Main menu

Background

ဈေးငြိမ်ပြီး၊ အဝင်သွက်လာတဲ့ ပြည်ချင်းဈေးကွက်

Wed, 12/26/2012 - 07:20 -- ydnar

ပြည်ဈေးကွက် ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေပြီး၊ ယခင်အပတ် ကအတိုင်းတစ်ပိဿာ ကိုအနိမ့်ဆုံး ၄၅၀ ကျပ်မှအမြင့်ဆုံး ၆၀၀ ကျပ်ထိရှိပြီး၊ ပုံမှန် ရောင်းဝယ်လျက်ရှိနေပါတယ်။ ယခုအချိန်ဟာ အောင်ပန်း ချင်းများ အရင့်ဆုံးအချိန် ဖြစ်ပြီး၊ သိုလှောင်အထားခံတဲ့အတွက် ပြည်ဈေးကွက်ရှိ ချင်းရောင်းဝယ် သူများ အနေနဲ့ ပိုမို မှာယူခြင်းများကြောင့် အဝင်လည်းများလာတာတွေ့ရပါတယ်။ ယခင် က တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် အထိသာဝင်ပြီး၊ ယခုတစ်ပတ် အိတ် ၃၀၀ ထိ အဝင်ရှိလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို  မိတ္ထီလာချင်း များ ဒီဇင်ဘာလဆန်းပိုင်းမှာ ဝင်ရောက်မယ်လို့လည်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်