လှုပ်ရှား ရှာဖွေ တားဆီးရေးအဖွဲ့ Mobile Team နဲ့ စခန်းထုတ်နုတ် အင်အားဖြင့် ရှာဖွေတားဆီးရေးအဖွဲ့ များနဲ့ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ လ ၃၁ ရက်အထိ ပညာပေး ကာလ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး တရား မဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်မှု ကိုတွေ့ရှိပါက ဖမ်းဆီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်ပစ္စည်းကို နိုင်ငံ တော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ယာဉ် မောင်းယာဉ်နောက်လိုက်များကို အရေး ယူခြင်း၊ ပစ္စည်းပိုင်ရှင် ဖော်ထုတ် အရေး ယူခြင်းအပြင် သိမ်းဆည်းတန်ဖိုးဟာ ယာဉ်တန်ဖိုးထက်ဝက်ထက်ကျော်ပါက ယာဉ်သိမ်းဆည်းခြင်းကို ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ ဒေသခံပြည်သူ များ နစ်နာမှုမရှိစေရေး လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ မော်တော်ယာဉ် ဂိတ်မှူး များကို ဖိတ်ကြားပြီး ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဒီဇင် ဘာလအတွက် ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ချပြရှင်း လင်းခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့က နိုင်ငံ တော်သမ္မတမှ အစိုးရဌာန အဖွဲ့အစည်း များရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး ပြော ကြားခဲ့တဲ့ မိန့်ခွန်းမှာ ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ၊ မတိုင်ပင်ဘဲ မိမိတို့ သဘောအလျှောက်ဆောင်ရွက် နေခြင်း၊ မိမိတို့ လုပ်ဆောင်မှုများ ကို ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှု မရှိခြင်း၊ ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ် ချက် တောင်းဆိုခြင်းများ အပေါ် တာဝန်ယူ ဖြေရှင်းပေးမှုမရှိခြင်း၊ ဥပဒေနဲ့ အညီ ဆောင်ရွက်မှုမရှိခြင်း ကြောင့် နောက်ဆက်တွဲ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း တို့ကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ ဒါကြောင့်လည်း ယခုကဲ့သို့ မိမိတို့ လုပ် ကိုင်မဲ့လုပ်ငန်းစဉ်များကို ပွင့်လင်း မြင် သာမှုရှိအောင် ချပြ ရှင်းလင်းခြင်း ဖြစ် ကြောင်းနဲ့ လုပ်ငန်းရှင်များ အနေနဲ့ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် ဖိတ်ခေါ်ပြောကြားမှုကို စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၀ - ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အောက်ရှိ ဒေသမှာ ကြံနဲ့ရော်ဘာ အဓိကထား အများဆုံး စိုက်ပျိုးလျက် ရှိတဲ့ ဟိုပန် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသိန်းဝင်းက ဟိုပန်၊ လားရှိုး မော်တော် ယာဉ်အသင်းအား ဖိတ်ကြားမှသာ Mobile Team အကြောင်းသိရှိရပြီး၊ ယာဉ်အသင်းများ မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် နောင်လာမဲ့ အစည်းအဝေးများမှာ ဝ-ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအစိုးရမှ တာဝန်ရှိသူများအားဖိတ်ကြားပြီး သိသင့်သိထိုက်တဲ့ကိစ္စများပြောကြားပေး စေလိုကြောင်းနဲ့ သို့မှသာဒေသရှိ မော် တော်ယာဉ်အသင်းလုပ်ငန်းရှင်များ သိရှိနားလည် သဘောပေါက်စေမယ်လို့ တင်ပြဆွေးနွေးခဲ့ပါတယ်။ တင်ပြချက်နဲ့ စပ်လျဉ်းပြီး စခန်းတာဝန်ခံက နောင် အစည်း အဝေးများမှ ဝ-ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တိုင်းမှတာဝန်ရှိသူများကို ဖိတ်ကြား ပေးသွားမယ်လို့ ပြန်လည် ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ Source: နကသ(ချင်းရွှေဟော်)၊CMK