၂၀၁၂ အပြည်ပြည်ဆိုင်ရာ မြန် မာ့ချည်မျှင်နှင့် အထည်ချုပ်စက်ပစ္စည်း များပြပွဲ (Myanmar International Textile & Garment Industry Exhibition)ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ဦးဝိစာရလမ်းရှိ တပ်မ တော်ခန်းမတွင်း ခင်းကျင်းပြသခဲ့ ကြောင်း သိရသည်။
အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနား ကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့ရာရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်၊ ပြည် ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။အဆိုပါ ၂၀၁၂ အပြည်ပြည်ဆိုင် ရာ မြန်မာ့ချည်မျှင်နှင့် အထည်ချုပ်စက် ပစ္စည်းများဆိုင်ရာပြပွဲကိုဟောင်ကောင် အခြေစိုက် Yorker Trade Market- ing Co., Ltd.နှင့် မြန်မာနိုင်ငံမှ Care Freight Services Co., Ltd. တို့မှ ပူးပေါင်းကြီးမှူး၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါပြပွဲတွင် တရုတ်၊ ဟောင် ကောင်၊ ထိုင်းနိုင်ငံ၊ စင်ကာပူ၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗီယက် နမ်နှင့်မလေးရှားနိုင်ငံတို့မှကုမ္ပဏီပေါင်း ၇၂ခုတို့မှ ပြခန်းပေါင်း ၆၉ခန်းဖြင့် အ ထည်ချုပ်လုပ်ငန်းသုံး စက်ပစ္စည်းမျိုးစုံ နှင့် လက်ဆောင်ပစ္စည်းများ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၄၄၈ ဒသမ ၅၉ တန်ဖိုးရှိ ကုန်ပစ္စည်းများအား ခင်း ကျင်းပြသခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဥရောပသမဂ္ဂ(အီးယူ)တို့၏ စီးပွားရေး ပိတ်ဆို့မှုကို ၁၉၉၇ခုနှစ်မှစတင်၍ခံစား ခဲ့ရာ အဆိုပါ စီးပွားရေးပိတ်ဆို့မှုသည် မြန်မာ့အထည်ချုပ်လုပ်ငန်းကို အထိနာ စေခဲ့သည်။ ယခုအခါတွင် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွား ရေး ပိတ်ဆို့မှုများကို လျှော့ချပေးခဲ့ ရာ မြန်မာနိုင်ငံအနေဖြင့် အခြားဖွံ့ဖြိုး ဆဲနိုင်ငံများနည်းတူ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပြန်လည်ရရှိတော့ မည်ဖြစ်သည်။ ယင်းကဲ့သို့ ရရှိခဲ့ခြင်း ကြောင့်အထည်ချုပ်လုပ်ငန်းများအတွက် အဓိကအရေးပါသည့် GSP(Gener- alized System of Preference) အခွန်သက်သာခွင့် ရရှိခဲ့သည်။ ယင်း သည်ပင်လျှင် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးလာတော့မည်ဆိုသည့်အချက်ကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။မြန်မာနိုင်ငံသည် အထည်ချုပ် လုပ်ငန်းများတွင် ကုန်သွယ်မှုပြုခဲ့ရာ၌ ၂၀၁၁ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ သန်းပေါင်း ၇၇၀ခန့် ကုန်သွယ်မှုပြုနိုင် ခဲ့ကြောင်း၊ ၂၀၀၁ခုနှစ်က ကုန်သွယ်မှု မှာ အမေရိကန်ဒေါ်လာ ၈၂၉သန်းရှိ ခဲ့ရာ ယင်းပမာဏကို ပြည့်မီတော့မည် ဖြစ်ကြောင်း၊ ဂျပန်ဈေးကွက်သည် မြန် မာ့အထည်ချုပ်လုပ်ငန်း၏ အဓိကဈေး ကွက်တစ်ခုဖြစ်ကြောင်း၊ တောင်ကိုးရီး ယားနိုင်ငံသည် မြန်မာ့အထည်ချုပ် လုပ်ငန်း၏ ဒုတိယဈေးကွက်တစ်ခုဖြစ် ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့သည်။ယခုပြသခဲ့သည့် အပြည်ပြည်ဆိုင် ရာ မြန်မာ့ချည်မျှင်နှင့်အထည်ချုပ်စက် ပစ္စည်းများဆိုင်ရာပြပွဲ ၂၀၁၂သည် မြန် မာနိုင်ငံ၏ ပထမဦးဆုံးပြပွဲကြီးတစ်ခုဖြစ် ပြီး မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ များမှ စိတ်ပါဝင်စားသူများ လာရောက် လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။ မယ်သီတာ