Main menu

Background

အာရှ ယမကာဈေးကွက်

Wed, 12/26/2012 - 07:33 -- ydnar

သေရည်သေရက် မူဝါဒများဆိုင်ရာ နိုင်ငံ တကာဌာန (International Centre for Alcohol Policies) ဆိုသည်မှာ စီးပွားရေးအကျိုး အမြတ်အတွက် ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်း မဟုတ်ပေ။ အရက်သေစာကို အကျိုး ရှိစွာသောက်သုံးရေးကို မြှင့်တင်အားပေးရန်နှင့် အရက်ချက်လုပ်ရောင်းချသည့်  လုပ်ငန်းများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန် ဆောင်ရွက်နေ သည့် အဖွဲ့အစည်းဖြစ်သည်။ အကျိုးမဲ့စေနိုင်သော မူဝါဒများကို အစိုးရအဖွဲ့များက ချမှတ်ကျင့်သုံးမိ လာစေမည့်အရေးတို့ကိုလည်း ကြိုတင်ဟန့်တား နိုင်ရန်ဖြစ်သည်။ ထိုအဖွဲ့အစည်းကို  အရက်နှင့် အဖျော်ယမကာလုပ်ငန်း  ဆောင်ရွက်နေ သည့် နိုင်ငံစုံကုမ္ပဏီကြီးများက ဘဏ္ဍာရေး အထောက် အပံ့ပေးထားသည်။ ယခုထိုအဖွဲ့အစည်းက ကမ္ဘာ့ အကြီးဆုံး အရက်၊ ဘီယာနှင့်  ဖျော်ယမကာ ကုမ္ပဏီကြီး ၁၃ ခုက အောက်တိုဘာလအတွင်းမှာ သဘောတူချမှတ်ခဲ့သော ကတိဝန်ခံချက်များကို အစိုးရများ၊ ပြည်သူအများနှင့် အရက်သေစာဆန့် ကျင်ရေးလှုပ်ရှားသူများ ကျယ်ပြန့်စွာ သိရှိလာ စေရန် လှုံ့ဆော်ဖြန်ချိပေးနေသည်။

အရွယ်မရောက်သေးသူများ အရက်သေစာ သောက်သုံးမှု ကန့်သတ်ပိတ်ပင်ရေးကဲ့သို့ အဆိုပါ အရက်ကုမ္ပဏီကြီးများ၏ အရက်သေစာ အလွဲ အသုံးပြုမှုတားဆီးရေး ကတိဝန်ခံချက်များကို တစ် ကမ္ဘာလုံးအနှံ့ လှုံ့ဆော်အသိပေးမည့် လှုပ်ရှားမှု ကြီးဖြစ်သည်။ ထိုလှုံ့ဆော်လှုပ်ရှားမှုတွင် အာရှ ဒေသသည် အကြောင်းယုတ္တိသုံးချက်ဖြင့် အထူး အရေးပါသည့် ဒေသတစ်ခုဖြစ်နေသည်။ ပထမ အချက်မှာ အာရှသည် ကမ္ဘာတွင် အကြီးဆုံးဈေး ကွက်ကြီးတစ်ခု  ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ အာရှနှင့် ပစိဖိတ်ဒေသတွင် အရက်သေစာရောင်း အား ၃၉ ရာခိုင်နှုန်းရှိသည်။ ဥရောပတွင် ရောင်း အား ၃၅ ရာခိုင်နှုန်းရှိပြီး အမေရိကတွင် ရောင်းအား ၂၆ ရာခိုင်နှုန်းသာ ရှိသည်ဟု ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီကြီး ၁၃ ခုထဲတွင် ပါဝင်သည့် အရက်ကုမ္ပဏီကြီးတစ်ခု၏ ပိုင်ရှင် ပါနော့ဒ်ရီကဒ် ကဆိုသည်။ဒုတိယအကြောင်းမှာ အာရှသည် ဖွံ့ဖြိုးတိုး တက်မည့်အလားအလာအကောင်းဆုံး ဒေသဖြစ် နေခြင်းကြောင့်ဟု ပါနော့ဒ်ရီကဒ်ကုမ္ပဏီ၏ အမှု ဆောင်အရာရှိ ပီယားပရင်းဂက်က သုံးသပ်သည်။ လောလောဆယ်တွင် မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက် နေသည့် ဒေသစီးပွားရေးကြောင့်သာ မဟုတ်ဘဲ၊ ဒေသတွင်းထုတ်လုပ်သည့်  ချက်အရက်၊ တော အရက်တို့ထက် ပြည်ပမှတင်သွင်းလာသည့် ယစ် ရွှေရည်ကို တမြမြသောက်သုံးချင်သည့် မျိုးဆက် သစ်လူငယ်များ ထွက်ပေါ်လာခြင်းကြောင့်  ဖြစ် သည်။ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ထုတ်ပြန်ချက်အရ လူတစ်ဦးချင်း အရက်သေ စာသောက်သုံးမှုတွင်  အာရှသည် ဥရောပနှင့် မြောက်အမေရိကတို့နောက်တွင် ကျန်ရှိနေသေး သည်ဟုသိရသည်။ ဥပမာ-တရုတ်နိုင်ငံတွင် လတ် တလောနှစ်များအတွင်း အရက်သောက်သုံးမှု မြန် မြန်ဆန်ဆန် ကြီးထွားလာခဲ့သော်လည်း လူတစ်ဦး ချင်းအနေဖြင့် တစ်နှစ်သောက်သုံးသည့် အရက် သီးသန့် (Pure alcohol)  ပမာဏမှာ ၆ လီတာ နှုန်းသာရှိသေးသဖြင့် ဗြိတိန်နှင့် အခြားသော ချမ်း သာနိုင်ငံများတွင် တစ်ဦးချင်း  သောက်သုံးကြ သည့်ပမာဏ၏ တစ်ဝက်ခန့်သာရှိသည်။ အာရှ နိုင်ငံအများအပြားတွင် ဘာသာရေးအရ တားမြစ် ထားမှုများ၊ လူမှုရေးနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်း တို့အရ  ထိန်းချုပ်မှု များကြောင့်  အရက်သေစာ သောက်သုံးမှု ကြီးထွားမလာစေရန် အဟန့်အတား ဖြစ်နေသော်လည်း ရှေ့အဖို့ အရက်သောက်သုံးမှု ကြီးထွားလာမည့်  အလားအလာမှာ ကြီးမားစွာ ရှိနေဆဲဖြစ်သည်။တတိယအချက်မှာ  အရက်သောက်သုံးမှု တိုးတက်များပြားလာခြင်းကို ထိန်းချုပ်ရေးသည် အာရှနိုင်ငံ  အများအပြားတွင် ပြဿနာတစ်ရပ် အဖြစ် ရင်ဆိုင်လာရခြင်းဖြစ်သည်။ ထိရောက်ပြင်း ထန်သော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ တားမြစ် ပိတ်ပင်မှုများ ချမှတ်ကျင့်သုံးခြင်း မပြုလုပ်နိုင် ခင်မှာ အရက်သေစာထုတ်လုပ်ရောင်းချသည့် လုပ် ငန်းများအနေဖြင့် မိမိတို့  တာဝန်ယူရမည်ဖြစ် ကြောင်းနှင့် အရက်သေစာအလွဲအသုံးပြုမှု လျှော့ ချရန် အကူအညီပေးရေးတို့သည် အဆိုပါအရက် လုပ်ငန်းများ အကျိုးရှိစေရန်အတွက်ပင်ဖြစ်ကြောင်း သဘောပေါက်ရပေမည်။ အာရှ-ပစိဖိတ် ဒေသ တွင်း  နိုင်ငံတစ်ခုဖြစ်သည့်  သြစတေးလျတွင် အရက်သောက်သုံးမှုသည် ကမ္ဘာ့တန်းစီစာရင်းတွင် ထိပ်ဆုံးတန်းထဲ ရောက်နေသည်။  လွတ်လပ်သော လစ်ဘရယ်ယဉ်ကျေးမှုထုံးတမ်းများ  ထိုနိုင်ငံတွင် အမြစ်တွယ်လျက  ်ရှိသည်။ အရက်သေစာသောက် သုံးမှုဓလေ့ကို  တားမြစ်ချုပ်ချယ်ရန်  လိုလား တောင်းဆိုသည့် သဘောထားများ  ထွက်ပေါ် လျက်ရှိသော်လည်း ပျော့ပျောင်းသည့် လစ်ဘရယ် ယမကာ ဥပဒေများ ကြောင့် မလိုလားအပ်သော ဆူပူအကြမ်းဖက်မှုများ ပေါ်ပေါက်လျက်ရှိသည် ဟုဆိုပါသည်။      Ref; The Economist.