Main menu

Background

အောင်ပန်းချင်းဈေးကွက်မှာ အဝင်အထွက်သွက်တဲ့ချင်း

Wed, 12/12/2012 - 04:08 -- Anonymous (not verified)

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းအဝင်တွေပြန်များလာပါတယ်။ အဝင် လည်းများ၊ အထွက်ကလည်း များနေပါတယ်။ ပွဲတော်ရက်ဖြစ်တဲ့ ရက်သတ္တ နှစ်ပတ် ကတော့ အရောင်းအဝယ်က ခပ်အေးအေးသာဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်မှာ အရောင်း၊ အဝယ်ပြန်သွက်လာပါတယ်။ ချင်းထိုးသမားတွေနဲ့ ဈေးပတ်သမားတွေကလည်း အတော်များများ ဝယ်ယူမှုရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များနေ ပေမယ့် ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်ကလုံးဝမရှိသေးပါဘူး။ အောင်ပန်းထက် ချင်းစိုက်တာ တစ်လ၊ နှစ်လနောက်ကျတာကြောင့် ဇန်နဝါရီလ မှာသာ  ချင်းတက် သစ်တွေ ဈေးကွက်ကို ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အောင်ပန်းချင်းဈေးကတော့ ချင်းအရည်အသွေးနဲ့ ချင်းအခက်အလှ(အကြီး) ပေါ်မူတည်ပြီး၊ တစ်ပိဿာကို ၂၀၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပါတယ်။ ချင်းတက် တွေ ဈေးကောင်းနေလို့ ချင်းခြောက်တွေသိပ်မလုပ်ပဲ ချင်း(စို) အတိုင်းသာရောင်း ဖြစ်တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ချင်းခြောက်လည်း ချင်းစိုလိုပဲ၊ အရည်အသွေး ပေါ်မူတည်ပြီး၊ တစ်ပိဿာကို ၇၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးရှိပါ တယ်။ တစ်ပတ်အတွင်း ချင်း(စို)က ပိဿာချိန် ၃၀၄၀၀ ပိဿာနဲ့ ချင်းခြောက်က ပိဿာချိန် ၈၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ဧဧခိုင် - တောင်ကြီး