Main menu

Background

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ အရောင်းအဝယ်အေး

Mon, 12/31/2012 - 04:52 -- ydnar

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး အ ဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအနည်းငယ်ကျ နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၇၇၀ ကျပ်(တစ်တန်ကို ၄၇၁၅၄၀ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်အဝယ်နည်းနေပြီး မြို့ခံပဲခွဲစက်တွေကသာ ဝယ် အားအသင့်အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၉၃၀ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးနဲ့ တစ် ပတ်အတွင်း အိတ် ၃၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။