ နေ့စဉ် စားသုံးနေတဲ့အတွက် တစ်နေ့ချမ်းသာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း  ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ရာမှာ အတ္တသဘော လွန်ကဲတဲ့ အတွက် ကိုယ်တိုင်ရော စားသုံးသူပါ ဒုက္ခရောက်ကြရ တော့တယ်။ သဘာဝအတိုင်း မဟုတ်တဲ့ကိစ္စတိုင်းမှာ အန္တရာယ် ဆိုတာထပ်ချပ်မကွာ ကပ်ပါလာစမြဲဖြစ် တဲ့အတွက်အစားအေ သာက် ထုတ်လုပ်သူတွေဟာ  မိမိထုတ်လုပ်မှုတိုင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနရဲ့ စစ်ဆေးချက်တွေကို ခံယူပြီး မှန်ကန်စွာ ဈေးကွက် တင်ရောင်းချသင့်ပါတယ်။
သဘာဝကို နှစ်သက်ပါ ၂၀၀၅ ခုနှစ်တုန်းက ဂျပန်လူမျိုးလုပ်ငန်းရှင်တစ်ဦးဟာ  ချင်း ပြည်နယ်၊ တီးတိန်မြို့နယ်မှ ထွက်ရှိတဲ့ သဘာ၀ လက်ဖက်ခြောက် များကို ဝယ်ယူသွားပြီး ဂျပန်နိုင်ငံသို့ တိုက်ရိုက် သယ်ဆောင် သွား ကြောင်း သိခဲ့ရပါတယ်။ အကြောင်းကတော့ ဂျပန်နိုင်ငံထွက် လက် ဖက်ခြောက်များမှာ သဘာဝစစ်စစ် မဟုတ်တော့ကြောင်း ဂျပန် လူမျိုးက သိရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများ ဟာလည်း အဲဒီလို သဘာဝစစ်စစ် အစားအသောက်များ ရှာဖွေ စား သောက်လာတာကို အတုယူသင့်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ကျော်ခန့် က ရှမ်းပြည်နယ်ထွက် လက်ဖက်ခြောက်လက်ဖက်စိုတွေမှာ ကျန်းမာ ရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုဗေဒဆိုးဆေးများပါရှိကြောင်း အသံ ကျယ်လောင်စွာ ထွက်ပေါ်ဖူးပါတယ်။ လူ့သက်တမ်းဟာနှစ်ပေါင်း (၁၂၀) လို့ဆိုကြပါတယ်။ ဒါပေမယ့် လည်း လူ့သက်တမ်းစေ့သည်အထိ အသက်ရှင်နေနိုင်သူ လက်ချိုးရေ တွက်၍ရမယ်လို့ထင်ပါတယ်။ ယခုခေတ်မှာလူတို့ရဲ့ သက်တမ်း နှစ်ပေါင်း (၈၀) ကျော် အသက်ရှင်နေထိုင်သူအလွန်ရှားပါး လာပြီဖြစ် တယ်။အကြောင်းကတော့သိပ္ပံပညာ တိုးတက်ထွန်း ကားမှု၏ နောက် ဆက်တွဲဆိုးကျိုးများကြောင့်ဖြစ်ပါတယ်။ ရာသီချိန်မဟုတ်အသီးယူ ခြင်း၊ အပင်အားတိုးဆေးများ၊ ပိုးမွှားများသတ်ရန် ဆေးဝါးများကို အလွန်အကျွံအသုံးချခြင်းများကြောင့် အသီးအရွက်များဟာလည်း စားသုံးရန်မသင့်တော့ချေ။ ထိုမှ ရောဂါအမျိုးမျိုး ဆင်းသက်လာရ တော့တယ်။ ဒါ့ကြောင့်သဘာဝမှရသော အသီးအရွက်ရှားပါးမှုသည် ကမ္ဘာ့နှင့်အဝန်းပြဿနာတစ်ခုဖြစ်အဖြစ်ရပ်တည်လာ ခဲ့ရပါပြီ။
မျက်ရည်အဖြစ် ပြောင်းသွားတဲ့သေရည် ဒါ့ပြင် လူ့သက်တမ်းကို အန္တရာယ်ပြုနေတဲ့ စားသောက်ကုန် ပစ္စည်းကတော့ အရက်ဖြစ်ပါတယ်။ ကျွန်တော့် မွေးရပ်ဇာတိမြို့သို့ ရောက်သောအခါ ငယ်သူငယ်ချင်းများ ရှာဖွေခဲ့ဖူးပါတယ်။ အချို့ သောငယ်သူငယ် ချင်းများ မတွေ့၍ မေးမြန်းခဲ့ရာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးပြီဖြစ်ကြောင်း၊ တောအရက်များ နေ့စဉ် ရက်ဆက်သောက်၍ ဆုံးပါးခြင်းဖြစ်ကြောင်း သိရတဲ့အခါ ရင်ထဲဝမ်းနည်းခြင်းနှစ်မျိုး ပြင်း ထန်စွာ ခံစားခဲ့ရပါတယ်။ ပထမဝမ်းနည်းခြင်းမှာ ငယ်သူငယ်ချင်းများ ကွယ်လွန်သွား၍ ဝမ်းနည်းခြင်း၊ နောက်ဝမ်းနည်းခြင်းမှာ မူးရင်ပြီး ရောချက်ထားသည့် တောအရက်များ မြို့တိုင်းရွာတိုင်းမှာ အလွယ် တကူ ချက်ယူ၍ရနိုင်ခြင်းကြောင့် ဝမ်းနည်းခြင်းဖြစ်ပါတယ်။ တော အရက်ချက်သူများသည်မူးရင်ပြီးရောသဘောဖြင့် ဓာတ်သဘောခြင်း မတူညီေ သာကုန်ကြမ်းရောချက်သည့် အချိန်တွင် ဓာတ်ပြုပြီး အဆိပ် ဖြစ်ကာ မူးယစ်စေေ သာ သေရည်အဖြစ် ရောက်ရှိလာပါတယ်။ အချို့ အရက်ချက်သူများအနေနဲ့ ဆန်အရက်ချက်တဲ့အခါမှာ တဆေး အဖြစ် ရော်ဘာအပိုင်းအစများအသုံးပြုကြတယ်လို့ဆိုပါတယ်။   ဆန်သည် လူကိုဘေးမပြုသော် လည်း ရော်ဘာမှ ထွက်တဲ့ ဓာတ်ဟာ လူကိုဘေးဖြစ်စေမှာကတော့ အမှန်ပင်ဖြစ်ပါတယ်။  ဤအရက်များ ကြောင့် လူငယ်အတော်များများ စောစီးစွာ အသက်တိုကြခြင်းဖြစ်ပါ တယ်။ တရုတ်နိုင်ငံရွှေလီမြို့တွင် လွန်ခဲ့တဲ့နှစ်က ဧည့်ခံပွဲတစ်ခုမှာ ဒေသချက်အရက်ဖြင့် ဧည့်ခံတည်ခင်းရာတွင် လူပေါင်း (၆၀) ကျော် တစ်ရက် တည်း သေဆုံးကြောင်း သတင်းကြားခဲ့ရပါတယ်။ အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ကျန်ဖိုင်းမြို့ လူငယ်အစည်းအရုံးသည် ချက်အရက်ချက်သူ၊ ရောင်းသူနှင့်သောက်သုံးသူများကို ရှာဖွေပြီး ဖမ်းဆီးခဲ့ကြကြောင်း အတုယူဖွယ် ကြားသိခဲ့ရပါတယ်။ တစ်ဖက်နိုင်ငံမှထုတ်လုပ်၍ဈေးချိုတဲ့အရက်များကတော့ တော အရက်ပဲ ဖြစ်ပါတယ်။ ထုပ်ပိုးသော ပုလင်းလှပခြင်း၊ တံဆိပ်လှပ ခန့်ညားခြင်းတို့ကြောင့် သောက်သုံးသူများ အထင်ကြီးစရာ ဖြစ်လာ ခဲ့ပါတယ်။ ထို့အတူဘီယာများ၊ အချိုရည်များဟာလည်း ထုပ်ပိုးခွံ သာလှပပြီးအထဲတွင်အန္တရာယ်ကင်း၏၊ မကင်း၏ ဆိုသည်မှာ သိရ သည် မဟုတ်ပါ။ ဒါ့ကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန များ ဖွင့်လှစ်၍ သွင်းကုန်ပစ္စည်းများ စစ်ဆေးရခြင်းဖြစ်ပါတယ်။ အချို့ သော ကုန်သည်များဟာ စားသုံးသူများအတွက် စဉ်းစားပေးခြင်း မရှိဘဲ အမြန်ဆုံးဈေးကွက် တင် ရောင်းချတတ်ကြပါတယ်။ အတ္တဆန် လွန်းသော သူတွေကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးပြီး ဖြစ်ပါ လိမ့်မယ်။ သေဆုံးသွားသူ ဆွေမျိုးများရဲ့  မျက်ရည်များဟာ မြစ်ငယ် ချောင်းငယ်သဖွယ် စီးဆင်းနေပါလိမ့်မယ်။
တစ်ကိုယ်ကောင်းဆန်သူ စားသုံးသူများအတွက် အန္တရာယ်များတဲ့ နမူနာစားသောက် ကုန်ပစ္စည်းများဟာ သူ့အလိုလို ခြေထောက်ေ ပါက်၍ ဈေးကွက်သို့ ရောက်ရှိလာတာမဟုတ်ပါ။ မသိနားမလည်တဲ့ ထုတ်လုပ်သူတွေ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကို အသိပညာပေး၍ ထုတ်လုပ် စေသင့်ပါတယ်။ မသိနားမလည်သူတွေဟာလည်း လူနည်းစုသာဖြစ် ပါလိမ့်မယ်။ အဓိကကတော့ တစ်ကိုယ်ကောင်းဆန်တဲ့ စီးပွားရေး သမားတွေကြောင့်  မူမမှန် စားသောက်ကုန်ပစ္စည်းများ ဈေးကွက် သို့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစီးပွားရေးသမားများ ကိုလူလူချင်း ကိုယ်ချင်းစာနာစိတ်ရှိစေရေး၊ သမာအာဇီဝနဲ့ စီးပွား ရှာဖွေရ ယူခြင်းလော က ကောင်းကျိုးပြုနိုင်စေရေး၊ နိုင်ငံကြီးသား စိတ်ဓာတ် မွေးမြူနိုင်ရေးများအား စည်းရုံးဆောင်ရွက်ရန် လိုအပ်လျက် ရှိပါတယ်။ " စီးပွားရှာရာမှာ ဖြတ်လမ်းနည်းမရှိ" ဆိုတဲ့ ရှေးစကားပုံ တစ်ခုဟာ ယနေ့ထက်တိုင် မှန်ကန်နေတဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှု့ဆင်ခြင်တဲ့ အခါမှာ  မတရားသဖြင့်ရယူတဲ့ ဥစ္စာရသူရဲ့ စည်းစိမ်ဟာ မည်မျှပင်ချမ်းသာ နေပါစေ သူရဲ့တစ်သက်ပင်မခံ  ဆူးဆိုတာကို သံဝေဂရစရာအဖြစ် မြင်တွေ့နေကြရမှာပါ။ ဒါ့ကြောင့်ထုတ်လုပ်သူတွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့မှန်မှန် ကန်ကန် ထုတ်လုပ်ပါ။ စားသုံးသူများအပေါ် စေတနာထားပါ။ ဒါဆိုလျှင်သင်လည်း စိတ်ချမ်းသာပါမယ်။ စီးပွားလည်း အောင်မြင် လာပြီး သားသမီးများတိုင်အောင် ချမ်းသာပါလိမ့်မယ်။ ထို့အတူ ဈေးကွက်သို့ တင်ပို့ရောင်းချသူတွေအနေနဲ့  မှန်ကန်တဲ့လမ်းကြောင်း ပေါ်မှာ စားသုံးသူတွေကို သုခများများ ဆောင်ကြဉ်းပေးပါ။ မကြာမီ စားမကုန်အောင် ချမ်းသာပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။ ဒါ့ပြင် စားသုံးသူတွေအနေလည်း အန္တရာယ်ကင်းတဲ့ သဘာ၀ စားသောက် ကုန်ပစ္စည်းများကို ရှာဖွေ ဝယ်ယူစားသောက်ပါ ။ လူ့ သက်တမ်းစေ့နေရသော အကျိုးရရှိနိုင်ပါလိမ့်မယ်။မည်သို့ပင် ဖြစ်စေကာမူ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ ယဉ်ကျေးသော လူမျိုး၊ ပျူငှာဖော်ရွေသော လူမျိုးဟု နိုင်ငံခြားသားများ မှ ခေါ်ဝေါ် သမုတ်ကြသည်နှင့်အညီ ရိုးရိုးသားသားဖြင့်ထုတ်လုပ်ကြစို့၊ ဈေးကွက် သို့ တင်ပို့ကြစို့၊ စားသုံးသူများ အနေဖြင့်လည်း ပြည်တွင်းထွက် သဘာ၀ စားသောက်ကုန်များဝယ်ယူအားပေးကြပါစို့။ ထိုသို့သဘာ၀ ကျစွာ ထုတ်လုပ်ရောင်းချပါက ကုသိုလ်ရမည်သာဖြစ်ပါတယ်။ အရိုး ရှင်းဆုံးပုံစံသည် အကောင်းဆုံး ဖြစ်တယ်လို့ အဆိုရှိသည့်အတိုင်း စားသုံးသူများဟာလည်း အရောင်လှသောအစား အသောက်ထက် သဘာ၀ အရောင်များကို ပိုမိုစားသောက်လာကြပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သဘာဝစစ်စစ်ဖြင့် ထုတ်လုပ်သူများဟာ ဈေးကွက် အတွင်းနေရာရရှိလာမှာ မြေကြီးလက်ခတ်မလွဲနိုင်သော အနာဂတ် ဟောကိန်းပင်ဖြစ်ပါတော့တယ်။