Main menu

Background

တန်ချိန် ၁၀၀၀ ကျော်ပို့တဲ့ ပဲတီစိမ်း

Sun, 01/06/2013 - 06:15 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တာကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၈၃၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး တန် ၁၀၀၀ ကျော်ကို တင်ပု့ိနိုင်ခဲ့သလို ကန်ဒေါ်လာ သုည  ဒသမ ၁၉၂ သန်းဖိုးရှိ ပဲတီစိမ်း (လုံးခြမ်း)  ၁၇၅ တန်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးစခန်းမှလည်း ပဲတီစိမ်းလုံးပြည့် ၁ တန်ခွဲကို ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းဖိုး တင်ပို့ခဲ့ပါ တယ်။ နယ်စပ်စခန်းအသီးသီးမှ ဒီဇင်ဘာလမှာ ပဲတီစိမ်းတန်ချိန် ၁၈၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်တစ်နှစ်လုံးမှာတော့ ပဲတီစိမ်းလုံးပြည့် တန်ချိန် ၄၇၀၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၃၄ ဒသမ ၃၀၃ သန်းဖိုးနဲ့ လုံးခြမ်း ၂၆၇၂ တန်ခန့်ကို ကန်ဒေါ်လာ ၄ ဒသမ ၃၃၈ သန်းဖိုးအပို့ရှိခဲ့ပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက်မြေပြင်ပေါက်ဈေး ကတော့ မိမိဘက်မှာ ပဲတီစိမ်း (အညာ) တစ်တန် ၆၈၅၉၅၈ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ ၈၁၄ ယွမ်ဖြစ်တယ်လို့ နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။                            မော်မော်အောင်၊MIRT (DOBT)