အောင်လံဈေးကွက်မှာ ဒီတစ်ပတ် သိပ္ပံနှမ်းကို ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၇၇၈ ကျပ်ဈေး နဲ့တစ်ရက်ကို အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ လတ်တလော ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ ပဲစင်း ငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ် နည်းပြီး မြို့ခံကုန်သည်များကသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၅၅ ကျပ်(တစ်တန် ကို ၅၂၃၅၉၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၇၀၀ ကြားဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်တွေက ဈေးကွက် မျှော်လင့်ချက်နဲ့ သိပ်မရောင်းကြသေးဘူးလို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂၅ ကျပ်(တစ်တန် ကို ၆၈၈၉၃၈ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background