Main menu

Background

ပဲလောကတွင် ရောင်းဝယ်မှုစနစ်မှန်ကန်စေရန် Commodity Exchange များ ထူထောင်နိုင်ရေးအတွက် အာရှနိုင်ငံများအတွင်းမှ လုပ်နည်းများကိုချဉ်းကပ်ခြင်း

Sun, 01/06/2013 - 05:00 -- ydnar

မိမိကျင်လည်ရာ ပဲလောက၏ ၂၀၁၂ အတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်ပြောင်း လေ့လာသုံးသပ်မည်ဆိုလျှင် ... လယ်ယာထွက်ကုန်သီးနှံ ဈေး ကွက်တို့၏ သဘောသဘာဝထုံးစံအတိုင်း တိုတောင်းသောအချိန် ကာလအတွင်း ရာခိုင်နှုန်းမြင့် ဈေးနှုန်းအတက် အကျများ၊ ၎င်း အတက်အကျများနောက်သို့ လိုက်ပါရောင်းဝယ်ကြရင်း အလွန် အကျွံလုပ်ကိုင်ကြသူ များထဲမှအချို့ မရှုနိုင်မကယ်နိုင်ဖြစ်သွားခါ ထွက် ပြေးတိမ်းရှောင်ခြင်း၊ တရားရုံးတွင်အမှုရင်ဆိုင်ရခြင်း၊ အထက်ပါ အတိုင်း အလွန်အကျွံရောင်းဝယ်ရင်း ၎င်းတို့မြတ်စွန်းသွားသောအခါ အပြည့်အဝယူသွားပြီး ၎င်းတို့ရှုံးသောအခါ စုစုပေါင်း အရှုံးပမာဏ၏ ရာခိုင်နှုန်း အနည်းငယ်သာပေးလျှော်ပြီး ဈေးကွက် အပြင်တွင် ခေတ္တ ထွက်ထိုင်ကာ ကာလတစ်ခုအကြာ အသွင်ပြောင်း၍ ဈေးကွက် အတွင်း ပြန်လည်ဝင်ရောက်လာခြင်းစတဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခု အတွင်း တွေ့ကြုံခဲ့ရသည်များနှင့် များစွာကွာခြားမှုမရှိသော ထူး မခြားနား အဖြစ်အပျက်များကိုသာ တွေ့မြင်ကြ ရမှာဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုလျှင်လည်း ဈေးကွက် လည်ပတ်ပုံစနစ်မှာ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိဘဲ ယုံကြည်မှုပါးပါးလေးပေါ် တွင်တည်ဆောက် ထားသော သမား ရိုးကျဈေးကွက် တစ်ခုအတွင်း လည်ပတ်ရောင်းဝယ်နေရဆဲဖြစ်သလို ဤလောက အတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများအနေ ဖြင့်လည်း ပြောင်းလဲလာနေသည့် "နိုင်ငံရေး၊ စီးပွားရေး စနစ်မူဝါဒ"များနှင့်အညီ ဟန်ချက်ညီ လိုက်ပါနိုင်စွမ်းမှာလည်း အားနည်းနေဆဲဖြစ်ပါသည်။ ထို့အပြင် ဤကဏ္ဍကြီးတစ်ခုလုံး နိုင်ငံတကာစံချိန် စံညွှန်းများအတိုင်း ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရေးအတွက် အမျိုးသားအဆင့် အဖွဲ့ အစည်းများ ဖွဲ့စည်း၍ စီမံကိန်းရေးဆွဲဆောင်ရွက် မှုများမှာလည်း ၂၀၁၂ ခုနှစ်အတွင်း အလှမ်းဝေးနေဆဲလည်းဖြစ်ပါသည်။ အထက်ပါအဖြစ်အပျက်၊ အခြေအနေများကို ထောက်ရှုခြင်း အားဖြင့် လယ်ယာစိုက်ပျိုးရေး ဈေးကွက်ကဏ္ဍတစ်ခုလုံးအနေနှင့် ပြုပြင်ပြောင်းလဲရေးများကို မဖြစ်မနေအရှိန်အဟုန်ဖြင့် ဆောင် ရွက်ရမည်ဆိုသော စိန်ခေါ်မှုကြီးဟာ ၂၀၁၃ ခုနှစ်မှာ စောင့်ကြိုနေ တယ်ဆိုတာ ရှင်းရှင်းလင်း လင်းတွေ့မြင်ရမှာ ဖြစ်ပါသည်။ ဤကဲ့သို့ ကဏ္ဍတစ်ခုလုံး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများစွာ လုပ် ရန်ရှိသည့်အနက်မှ မိမိအနေနှင့် ဒီနေရာမှာအဓိကထား တင်ပြလို တာကတော့ တရားဥပဒေစိုးမိုးမှုအောက် စနစ်တကျ ရေးဆွဲထား သောစည်းမျဉ်းစည်းကမ်းများနှင့်အညီ Future Contracts ကြို ရောင်း ကြိုဝယ်စာချုပ်များဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်သော နိုင်ငံ တကာစံချိန်မီ Commodity Exchang များ ပေါ်ပေါက်ရေးပဲ ဖြစ်ပါ သည်။ ကမ္ဘာလုံးဆိုင်ရာ လယ်ယာထွက် ကုန်ဈေးကွက်တို့ သဘော သဘာဝအရ ကမ္ဘာ့တည်သရွေ့ ကြိုရောင်းကြိုဝယ်များ ဈေးကွက် အတွင်းရှိ နေမည် ဖြစ်သလို၊ ယုံကြည်မှုပါးပါးလေးပေါ်တွင် တည် ဆောက်ထားသော သမားရိုးကျ ဈေးကွက်များအတွင်း ကြိုရောင်း ကြို ဝယ် ပြုလုပ်နေသရွေ့ ဈေးကွက်အတွင်း ဆုံးရှုံးမှုများ၊ ဈေးကွက်၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ ကြိုတင်ပြင်ဆင်ထားသော မသမာမှုများမှာလည်း ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။ သို့ဖြစ် ပါ၍ ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်သူ ရိုးသားသည့် ကုန်သည် အများစုနှင့် စိုက်ပျိုးထုတ်လုပ်သူ လူများစု တောင်သူဦးကြီးတို့ လုံခြုံ စိတ်ချစွာ ရောင်းဝယ်နိုင်ရေး၊ ဈေးကွက်များအတွင်း ဈေးနှုန်း တည် ငြိမ်ရေး၊ တောင်သူဦးကြီးများ ကုန်သည်များအနေဖြင့် အနာဂတ် ကာလလယ်ယာထွက်ကုန် ဈေးနှုန်းများကို  Exchange  များမှ ကိုး ကားသိရှိနိုင်ရေး၊ရောင်းသူဝယ်သူအားလုံးအနေဖြင့်ဈေးကွက်အတွင်း မျှတသည့်ရောင်းဝယ်မှုစနစ်ပေါ်ပေါက်စေရေး၊ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဤဈေးကွက်အတွင်း စီးဝင်လာစေရေးတို့အတွက် Commodity Exchange များ မိမိတို့ နိုင်ငံအတွင်း ပေါ်ပေါက်ရေး ဟာ လွန်စွာ အရေးကြီးလှပါသည်။ ဒီလို Commodity Exchange များ ပေါ်ပေါက်ရေးအတွက် တင်ပြရာမှာ (၁) ဒေသတွင်းနိုင်ငံများရှိ Commodity Exchange များ၊ (၂) ၎င်းဒေသတွင်  Exchange များပေါ်အခြေပြု၍ မိမိနိုင်ငံအတွင်း Exchange များ ထူထောင်ရန် အကြံပြုချက်ဟူ၍ နှစ်ပိုင်းခွဲ၍ တင်ပြသွားမှာဖြစ်ပါသည်။(၁)    ဒေသတွင်းနိုင်ငံများရှိ Commodity Exchange များ မိမိတို့ အာရှဒေသတွင်း နိုင်ငံများ၏ဈေးကွက်များကိုလှမ်းမျှော် ကြည့်မယ်ဆိုလျှင်အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ် နှင့် India နိုင်ငံတို့တွင်လည်း လယ်ယာထွက်ကုန်များ Commodity Exchange များ၌ ကြိုရောင်းကြိုဝယ် စာချုပ်များဖြင့် ရောင်းချ နေမှုများမှာ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်မှ ဆယ်နှစ်အတွင်း စတင် ပေါ်ပေါက်ပြီး ယခုအချိန်တွင် ကမ္ဘာ့အဆင့်မီ   Exchange ကြီးများ အဖြစ် ရပ်တည် ရောင်းဝယ်နိုင်ပြီ ဖြစ်သည်။ ထို့အပြင် မိမိတို့ အာဆီယံဒေသတွင်း နိုင်ငံအားလုံး နီးပါးတွင်လည်း Commodity Exchange ၌ လယ်ယာထွက်ကုန်များကို ကြိုရောင်းကြိုဝယ်စာချုပ် များဖြင့် ရောင်းဝယ်ခြင်းစနစ်မှာ စနစ်တကျ တည်ရှိနေခဲ့ပြီ ဖြစ်သည်။ မိမိတို့ဒေသတွင်းရှိ Commodity Exchange များအား လက် လှမ်းမီသမျှ အောက်ပါအတိုင်း ဖော်ပြလိုက်သည်။တရုတ်နိုင်ငံ Dalian Commodity Exchange (DCE) သည် တရုတ် နိုင်ငံရှိ Future Exchange လေးခုအနက်မှ အကြီးဆုံး Exchange  ကြီးဖြစ်ပါသည်။ ဈေးကွက်ထိန်းကျောင်းသည့်အဖွဲ့  (Regulation Body) ဖြစ်သည့် China Securities Regulatory Commission (SRC)  ၏ ခွင့်ပြုချက်ဖြင့် ၁၉၉၃ ခုနှစ်ဖေဖေါ်ဝါရီ ၂၈ ရက် တွင် တည်ထောင် ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရင်း ၂၀၁၀တွင်ကုန်သွယ်မှု ပမာဏအပေါ် မူတည်တွက်ချက်မှုအရ ကမ္ဘာ တွင် ဒသမအကြီးဆုံးနှင့် အာရှတွင်အကြီးဆုံး လယ်ယာထွက်ကုန် Exchange ကြီးဖြစ်လာပါသည်။အိန္ဒိယနိုင်ငံ အိန္ဒိယနိုင်ငံတွင် National Commodity and Derivatives Exchange Limited (NCDEX)  အပါအဝင် နိုင်ငံတော် အဆင့်Exchange ငါးခုရှိပြီး ဒေသအဆင့် Exchange ၁၆ ခုရှိပါသည်။ ၎င်း Exchange များတွင် f Commodity အမျိုးအစား ၁၁၃ မျိုးအား ကြိုရောင်းကြိုဝယ်စာချုပ် (Future Contract) များဖြင့် ရောင်း ဝယ်လျက် ရှိသည်။ ထို့ကဲ့သို့ ရောင်းဝယ်ရာတွင် ဈေးကွက်ထိန်း ကျောင်းသည့်အဖွဲ့ (Regulation Body) ဖြစ်သည့် Future market Commission (F.M.C) ၏ ကြီးကြပ်ကွပ်ကဲမှုအောက် နိုင်ငံ အတွင်း ပြဌာန်းထားသော ဥပဒေများ ဖြစ်သည့်  "Forword Contracts (Regulation )Act" "Companies Act,""Stamp Act," "Contract Act," စသည့် ဥပဒေများနှင့် အညီ ကြိုရောင်းကြိုဝယ် စာချုပ် (Future Contracts)များဖြင့် စနစ်တကျရောင်းဝယ် လျက်ရှိပါသည်။အာဆီယံဒေသတွင်းရှိ Commodity Exchange များ Exchange အမည်    အတိုကောက်    တည်နေရာ    ရောင်းဝယ်             အမည်        နေသောကုန်များAgricultural Futures    (AFET)       ဘန်ကောက်မြို့    လယ်ယာထွက်ကုန်Exchange of ThailandBursa malaysia    (MDEX)             မလေးရှား    ဇီဝလောင်စာများCambodian    (CMEX)                    ဖနွမ်းပင်    လယ်ယာထွက်ကုန်Mercantile                                                         ရော်ဘာExchange                                                       စွမ်းအင်၊ ရွှေ။Singapore     (SICOM)                စင်ကာပူ      လယ်ယာထွက်ကုန်Commodity Exchange                                   ရော်ဘာVietnam       (VNX)                     ဟိုချီမင်းမြို့      ကော်ဖီ၊Commodity Exchange                               ရော်ဘာ၊သံမဏိ အထက်ပါ Exchange  များအနက်မှ ထိုင်းနိုင်ငံရှိ Exchange   ဖြစ်သော AFET ပေါ်ပေါက်လာပုံကို အောက်ပါအတိုင်း တင်ပြ အပ်ပါသည် - ထိုင်းနိုင်ငံတွင် လယ်ယာ ထွက်ကုန်များအား Future Exchange  များတွင် ရောင်းဝယ်နိုင်ရေးအတွက် ၁၉၇၉ ခုနှစ် ကတည်း က စတင်၍ကြံဆ၊ ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုအချိန်မှ စ၍ ထိုင်းစီးပွားကူးသန်း ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနမှ တစ်စိုက်မတ်မတ် ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ၁၉၉၉ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ကြိုရောင်းကြိုဝယ်စာချုပ် (Future contracts) များဖြင့် ရောင်းဝယ်ခြင်းအားခွင့်ပြုသော ကြို ရောင်း ကြိုဝယ်ဆိုင်ရာ အက်ဥပဒေဖြစ်သည့် (The Agricaltural Future Trading Act BE. 2542)အား အတည်ပြု ပြဌာန်းနိုင် ခဲ့သည်။ ၎င်းဥပဒေအရ Exchange များစနစ်တကျဆောင်ရွက်ရေး ထိန်းကျောင်းမည့် Regulation Body ဖြစ်သော Agricutural Future Trading Commission) အား ဆက်လက် ဖွဲ့စည်းစေခဲ့ သည်။ ထို့နောက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ The Agricultural Futures Exchange of Thailand (AFET) အားတည်ထောင်ခဲ့ပါသည်။ ၎င်း AFET Exchange တွင် ပထမဆုံး ကြိုရောင်းကြိုဝယ်စာချုပ်အား ရော်ဘာ (Rss-3) ဖြင့် မေလ ၂၈ ရက် ၂၀၀၄ တွင်လည်းကောင်း၊ ဒုတိယစာချုပ်အမျိုးအစားအား ဆန် (Rice 5% Broken) ဖြင့် သြဂုတ်လ ၂၆ ရက် ၂၀၀၄ တွင် လည်းကောင်း၊ တတိယစာချုပ်အမျိုးအစားအား ပီလောပီနံ (Tapioca Starch Premium Grade) ဖြင့်မတ်လ ၂၅ ရက် ၂၀၀၅ တွင် လည်းကောင်း စတင်၍ဆောင်ရွက်လျက် ရှိပါသည်။ ဤကဲ့သို့ရောင်း ဝယ်ရာတွင် Exchange  အနေဖြင့် ရောင်းသူနှင့် ဝယ်သူများအကြား လုံခြုံစိတ်ချစွာ ရောင်းဝယ်နိုင်၍ ၎င်းတို့အကြားမျှတသော ပြိုင်ဆိုင်မှု တို့ ရရှိစေနိုင်သော တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိသည့် ဈေးကွက် တစ်ခုအဖြစ် ရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။(၂)    မိမိတို့နိုင်ငံအတွင်း Commodity Exchange များပေါ်             ပေါက်လာရန် အကြံပြုတင်ပြချက် အထက်ပါမိမိတို့ဒေသတွင်းရှိ Commodity Exchange များ အကြောင်း လေ့လာ ဆန်းစစ်ကြည့် မည်ဆိုလျှင် Exchange များ ပေါ်ပေါက်လာရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှု များလိုအပ်သလို လုံလောက် သောအချိန်ကာလတစ်ခုကိုလည်း ဖြတ် သန်းရမည်ကို တွေ့ရှိရပေမည်။ ထိုသို့စီမံကိန်းရေးဆွဲဖော်ဆောင်ရာ၌ စီးပွားရေးဥပဒေပညာရှင်များ၊ Commodity Exchange  နှင့် ပတ် သက်၍ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ ထိုင်းနိုင်ငံ၏ (Commodity Future Trading Act BE 2542, Thailand) ကဲ့သို့သော ကြိုရောင်းကြိုဝယ်ဆိုင်ရာ အက်ဥပဒေကြမ်းရေးဆွဲ၍ လွှတ်တော်၌ အတည်ပြုချက်ရယူခြင်း၊ဈေးကွက်များအတွင်း လက်တွေ့ရောင်းဝယ် ရာ၌ချမှတ်ထားသော ဥပဒေ၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်း ဝယ်ဆောင်ရွက်နေခြင်းရှိ၊ မရှိနှင့် အခါအားလျော်စွာ ဖြစ်ပေါ်လာ သော အခြေအနေသစ်များနှင့်အညီ လိုက်လျောညီထွေပြုပြင်ပြောင်း လဲနိုင်ရေးတို့ကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန်အတွက် ဈေး ကွက်ကို အမြဲထိန်းကျောင်းပေးနေရမည့် အိန္ဒိယနိုင်ငံ၏ (Future market Commission India) ကဲ့သို့ ဈေးကွက်ထိန်းကျောင်းကြပ် မတ်ကွပ်ကဲရေးအဖွဲ့ Regulatorg Body တစ်ခု ဖွဲ့စည်းခြင်း၊ Exchange များတွင် Online Trading  ဆောင်ရွက်ရန် နည်းပညာ များရရှိရေးနှင့် လက်တွေ့ Online  ဖြင့် ရောင်းဝယ်နေစဉ် အမှား (Error) မပေါ်စေရန်နှင့် လုံခြုံမှုရှိစေရေးတို့အတွက် နည်းပညာပိုင်း ဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ Exchange များအတွင်း ငွေပေး၊ ငွေယူရှင်းတမ်းများ ဆောင်ရွက်ရန် Banking Sector မှ စနစ်တကျ ဝင်ရောက်ဆောင်ရွက်ခြင်း၊ ၎င်းExchange များ၏ ကုန် လှောင်ရုံ (warehouse)များအတွင်း ပစ္စည်းလက်ခံခြင်း၊ ထား သိုခြင်း၊ ထုတ်ပေးခြင်းတို့အတွက် နိုင်ငံတကာစံမီစနစ်များချမှတ်၍ လက်တွေ့ဆောင်ရွက်ခြင်းစသည့်ဖြင့်ကဏ္ဍပေါင်းစုံမှအချိန်ယူ ဆောင် ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံအတွင်း နိုင်ငံတကာစံမီ Commodity Exchange များပေါ်ပေါက်ရန်ဖော်ဆောင်ရာ၌ ပုဂ္ဂလိက အကျိုး စီးပွားပေါ် အခြေခံသည် ပုဂ္ဂလိကကုမ္ပဏီ (Private Company) နှင့်အများပိုင်ကုမ္ပဏီ (Public Company) စသည့်အထိုင်များမှ ချဉ်း ကပ်ပုံဖော်ရန်မှာ အလှမ်းမမီဘဲ ခက်ခဲမည်ဟုမြင်မိပြီး၊ အမျိုးသား အကျိုးစီးပွားပေါ်အခြေခံသည့် ဥပဒေ ပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊ Commodity Exchange နှင့် ပတ်သက်သည့် ကျွမ်း ကျင်သူပြည်တွင်းပြည်ပပညာရှင်များပြည်တွင်းမှ ရိုးသား၍ ကိုယ်ကျိုး စီးပွား မမျှော်ကိုးဘဲ နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်လိုသူ ဝါရင့်ကုန်သည်ကြီးများပါဝင်သော အမျိုးသားအဆင့် အဖွဲ့အစည်း ကိုဖွဲ့စည်း၍ အမျိုးသား အကျိုးစီးပွား အထိုင်မှ ချဉ်းကပ်ပုံဖော်မှ သာလျှင် မိမိတို့ နိုင်ငံအတွင်း နိုင်ငံတကာ စံမီ Commodity Exchange များပေါ်ပေါက်သင့်တဲ့အချိန်ကာလတစ်ခုအတွင်း ခိုင်မာစွာ ပေါ်ထွန်းလာမည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါတယ်။