Main menu

Background

ပဲတီစိမ်း ပိုမိုတင်ပို့လျက်ရှိ

Wed, 12/12/2012 - 04:04 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၀၈၂ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးပြည့် ၉၈ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၈၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း တန် ၈၀ ကျော်ကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ပဲတီစိမ်းတင်ပို့မှု လုံးပြည့်ရောလုံးခြမ်းပါ ၇၃ တန်ကျော်သာ ရှိခဲ့တဲ့ အတွက် ယခုအပတ်မှာ ၂ ဆကျော် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်ဈေးမှာ ယခင်အပတ်ကထက် အနည်းငယ် ဈေးမြင့်နေတာ တွေ့ရပါတယ်-

မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်     ပြောင်းလဲမှု    %       ယခု     ယခင်    ပြောင်းလဲမှု    % ၆၉၃၄၄၆    ၆၉၂၅၁၀       ၉၃၆        ၀ .၁    ၈၃၁      ၈၃၁          -             -MIRT (DOBT)