မြန်မာနိုင်ငံသားများဘဏ် လီမိ တက်သည် ဘဏ်မှ ဝန်ထမ်းများအား ဘဏ်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ် ငန်းဆောင်တာများအား တိကျသေချာ စွာသိရှိစေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံဘဏ်လုပ်ငန်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဘဏ် လီမိ တက်အနေဖြင့် ဘဏ်လုပ်ငန်းအခြေခံ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ရာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက်နေ့ က အခြေခံဘဏ်လုပ်ငန်းအမှတ်စဉ် (၁)ကို စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံ သားများဘဏ်မှ ဝန်ထမ်းသင်တန်း သားသင်တန်းသူ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ ရက်သတ္တသုံးပတ်ကြာမြင့်ခဲ့ကြောင်း သိ ရသည်။ထို့ပြင် နိုဝင်ဘာ ၅ရက်ကလည်း အခြေခံဘဏ်လုပ်ငန်းသင်တန်း အမှတ် စဉ်(၂)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀ ဦးတို့ တက် ရောက်ခဲ့ကြကာ သင်တန်းကာလမှာ ရက်သတ္တသုံးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။ထို့နောက် နိုဝင်ဘာ ၂၉ ရက် ကလည်း အခြေခံဘဏ်လုပ်ငန်း သင် တန်း အမှတ်စဉ်(၃)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၄ ဦး တက်ရောက်လျက်ရှိပြီး သင် တန်းကာလမှာ ရက်သတ္တသုံးပတ် ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သင်တန်းအမှတ်စဉ်(၃) သို့မြန်မာနိုင်ငံသားများဘဏ်လီမိတက် မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းနှင့် ဘဏ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအ နားတွင် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့် ဝင်းမှ သင်တန်းဖွင့် အမှာစကားပြော ကြားပြီး ဘဏ်လုပ်ငန်းဆိုင်ရာ သိ ကောင်းစရာများအကြောင်းကို ဟော ပြောပို့ချပေးခဲ့ကြောင်း သတင်းရရှိ သည်။ မယ်သီတာ